Main menu

Background

အိန္ဒိယနဲ့ ဖိလစ်ပိုင်သို့ ပင်လယ်ရေကြောင်းမှ ပြောင်းတင်ပို့အားကောင်း

Wed, 01/16/2013 - 07:33 -- ydnar

၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်မှ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၅ ရက် အထိကာလအတွင်းမှာ ပင်လယ်ရေကြောင်းမှ အိန္ဒိယနဲ့ဖိလစ်ပိုင်နိုင်ငံများသို့ ကန် ဒေါ်လာ သုည ဒသမ ၃၇၂ သန်းတန်ဖိုးရှိ ပြောင်းတန်ချိန် ၁၃၂၉ တန်ကိုတင်ပို့ နိုင်ခဲ့ပါတယ်။ တင်ပို့တဲ့အရေအတွက်တွေကတော့ အိန္ဒိယနိုင်ငံသို့ ၅၀၄ တန်နဲ့ ဖိလစ်ပိုင်နိုင်ငံသို့ ၈၂၅ တန်ဖြစ်ပါတယ်။ ယခင်အပတ်က ပင်လယ်ရေကြောင်း တင်ပို့မှုမရှိဘဲ ယခုအပတ်မှာတော့ တင်ပို့မှု ပြန်ေ ဆာင်ရွက်နိုင်တာ တွေ့ရပါတယ်။ ယခုအပတ်ပြောင်း FOB ပေါက်ဈေးမှာ တစ်တန်လျှင် ဒေါ်လာ ၂၈၀ ဖြစ်ပါတယ်။ MIRT (DOBT)