Main menu

Background

မူဆယ်နယ်စပ်မှ သကြား တန် ၈၀၀ ကျော် တင်ပို့

Wed, 01/16/2013 - 07:38 -- ydnar

မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်စခန်းမှ ဇန်နဝါရီ ၂ ရက်မှ ၈ ရက်အထိ ကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၅၀၁ သန်းတန်ဖိုးရှိ သကြားညို ၆၉၀ တန်ကျော်နဲ့ သကြားဖြူ ၁၆၇ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ် တင်ပို့မှုထက်ယခုအပတ်မှာ ၇၁၁ တန်ကျော်လျော့နည်း တင် ပို့ခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ် စခန်းများမှ တင်ပို့ခဲ့ သော်လည်း ယခုအပတ်မှာ မူဆယ်နယ်စပ်တစ်ခုတည်းမှသာ တင်ပို့ခဲ့တယ် လို့ သတင်းရရှိပါတယ်။ MIRT (DOBT)