၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်မှ ၂၀၁၃ ခုနှစ်ဇန်နဝါရီလ ၅ ရက်အထိကာလအတွင်းမှာ ပင်လယ်ရေကြောင်းမှ မလေးရှားနဲ့ တရုတ်နိုင်ငံများသို့ ကန်ဒေါ်လာ ၁ ဒသမ ၆၄၁ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၅၈၁ တန်ကျော်ကို တင်ပို့ နိုင်ခဲ့ပါတယ်။ အဆိုပါ ၅၈၁ တန်ကျော်ကို နိုင်ငံအလိုက်တင်ပို့နိုင်မှုတွေကတော့ မလေးရှားနိုင်ငံသို့ RSS-3 တန် ၁၂၀ နဲ့ RSS-1 ၅၈ တန်ကျော်ဖြစ်ပြီး တရုတ်နိုင်ငံသို့ MSR-20 ၄၀၃ တန်ကျော် ဖြစ်ပါ တယ်၊ နိုင်ငံတကာရော်ဘာပေါက်ဈေးများမှာ ယခင်အပတ်ကထက် ၁ တန်လျှင်ဒေါ်လာ ၈၀ ခန့်ဈေးတက် သွားပါတယ်။မိမိတို့ FOB ရော်ဘာပေါက်ဈေးများလည်း ယခင် အပတ်ထက်ဒေါ်လာ ၅၀ ခန့်ဈေးတက်သွားပါတယ်။ ဒါကြောင့် ယခုအပတ်မှာ RSS-1 တစ်တန်လျှင်ဒေါ်လာ ၃၀၀၀-၃၁၀၀၊ MSR-10 တစ်တန်လျှင် ဒေါ်လာ ၂၉၅၀-၃၀၅၀၊RSS-3 နဲ့ MSR-20 တစ်တန်လျှင်ဒေါ်လာ ၂၉၀၀-၃၀၀၀၊RSS-5 နဲ့ MSR-50 တစ်တန်လျှင်ဒေါ်လာ ၂၈၀၀-၂၉၀၀၊Crepe Rubber တစ်တန်လျှင်ဒေါ်လာ ၂၇၀၀-၂၈၀၀ ဖြစ်ကြော င်း မြန်မာ နိုင်ငံရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများနဲ့ တင်ပို့သူများအသင်း ကထုတ်ပြန်ထား ပါတယ်။MIRT (DOBT)
Background