Main menu

Background

မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ရော်ဘာအဆင့်စုံ တန်ချိန် ၂၀၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့

Wed, 01/16/2013 - 07:40 -- ydnar

ဇန်နဝါရီလ ၂ ရက်နေ့မှ ၈ ရက်နေ့ထိကာလအတွင်းမှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေး စခန်းမှ ကန်ဒေါ်လာ၂ ဒသမ ၈၉၇ သန်း တန်ဖိုးရှိ ရော်ဘာအဆင့်စုံတန်ချိန် ၁၀၄၀ ကျော်တင်ပို့နိုင်ခဲ့ပါတယ်။  ယခင်အပတ်က တန်ချိန် ၈၃၀ ကျော်သာတင်ပို့ခဲ့တာမို့ ယခုအပတ်မှာ တန်ချိန် ၂၀၀ ကျော်ပိုမို တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ စခန်းအလိုက် တင်ပို့နိုင်မှုတွေကတော့ မူဆယ် ၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၀၇၀ သန်းဖိုးရှိRSS-1 ၂၃ တန်ကျော်၊ ကန်ဒေါ်လာ ၁ ဒသမ ၂၄၁ သန်းဖိုးရှိ RSS-3၄၄၈ တန် ကျော်၊ ကန်ဒေါ်လာ သုည ဒသမ ၁၁၆ သန်းဖိုး ရှိ  MSR-20 ၃၂ တန်ခန့်၊ ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၁ ဒသမ ၀၇၃ သန်းဖိုးရှိRSS-3 ၃၉၀ တန်ခန့်နဲ့ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေး စခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၃၁၂ သန်းဖိုးရှိ ရော်ဘာအဆင့်စုံ ၁၀၇ တန်ကျော် အသီးသီးတင်ပို့နိုင်ခဲ့ပါတယ်။ မိမိဘက်ရော တစ်ဖက်နိုင်ငံမှာပါRSS-3 ရော်ဘာဈေး အနည်းငယ်ကျနေပြီး RSS-5 ဈေး ပြောင်းလဲမှု မရှိတာကိုတွေ့ရပါတယ်။မိမိဘက်နဲ့တစ်ဖက်နိုင်ငံမြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်- မိမိဘက်(ကျပ်/တန်)                    တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)            ယခု          ယခင်     ပြောင်းလဲမှု    %     ယခု      ယခင်    ပြောင်းလဲမှု    %RSS - 3    ၂၅၄၄၉၇၅    ၂၅၇၀၄၀၀    ၂၅၇၂၅        ၁    ၂၉၆၉     ၃၀၈၁        ၁၁၂         ၄RSS - 5    ၂၅၀၂၄၀၀    ၂၅၀၂၄၀၀         -            -     ၃၀၀၁    ၃၀၀၁            -           -MIRT (DOBT)