Main menu

Background

ကြံစိုက်တောင်သူများအတွက် သတင်းကောင်း

Wed, 01/16/2013 - 07:44 -- ydnar

မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်နယ်စပ် ကုန် သွယ်ရေးစခန်းမှ ဇန်နဝါရီလ ၂ ရက်နေ့မှ ၈ ရက်ထိ ကာလ အတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၂၂၄ သန်းတန်ဖိုးရှိ ကြံတန်ချိန် ၅၄၈၀ ကို တစ်ဖက်နိုင်ငံသို့ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ချင်းရွှေဟော်နဲ့ လွယ်ဂျယ်စခန်းမှ တန်ချိန် ၂၃၀၀ သာ တင်ပို့ခဲ့တဲ့အတွက် ယခုအပတ်မှာ တန်ချိန် ၃၀၀၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။ ယခင်အပတ်က လွယ်ဂျယ်စခန်းမှ ကြံအပို့ရှိသော်လည်း ယခုအပတ်မှာေ တာ့ တင်ပို့နိုင်မှုမရှိခဲ့ပါဘူး။ ချင်းရွှေဟော်စခန်းတစ်ခုတည်းမှ ယခင်အပတ် က တန်ချိန်  ၁၇၀၀ တင်ပို့ခဲ့ပြီး ယခုအပတ်မှာ တန်ချိန် ၅၄၈၀ တင်ပို့ခဲ့တဲ့အတွက် တန်ချိန် ၃၇၈၀ ပိုမို တင်ပို့နိုင်လာခဲ့တာကြောင့် ကြံစိုက်တောင် သူများဝမ်းသာနေ ကြတယ်လို့ သိရပါတယ်။MIRT (DOBT)