Main menu

Background

မြို့ပြပတ်ဝန်းကျင်နှင့် ဆူညံသံ အနှောင့်အယှက်

Wed, 01/16/2013 - 07:49 -- ydnar

ပေကျင်းမြို့ မြူနီစပါယ် ပတ်ဝန်းကျင်ထိန်း သိမ်းရေးဗျူရိုရဲ့ အဆိုအရ ပေကျင်းမြို့ ပတ်ဝန်း ကျင်မှာဖြစ်ပေါ်နေတဲ့ ဆူညံသံအနှောင့်အယှက် အဆင့် (Community's noise Level)  ဟာ နေ့အချိန်မှာ ၇၅ ဒသမ ၃ ဒီစဘယ်(လ်)  (decibels) ရှိပြီး ညအချိန်မှာ ၇၆ ဒသမ ၁ ဒီစတာ ဘယ်(လ်)ရှိတယ်လို့သိရပါတယ်။ အဲဒီကိန်းဂဏန်း တွေဟာ ဆူညံသံ အနှောင့်အယှက် မရှိသင့်တဲ့ဒေ သတွေဖြစ်တဲ့ ဆေးရုံတွေ၊ ကျောင်းတွေ၊ သုတေ သနဌာနတွေနဲ့ လမ်းမကြီး ပတ်ဝန်းကျင်မှာရှိတဲ့ လူနေအိမ်တွေအတွက် သတ်မှတ်ထားတဲ့ နေ့ အချိန် ဆူညံသံအဆင့် ၇၀ ဒီစဘယ်(လ်) နဲ့  ည အချိန် ၅၅ ဒီစဘယ်(လ်)တို့ထက် ပိုများနေပါ တယ်။ ညအချိန်ပိုမိုဆူညံစေတဲ့ အကြောင်းရင်း ကတော့ အဝေးပြေးလမ်းတွေက ကြီးမားတဲ့ ကုန် တင်ကားတွေ မြို့တွင်းကိုပိုဝင်လာလို့ ဖြစ်ပါတယ်။

ကျယ်လောင်တဲ့ ဆူညံသံတွေဟာ လူတွေရဲ့ အကြားအာရုံတွေကို ချို့ယွင်းစေတဲ့အပြင် နားနဲ့ ပတ်သက် တဲ့ ရောဂါတွေ၊ အကြားအာရုံစွမ်းရည် နိမ့်ကျစေတဲ့ ရောဂါတွေနဲ့ စိတ်ညစ်ညမ်းမှုဝေဒနာ တွေ ခံစားစေပါတယ်။ တရုတ်နိုင်ငံ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ဆူညံသံ အနှောင့်အယှက် ကာကွယ်ရေးနဲ့ ထိန်းသိမ်းရေး အစီရင်ခံစာအရ တရုတ်နိုင်ငံမှာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ပတ်သက်ပြီး တိုင်ကြားတဲ့ ဒုတိယ အများဆုံးလက်ခံရရှိတဲ့ကိစ္စဟာ ဆူညံသံ အနှောင့် အယှက်တွေကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ တိုင်ကြားစာ ၁၀၀ မှာ ပတ်ဝန်းကျင် ဆူညံစေမှု ကြောင့် တိုင်စာက ၃၆ စောင်လောက် ပါရှိနေ ပါတယ်။၂၀၁၀ ခုနှစ်က ညအချိန် မြို့တွင်းလမ်းတွေ မှာရှိရမယ့် ဆူညံသံအဆင့်ကိုမီတဲ့ လမ်းအပိုင်းဟာ ၃၇ ရာခိုင်နှုန်းလောက်ပဲရှိခဲ့တယ်လို့ သိရပါတယ်။ ယခုအခါ ပေကျင်းမြို့ကြီးရဲ့ လမ်းမကြီးပေါ်တွေ မှာ မော်တော်ယာဉ်ဦးရေဟာ အလွန်များပြားလာတဲ့ အပြင် မကြာခဏ လေယာဉ်ကြီးတွေ ပျံသန်းမှု တွေလည်း ရှိလာတဲ့အတွက်  ဆူညံသံအဆင့်ဟာ ပိုပြီး  မြင့်မားလာနေပါတယ်။  အဲဒီယာဉ်တွေ အဆက်မပြတ် သွားလာ မှုကြောင့် လမ်းရဲ့ ဝဲ/ယာမှာရှိတဲ့ လူနေအိမ်တွေကို အနှောင့်အယှက် ဖြစ်စေပါ တယ်။ ပေကျင်းမြို့မှာ ကိုယ်ပိုင်မော်တော် ယာဉ်စီးရေဟာ ၅ သန်းကျော် ရှိတဲ့အတွက် ကား လမ်းတွေပေါ်မှာကားေ တွ ပြွတ်ကျပ် လာပါတယ်။ ဒါကြောင့် ပေကျင်းမြို့လမ်းမကြီးတွေတစ်လျှောက် မှာတည်ရှိတဲ့ လူနေအိမ်ပေါင်း တစ်သန်းလောက် ဟာ အဲဒီမော်တော်ကားတွေရဲ့ ဆူညံသံဒဏ်ကို နေ့စဉ် ခံနေကြရပါတယ်။၂၀၀၈ ခုနှစ်နောက်ပိုင်း  မော်တော်ကား လမ်းမကြီး ပတ်ဝန်းကျင်မှာနေထိုင်ကြတဲ့ အိမ်ပိုင် ရှင်တွေဟာ မော်တော် ကား ဆူညံသံတွေနဲ့ပတ် သက်ပြီး ပိုမိုတိုင်ကြားလာကြပါ တယ်။ နောက်ပိုင်း ဆောက်လုပ်လာတဲ့ လူနေအိမ်တွေမှာ  လမ်းမ ကြီးကိုမျက်နှာမူတဲ့ တိုက်ခန်းတွေ ရဲ့ ပြတင်းပေါက် တွေကို အသံလုံအောင်   ပြုလုပ်ေ ပးလာကြရပါ တယ်။ အဝေးပြေးကားလမ်မကြီးတစ်လျှောက်မှာ ရှိတဲ့ လူနေအိမ်တွေကို ဆူညံသံတွေ ထိန်းချုပ်နိုင် တဲ့ အရံအတားပစ္စည်း၊ ကိရိယာတွေ တပ်ဆင်ကြဖို့ ပေကျင်း မြူနီစပယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဗျူရိုက မေတ္တာရပ်ခံခဲ့ပေမယ့် ဆောက်လုပ်ပြီး လူ နေအိမ်အတော်များများမှာ အဲဒီပစ္စည်း ကိရိယာ တွေတပ်ဆင်ဖို့ နေရာမရှိတဲ့အ တွက် ဆောင်ရွက် နိုင်ခြင်းမရှိတာ စစ်ဆေးတွေ့ရှိရတယ်လို့  ဆိုပါ တယ်။ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက တော့ မော်တော်ယာဉ် သွားလာရေးလုပ်ငန်းက ဖြစ်ပေါ်လာတဲ့ ဆူညံသံတွေကို ရေရှည်စီမံကိန်း ရေးဆွဲပြီး လမ်းမြေပြင် တုန်ခါမှုနဲ့ ယာဉ်သွား လာမှုက ထွက်ရှိလာတဲ့ ဆူညံသံတွေကိုထိန်းချုပ် ဖို့ ထည့်သွင်းစဉ်းစားဆောင်ရွက်ကြဖို့ တိုက်တွန်း ထားပါတယ်။ ဒါမှသာ ဆူညံသံလုံတဲ့ ဆူညံသံ တွေကို ကာကွယ်နိုင်တဲ့စနစ်တွေကို ထိရောက်စွာ အသုံးပြုနိုင်ပြီး  လူနေအိမ်တွေကိုလည်း နေရာ တကျ တည်ဆောက်လာနိုင်စရာ ရှိပါတယ်။ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနရဲ့ စာရင်းဇယားတွေအရ ၂၀၀၅ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အတွင်း ပေကျင်းမြို့တော်မှာ မော်တော်ယာဉ် တွေကြောင့် ဖြစ်ပေါ်နေတဲ့ ဆူညံသံတွေကို ထိန်း ချုပ်ဖို့ ယွမ်ငွေ သန်း ၁၈၀ ကျော် ရင်းနှီးမြှုပ်နှံပြီး ဆောင်ရွက်ခဲ့တဲ့အတွက် အဲဒီနှောင့်ယှက်မှုတွေက လူဦးရေ တစ်သိန်းေ ကျာ် ကင်းဝေးခဲ့ရတယ်လို့ သိ ရပါတယ်။ လွန်ခဲ့တဲ့ နှစ်ဧပြီလ ၁ ရက်နေ့ ကစပြီး ပေကျင်း မြို့ မော်တော်ကားလမ်းတွေမှာ ရှိရမယ့် ဆူညံသံနဲ့  လမ်းတုန်ခါမှုကို စံနှုန်းသတ်မှတ်ပြီး ထုတ်ပြန်ကြေညာခဲ့ ပါတယ်။ အထူးသဖြင့် ကား လမ်းမကြီးတွေဘေး မီတာ ၅၀ အတွင်းမှာ ရှိတဲ့ ဆေးရုံတွေ၊ ကျောင်းတွေကို ကာကွယ်ပေးဖို့ ရည် ရွယ်ပါတယ်။ အသစ်ဖောက်လုပ်တဲ့  လမ်းမကြီး တွေရဲ့  ပတ်ဝန်းကျင်မှာရှိတဲ့ လူနေအိမ်တွေကို လည်း ဆူညံသံနဲ့ လမ်းမြေတုန်ခါမှုဒဏ်တွေကို ခံနိုင်တဲ့ ပစ္စည်းကိရိယာတွေ ထည့်သွင်းပုံစံေ ရးဆွဲ ပြီးမှ ဆောက်လုပ်ဖို့လိုအပ်တယ်လို့ သိရကြောင်း ပါခင်ဗျား။               Ref:bijreview.com