Main menu

Background

မြို့သာစက်မှုဥယျာဉ်မြို့ စီမံကိန်းအများပိုင် ကုမ္ပဏီဖွဲ့ပြီး အစုရှယ်ယာများကို ဖေဖော်ဝါရီပထမပတ်အတွင်း စတင်ရောင်းချပေးမယ်

Wed, 01/16/2013 - 08:25 -- ydnar

မန္တလေး-မြို့သာ စက်မှုဥယျာဉ်မြို့စီမံကိန်းအများပိုင်ကုမ္ပဏီဖွဲ့ပြီး၊ အစုရှယ် ယာများကို ဖေဖော်ဝါရီလ ပထမပတ်အတွင်း စတင်ရောင်းချပေးမှာဖြစ်ကြောင်း၊ တော်ဝင်အဆင့်မြင့်ကုမ္ပဏီ RHGC ဥက္ကဋ္ဌ ဦးအောင်ဝင်းခိုင်က စီမံကိန်း စာချုပ် ချုပ်ဆိုပွဲမှာ ပြောပါတယ်။

"ROYAL  HI- Tech  Group  Company(RHGC)  ကို အများပိုင်ကုမ္ပဏီ အဖြစ် ဖွဲ့စည်းနေပြီဖြစ်ပါတယ်။ အများပိုင်ကုမ္ပဏီဖြစ်ပြီးချိန်နဲ့ မြန်မာနိုင်ငံကို (Stock  &  Share) ဈေးကွက်ဝင်လာတဲ့အချိန် အံဝင်ခွင်ကျဖြစ်လာရင် အစု ရှယ်ယာတွေ အဆပေါင်းများစွာ တန်ဖိုးမြင့်တက်လာနိုင်တယ်။ မိမိရဲ့အစုရှယ်ယာ Certificate ကို အချင်းချင်းသဘောတူညီမှုဈေးနဲ့ ရောင်းဝယ်နိုင်တဲ့အပြင် ဘဏ် များမှာလည်း ပေါင်နှံနိုင်ပါတယ်။ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ (MIDA) ရဲ့ အကျိုးအမြတ်များကို အစုရှယ်ယာအနေနဲ့ ထပ်မံပါဝင်စေပြီး ရင်းနှီးမြှုပ်နှံမှုကို ပြုလုပ်နိုင်ပါတယ်"လို့ ဦးအောင်ဝင်းခိုင်က စီမံကိန်းစာချုပ်ချုပ်ဆိုပွဲမှာ ပြောပါတယ်။အဆိုပါ စီမံကိန်း အစုရှယ်ယာများကို ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အနေနဲ့ လည်းကောင်း၊ အဖွဲ့အစည်းအနေနဲ့ လည်းကောင်း ပါဝင်နိုင်ပါတယ်။ ၂၀၁၃ ခုနှစ် ဇန်နဝါရီ ၆ ရက်မှာ ဆီမီးခုံဆိပ်ကမ်းနဲ့ မြို့သာစက်မှုဥယျာဉ်မြို့ ဆက်သွယ်တဲ့ လမ်းသစ်ကို စတင်ဖောက်လုပ်နေပြီး ရေရရှိရေးဆိုင်ရာ လိုအပ်ချက်မျာကို ဖြည့် ဆည်းဆောင်ရွက်ဖို့ စီမံလျက်ရှိကြောင်း၊ အစုရှယ်ယာတစ်ခု ရောင်းချမယ့် တန်ဖိုး ကို ပြောကြားခြင်းမရှိသေးဘဲ စီစဉ်နေဆဲဖြစ်ကြောင်း သိရပါတယ်။ဇူးဇူး-မန္တလေး