မန္တလေးမြို့တော်အတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပိုမိုကောင်းမွန်စေရေးနဲ့ ယာဉ်တိုက်မှုလျော့နည်း ကျဆင်းရေးအတွက် မီးပွိုင့်များ တွင် CCTV ကင်မရာများ တပ်ဆင်သွားမှာဖြစ်ကြောင်း၊ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ယခုလတွင် ၇၈ လမ်းနဲ့ ၃၅ လမ်းထောင့် မီးပွိုင့်တွင် CCTV ကင်မရာစတင်တပ်ဆင်ပြီးဖြစ်ပါတယ်။ ယခင်က တပ်ဆင်ထားတဲ့ ၇၃ လမ်းနဲ့ ၂၆ လမ်းထောင့် မီးပွိုင့်ရှိ CCTV ကင်မရာအား Maintainess ပြုလုပ် ပြီး ပြန်လည်တပ်ဆင်ထားမယ်လို့ သိရပါတယ်။ CCTV ကင်မရာတပ်ဆင်ပြီး ယာဉ်စည်းကမ်း များမှတ်တမ်းပြုလုပ်ပြီး ပထမအဆင့်ပညာပေးပြီး ခေါ်ယူတွေ့ဆုံခြင်းများ ပြုလုပ်မှာဖြစ်ကြောင်း၊ မီးပွိုင့်များမှာ ဆက်လက်တပ်ဆင် သွားမှာဖြစ်ကြောင်း သိရပါတယ်။ ယာဉ်အန္တရာယ် ကင်းရှင်းရေးနဲ့ ပတ်သက်ပြီး အချက်ပြမီးများ တပ်ဆင်ခြင်းများ လည်း ပြုလုပ်ထားပြီး၊ အဆိုပါမီးလုံးများအား ဖျက်ဆီးခြင်းအား အရေးယူဆောင်ရွက် ထားခြင်းကြောင့် ဖျက်ဆီးမှုှုလျော့နည်းလာကြောင်း သိရပါတယ်။ မန္တလေးကျုံးလမ်းတွင် ကားများ အရှိန်လျှော့မောင်းရန်နဲ့ မော်တော်ဆိုင်ကယ်များ ဝဲဘက်တွင် စီးနင်းခြင်းမပြုလုပ်ရန် အများပြည်သူ သိရှိနိုင်မည့် စတစ်ကာပုံကိုကပ်၍ ပညာပေးဆောင်ရွက်လျက်ရှိကြောင်း အထက်ပါပုဂ္ဂိုလ် က ပြောပါ တယ်။ ဇူးဇူး- မန္တလေး
