Main menu

Background

မန်းစာပေအနုပညာရှင်နဲ့ သတင်းသမားများရဲ့ ငလျင်ရန်ပုံငွေများကို ပညာရေးနဲ့ပတ်သက်တဲ့ လှူဒါန်းမှု ပြုလုပ်မယ်

Wed, 01/16/2013 - 08:25 -- ydnar

ငလျင်ဘေးဒဏ်သင့် ပြည်သူများ အတွက် စာပေ၊ အနုပညာရှင်များနဲ့ သတင်းသမားများ စုပေါင်းပြီး၊ ရန်ပုံငွေ ဂီတပွဲတော် ပြုလုပ်ခဲ့ရာ အလှူငွေ ကျပ်သိန်း ၂၃၀ ခန့်၊ ဆန်အိတ် ၂၀၀ ပိုင်း၊ ပုဆိုးနဲ့ လုံချည် ၁၀၀ ခန့် ရရှိ ကြောင်း သိရပါတယ်။

အဆိုပါ ရန်ပုံငွေ ဂီတပွဲတော်ကို ဇန်န ဝါရီ ၅ ရက်ညနေက မန္တလေးအမျိုး သားကဇာတ်ရုံ မှာ ပြုလုပ်ခဲ့ပါတယ်။ ဖျော်ဖြေပွဲမှာ မန္တလေးမြို့စာနယ်ဇင်း သမားများက"မနက်ဖြန်မိုးသောက်လေ သောအခါ သီချင်းနဲ့ အနတ္တကျေးဇူး တော်ရှင်ပြဇာတ်တို့နဲ့ ဖျော်ဖြေပြီး၊ မြို့မ တီးဝိုင်းနဲ့အတူ ဝင်းဝင်းအောင်၊ တင် မောင်ဝင်း၊ မျိုးမျိုး၊ သန်းထိုက်စိုး၊ အေး စိုးထိုက်၊ လွင်ဦး၊ ရီရီခင်၊ ချောစုလင်း၊ ဇော်မျိုးထက်စတဲ့ မြို့မပင်တိုင် အဆို ရှင်များ၊ သန်းမြတ်စိုး၊ စိုးထက်၊ အိအိ ချွန်၊ ဖိုးသောကြာ၊ စိုးစန္ဒာထွန်းတို့က မေတ္တာနဲ့ ပါဝင်သီဆို ဖျော်ဖြေပေးခဲ့ ကြပြီး၊ ပွဲတိုင်းကျော်အဖွဲ့ရဲ့ ဧရာဝတီမြစ် အကြောင်း ဖော်ကျူးထားတဲ့ ကဇာတ် များ၊ လူရွှင်တော် ဦးချစ်စရာ၊ ဦးထင် ပေါ်၊ ဦးပေါစိန်၊ သာလောင်၊ ချိုတူးတို့ ဦးဆောင်တဲ့ အငြိမ့်ခန်းများကို မေတ္တာနဲ့ ဖျော်ဖြေပေးခဲ့ကြပါတယ်။ရန်ပုံငွေဂီတပွဲတော်မှရရှိတဲ့ အလှူ ငွေကျပ်သိန်း ၂၃၀ ခန့်ကို စဉ့်ကူးမြို့ နယ်နဲ့ သပိတ်ကျင်းမြို့နယ်မှ ပညာရေး နဲ့ ပတ်သက်တဲ့ လှူဒါန်းမှုပြုလုပ်သွား မှာဖြစ်ကြောင်း သိရပါတယ်။    ဇူးဇူး-မန္တလေး