Main menu

Background

ပင်လယ်ရေကြောင်း ကုန်သွယ်မှုကဏ္ဍ

Wed, 01/16/2013 - 08:31 -- ydnar

 
ဆေးရွက်ကြီးပင်များသည်  မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် ပူပြင်းသောဒေသများတွင် စိုက် ပျိုးဖြစ်ထွန်းကြ သည်။ ဆေးရွက်ကြီးပင်သည် ခြုံပင် အမျိုးအစားဖြစ်ကြောင်း သိရသည်။

ဆေးရွက်ကြီးပင်များသည် မြန်မာနိုင်ငံသို့ အိန္ဒိယမှတစ်ဆင့် ဝင်ရောက်လာပြီး ရောက်ရှိစက ပင် ဆေးပင် ဟု ခေါ်ဝေါ်သမုတ်ကြပါသည်။ ဆေး ရွက်ကြီးကို စီးကရက်၊ ဆေးပေါ့လိပ်၊ ဆေးပြင်း လိပ်၊ ဆေးတံနှင့် ကွမ်းယာစားသုံးရာတွင် အသုံးပြု ကြသည်။ ဆေးရွက်ကြီးတွင် နီကိုတင်းခေါ် ကတ္တ ရာဆေးဓာတ်များစွာပါရှိ၍ မူးယစ် ထုံထိုင်းစေ တတ်သည်။ ဆေးရွက်ကြီးအား မြန်မာတိုင်းရင်း ဆေးအလိုအရ  သွားကိုက်၊ သွားနာရောဂါတွင် ဆေးရွက်ကြီး နှစ်ဆနှင့် ငရုတ်ကောင်း တစ်ဆ ကိုရောစပ်ပြီး သွားတိုက်ပေးခြင်းဖြင့် သွားတွင်းရှိ ပိုးများသေစေပြီး သွားကိုက်သွားနာ ဝေဒနာကို ပျောက်ကင်းစေပါသည်။  မြန်မာတိုင်းရင်းဆေး ဥတုဘောဇနကျမ်းတွင် ဆေးရွက်ကြီး၏ဂုဏ်သတ္တိ များမှာ သည်းခြေနာ၊ မူးဝေနာ၊ ပထဝီဓာတ်များကို ကြွစေသည်။ ဝမ်းဗိုက်တင်းရောင်ခြင်း၊ သွားပုပ် ခြင်း၊ အရေပြားရောဂါ၊ ကင်းမြီးကောက်အဆိပ်တို့ ကို ပယ်ဖျောက်နိုင်ခြင်း စသည့်ဂုဏ်နှင့် စွမ်းရည် ရှိပါသည်။ ဆေးရွက်ကြီးသည် ပိုးသေစေသော ဆေးဝါးအာနိသင်နှင့် အနာကို ကျက်စေတတ် သော အာနိသင်ရှိသောကြောင့် ထိခိုက်ရှနာဖြစ် ခြင်း၊ ဒဏ်ရာရခြင်းတို့တွင် ဆေးရွက်ကြီးကို ကပ် ပေးခြင်း၊ ဆေးရွက်ကြီးပြုတ်ရည်နှင့် အနာကို ဆေးကြောပေးပါက အနာသန့်ရှင်းစင်ကြယ်စေ ပြီး အနာအကျက်မြန်စေသည်။ ဆေးရွက်ကြီးသုံးစွဲမှု လွန်ကဲပါက နီကိုတင်း ဓာတ်ကြောင့် အဆိပ်သင့်မှုဖြစ်စေပြီး၊ ကင်ဆာ ရောဂါများ ကျရောက်စေတတ်ပါသည်။  ထို့ပြင် ဆေးရွက်ကြီးဖြင့်ပြုလုပ်သော ပစ္စည်းများကိုသုံးစွဲပါ က ၎င်းင်းမှထွက်ရှိသော အငွေ့တို့က လေထုညစ် ညမ်းမှုဖြစ်စေကာ ပတ်ဝန်းကျင်ရှိ လူများအား အန္တရာယ်ဖြစ်စေပါ သည်။  ဆေးရွ က်ကြီးသည် အသုံးပြုမှုအပေါ်မူတည်ပြီး အကျိုးသက်ရောက်မှု ကွဲပြားစေနိုင်ပါ သည်။ မြန်မာနိုင်ငံ မှ  ဆေးရွက် ကြီးအား ပို့ကုန်တစ်မျိုးအနေဖြင့် ပြည်ပနိုင်ငံများ သို့  ပင်လယ်ရေကြောင်းမှ  တင်ပို့လျက်ရှိရာ ၂၀၁၀-၁၁ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၆၀၀၀ နီးပါးခန့်၊၂၀၁၁-၁၂ ဘဏ္ဍာနှစ်တွင် အမေ ရိကန်ဒေါ်လာ ၈၀၀၀ ကျော်ခန့်နှင့် ၂၀၁၂-၁၃ ဘဏ္ဍာနှစ် (ဒီဇင်ဘာလထိ) အမေရိကန်ဒေါ်လာ ၉၀၀၀ နီးပါး တင်ပို့ခဲ့ကြောင်း သိရှိရပါသည်။ တင်ပို့သည့်နိုင်ငံများမှာ မလေးရှားနိုင်ငံနှင့် UAE နိုင်ငံတို့ဖြစ်ပြီး၊ အဓိကထား တင်ပို့ခဲ့သော နိုင်ငံမှာ မလေးရှားနိုင်ငံဖြစ်ကြောင်း တွေ့ရှိရပါ သည်။ ကာလတူနှိုင်းယှဉ်ကြည့်သည့်အခါ  နှစ်စဉ် ပို့ကုန်အနေဖြင့် တိုးတက်လာသည်ကို တွေ့ရှိရပါ သည်။ ဈေးကွက်စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာပြီး ကုန်ထုတ်စွမ်းအား မြင့်မားလာပါက ဆေးရွက်ကြီး ပို့ကုန်လုပ်ငန်းမှ လည်း စိုက်ပျိုးထုတ်လုပ်သူတောင် သူလယ်သမားနှင့် နိုင်ငံတော်အတွက် တစ်ထောင့် တစ်နေရာမှ နိုင်ငံခြားဝင်ငွေ ရှာဖွေပေးနိုင်သော ပို့ကုန်လုပ်ငန်းတစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း ရေး သားတင်ပြအပ်ပါသည်။    မသီတာ(စီမံကိန်း)