Main menu

Background

လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုးသတ်ဆေးဥပဒေ၊ မြေသြဇာဥပဒေတို့နဲ့အညီ သိရှိလိုက်နာသင့်တဲ့ အချက်အလက်များ ရှင်းလင်းဆွေးနွေး

Wed, 01/16/2013 - 08:33 -- ydnar

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့မှာ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက် ရေးအတွက် ပိုးသတ်ဆေး ဥပဒေ၊ မြေသြဇာ ဥပဒေတို့နဲ့အညီ သိရှိ လိုက်နာသင့်တဲ့ အချက်အလက်များ ရှင်းလင်းဆွေးနွေးပွဲ အခမ်း အနားကို ၂၀၁၃ ခုနှစ် ဇန်နဝါရီ ၈ ရက် နံနက်ပိုင်းမှာ သီရိခေတ္တရာ ရတနာမြို့တော်ခန်းမမှာ ကျင်းပပြုလုပ်ခဲ့ရာ လွှတ်တော် ကိုယ်စား လှယ်များ၊ တိုင်းအဆင့်၊ ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ စိုက်ပျိုးရေး ဆေးကုမ္ပဏီများမှ တာဝန်ရှိ သူများ၊ ဆန်စပါး၊ ပဲအထူးပြုကုမ္ပဏီများမှ တာဝန်ရှိသူများ၊ စီးပွား ရေးလုပ်ငန်း ရှင်များ၊ ပြည်ခရိုင်အတွင်းမှ တောင်သူကိုယ်စားလှယ် များ၊ မြန်မာ့စိုက်ပျိုးရေးမှ ဝန်ထမ်းများနဲ့ လယ်ယာထွက်ကုန်မှ TPIS ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတော်မှ ၁၉၉၀ ခုနှစ်၊ မေလ ၁၁ ရက်နေ့မှာ ပိုးသတ်ဆေး ဥပဒေ (Pesticide  Law) အားလည်းကောင်း၊ ၂၀၀၂ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှာ မြေသြဇာဥပဒေ (Fertilizer  Law) အားလည်းကောင်း ပြဋ္ဌာန်းခဲ့ပြီး ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ပြည် ခရိုင်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ၊ လယ်ယာလုပ်ငန်း လုပ်ကိုင် နေကြတဲ့ တောင်သူများနဲ့ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ် ငန်းများနဲ့သက်ဆိုင်တဲ့ ဌာနဆိုင်ရာဝန်ထမ်းများအား အဆိုပါ ပိုး သတ်ဆေးဥပဒေ၊ မြေသြဇာဥပဒေတို့နဲ့အညီ သိရှိလိုက်နာသင့်တဲ့ အချက်အလက်များကို ပညာရှင်များမှ ရှင်းလင်းဆွေးနွေးခဲ့ကြပြီး၊ တက်ရောက်လာသူများနဲ့ စိုက်ပျိုးရေးဆေးကုမ္ပဏီများမှ ပညာရှင် များ အပြန်အလှန်ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ အိဆွေဇင်