Main menu

Background

ဧရာပုသိမ်ဆန် စပါးအထူးပြုကုမ္ပဏီမှ အထွက်တိုး ရွှေလရောင်စပ်မျိုးစပါး ရိတ်သိမ်း

Wed, 01/16/2013 - 08:33 -- ydnar

ပုသိမ်မြို့နယ်၊ တွန်ပလွန်ကျေးရွာမှာ ဧရာပုသိမ်ဆန်စပါး အထူးပြုကုမ္ပဏီနဲ့ တရုတ်နိုင်ငံ China  Yunan  royincial  Oversea  Investment  Co.,Ltd(Y.O.I.C)  ကုမ္ပဏီတိ့ု ပူးပေါင်း စိုက်ပျိုးတဲ့ ရွှေလရောင်စပ်မျိုးစပါးရိတ်သိမ်းပွဲကို ဇန်နဝါရီလ ပထမ ပတ်မှာပြုလုပ်ရာ ဧရာပုသိမ်ဆန်စပါးအထူးပြုကုမ္ပဏီ အုပ်ချုပ်မှု ဒါရိုက်တာ ဦးဝင်းမြင့်လှိုင်နဲ့ ဒါရိုက်တာအဖွဲ့ဝင်များ၊ မြန်မာ့လယ် ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး TPIS ဝန်ထမ်းများ၊ မြန်မာ့ စိုက်ပျိုးရေးလုပ်ငန်း၊ မြေစာရင်းဌာန၊ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ဒေသ ခံတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

ပုသိမ်မြို့နယ် တွန်ပလွန်ကျေးရွာမှာ စိုက်ပျိုးထားတဲ့ ရွှေလ ရောင်စပ်မျိုးစပါး ၁၂ ဒသမ ၅ ဧကရိတ်သိမ်းပွဲမှာ မြန်မာ့စိုက်ပျိုး ရေးလုပ်ငန်းမှ အထွက်နှုန်းကို တွက်ချက်ရာ တစ်ဧကကို တင်း ၁၃၀ ခန့်ထွက်ရှိကြောင်း၊ ရွှေလရောင် စပ်မျိုးစပါးများကို စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ  တရုတ် စိုက်ပျိုးရေးပညာရှင် Mr. Zhao Wenxue  အပါအဝင် သုံးဦးနဲ့ စိုက်ပျိုးခဲ့ရာ လယ် တစ်ဧကကို မျိုးစပါး ၁၅Kg ၊ ဖော့စပရပ် ၉၀Kg ၊ ပိုတက် ၆၀Kg သွင်းအားစုများ ထည့်သွင်းရပြီး၊ စပါးသက်တမ်းမှာ ရက် ၁၀၀ မှ ၁၅၀ ထိဖြစ်ကြောင်း၊ တစ်ဧကကုန်ကျစရိတ်မှာ ကျပ်တစ်သိန်းဝန်းကျင် ကုန်ကျမှုရှိကြောင်း၊ တောင်သူများတွက်ခြေ ကိုက်တဲ့ စပါးမျိုးဖြစ်ပြီး ၎င်း စပါးမျိုးများ ထွက်ရှိ အောင်မြင်ပါက တရုတ်နိုင်ငံမှ ပြန်လည်ဝယ်ယူသွားမှာ ဖြစ်ကြောင်း ပြောကြားပါတယ်။ တိုင်း TPIS ဝန်ထမ်းများမှလည်း စိုက်ပျိုးချိန်မှ ရိတ်သိမ်း ပြီးစီးတဲ့အထိ တရုတ်စိုက်ပျိုးရေး ပညာများကို တောင်သူများ လေ့ လာခွင့်ရရှိပြီး ရိတ်သိမ်းချိန်မှာလည်း စပါးအထွက်နှုန်းနဲ့ အရည် အသွေး၊ ဈေးကွက် အခြေအနေများကို သိရှိပြီးဖြစ်ကြောင်း၊ ဒေသနဲ့ ကိုက်ညီမှုရှိပြီး၊ အထွက်တိုး ရွှေလေ ရာင်စပ်မျိုးစပါးများကို ဒေသ ဝန်းကျင် တောင်သူအများစုရဲ့ မျက်မြင်တွေ့ရှိမှုကြောင့် ဧရာပုသိမ် ဆန်စပါးအထူးပြုကုမ္ပဏီနဲ့ တောင်သူများ ထပ်မံတိုးချဲ့စိုက်ပျိုးပြီး ဈေးကွက်ကျယ်ပြန့် လာစေဖို့ ေ ဆွးနွေးပြောကြားခဲ့တယ်လို့ သိရပါ တယ်။                          မင်းမင်းဦး-ပုသိမ်