ဧရာဝတီ ပေါ်ဆန်းစပါးဈေး အနည်းငယ် တိုးမြင့်ဝယ်ယူမှုရှိလို့ ဧည့်မထစပါးဈေးပါ မြင့်တက်
ဧရာဝတီတိုင်းဒေသကြီးမှာ ယခင် အပတ်က ပေါ်ဆန်းစပါး ပေါင် ၆၀ တစ်တင်း ၅၉၀၀၀၀ ကျပ်၊ ပေါ်ဆန်း ဆန်တစ်အိတ် ၁၈၀၀၀ ကျပ်၊ ဧည့်မထ စပါးပေါင် ၅၀ တစ်တင်း ၃၈၀၀၀၀ ကျပ်၊ ဆန်တစ်အိတ် ၁၃၀၀၀ ကျပ်ဈေး နဲ့ ရောင်းဝယ်ဖောက်ကားလျက်ရှိပြီး၊ အချို့ဒေသများမှာ စပါးအရည်အသွေး အရ ဈေးကျဆင်းမှုရှိကာ၊ အရောင်း အဝယ် ငြိမ်သက်နေခဲ့ပါတယ်။ တောင် သူများအနေနဲ့ စပါးလှိုင်လှိုင်ပေါ်ချိန်မှာ စပါးဈေးများကျဆင်းနေရာ ကုန်ကျ စရိတ်နဲ့စပါး ဈေးကိုက်ညီမှုနည်းပါးနေ ကြောင်း၊ စိုက်ဘဏ်ကြွေး၊ ကုမ္ပဏီကြွေး များ ပြန်လည်ဆပ်ရမှာဖြစ်လို့ အခက် အခဲရှိနေကြောင်း သိရပါတယ်။
ဒါပေမယ့် ယခုအပတ်မှာ ဧရာဝတီ ပေါ်ဆန်းဆန် ပေါင် ၆၀ တစ်တင်း ၆၅၀၀၀၀ ကျပ်မှ ၇၀၀၀၀၀ ကျပ်အထိ လည်းကောင်း၊ ဧည့်မထအသွယ် ပေါင် ၅၀ တစ်တင်းကို ၄၁၀၀၀၀ ကျပ်၊ ရိုးရိုး ဧည့်မထ (ဆင်းသုခ၊ မနောသုခ၊ ဘီ ကြား၊ ပေါက်ကျော်ရင်၊ မရှုရင်) စသည် တို့ကို ပေါင် ၅၀ တစ်တင်း ၃၈၅၀၀၀ ကျပ်နဲ့ ကုန်သည် များ ပြန်လည်ဝယ်ယူ နေခဲ့ပါတယ်။ ဆန်ဈေးအနေနဲ့ ပေါ်ဆန်းဆန် တစ် အိတ် ၂၀၀၀၀ ကျပ် ဧည့်မထအသွယ် ဆန် တစ်အိတ် ၁၆၀၀၀ ကျပ်၊ ရိုးရိုး ဧည့်မထ တစ်အိတ် ၁၃၈၀၀ ကျပ် ဈေး ဖြစ်ပေါ်ခဲ့သော်လည်း ဆန်ဈေးနဲ့ စပါး ဈေး အနည်းငယ်ကွာဟမှုကြောင့် ဆန် သမားများ ဈေးမကိုက်သော်လည်း စပါးဈေးမြင့်လာလိ့ု ဆန်ဈေးပါ မြင့် တက်လာနိုင်ကြောင်း၊ ထို့ပြင် ရန်ကုန် ပေါင်းဆန်ကြိတ်ခွဲတဲ့ စက်ရုံများမှလည်း ရိုးရိုးဧည့်မထစပါး ပေါင် ၅၀ တစ်တင်း ကို ရန်ကုန်အရောက် ၄၁၀၀၀၀ ကျပ် ဈေးနဲ့ ဧရာဝတီတိုင်းဒေသကြီးမှာ ဝယ် ယူမှုများရှိနေရာ ဧည့်မထစပါးဈေး၊ ပေါ်ဆန်းစပါးဈေးများ အနည်းငယ်တိုး မြင့်ဝယ်ယူနေခြင်း၊ အရန်ဆန်ဝယ်ယူ ခြင်းများကြောင့် ဆက်လက်ပြီး စပါး ဈေး၊ ဆန်ဈေးနှုန်းများ တောင်သူများ ကိုက်ညီတဲ့ ဈေးနှုန်းများအတိုင်း ဖြစ် ပေါ်လာနိုင်တယ်လို့ ပုသိမ်မြို့ ဆန်ကုန် သည်များမှ ခန့်မှန်းနေကြပါတယ်။စိုးဦး-ပုသိမ်
