လိမ္မော်သီး တန် ၂၀၀၀ ကျော် တင်သွင်း
မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ဇန်နဝါရီ ၂ ရက်မှ ၈ ရက် ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၇၀၂ သန်းတန်ဖိုးရှိ လိမ္မော်သီး ၂၀၀၄ တန်ကျော် တင်သွင်းနိုင်ခဲ့ပါတယ်။ ယခင်အပတ်ထက် ၅၇ တန် လျော့နည်းတင်သွင်းခဲ့ပါတယ်။
လိမ္မော်သီးနဲ့အတူ ကန်ဒေါ်လာ သုည ဒသမ ၅၃၆ သန်း တန်ဖိုးရှိ ပန်းသီး၊ သစ်တော်သီးများကို လည်း ၁၁၃၇ တန်တင်သွင်းနိုင်ခဲ့တယ်လို့ သိရပါ တယ်။ ကန်ပိုက်တီး နယ်စပ်ကုန်သွယ်ရေးစခန်း မှလည်း ကန်ဒေါ်လာ သုည ဒသမ ၀၀၉ သန်း တန်ဖိုးရှိ ပန်းသီး ၂၀ တန်ခန့် ကိုတင်သွင်းခဲ့တယ် လို့ သတင်းရရှိပါတယ်။ မြင့်မြင့်မာ
