ရာသီစာသစ်သီးဝလံတင်ပို့မှုအားကောင်း

ဇန်နဝါရီ ၁ ရက်မှ ၈ ရက်ထိကာလအတွင်းမှာ မူဆယ် စခန်းမှ သစ်သီးဝလံတင်ပို့မှုများကို အသိပေးလိုပါတယ်။ ကန်ဒေါ်လာ ၁ ဒသမ ၈၃၅ သန်းတန်ဖိုးရှိ ဖရဲသီး ၁၂၀၉၈ တန် တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကထက် ၅၁၆ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။

ရာသီ သီးနှံတစ်မျိုးဖြစ်တဲ့ သခွားမွှေးတင်ပို့မှုကတော့ ယခုအပတ်မှာ ကန်ဒေါ်လာ သုည ဒသမ ၁၈၅ သန်းတန်ဖိုးရှိ သခွားမွှေး ၈၈၀ တန်ကျော်တင်ပို့ခဲ့ပြီး ယခင်အပတ်ထက် ၂၄၈ တန် ပိုမိုတင်ပို့ခဲ့ပါတယ်။ ယခုနှစ် နာနတ်သီး ရာသီအဖွင့်တင်ပို့မှုမှာ ကန်ဒေါ် လာ သုည ဒသမ ၀၀၂ သန်းတန်ဖိုးရှိ နာနတ်သီး ၂ တန်ကို လည်းတင်ပို့နိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ မြင့်မြင့်မာMIRT (DOBT)