Main menu

Background

စီးပွားရေးသတင်းတိုများ

Wed, 01/16/2013 - 08:41 -- ydnar

တိုကျို ကာလရှည်ကြာစွာ နှိပ်စက် နေတဲ့ ငွေကြုံ့မှုနဲ့ ယန်းငွေတန်ဖိုး မြင့် တက်နေတာကို ဖြေရှင်းပြီး တိုးတက် မှု တန့်နေတဲ့ ဂျပန်စီးပွားရေးကို ကျား ကန်ပေးနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ယန်းထရီလီယံ ၂၀ (ဒေါ်လာ ၂၂၄ ဘီလီယံ)ရှိ တွန်းအားပေးအစီ အစဉ် ကို ဇန်နဝါရီ ၁၁ ရက်နေ့က ဂျပန် ဝန်ကြီးအဖွဲ့က အတည်ပြုခဲ့ကြောင်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါ တယ်။

မက်ဒီဆန် ၂၀၁၃ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ်မှာ အမေရိကန်စီးပွားရေးဖွံ့ဖြိုးမှုနှုန်းက ၃ ဒသမ ၂ ရာခိုင်နှုန်းဖြစ်ကြောင်း ဒီလိုတိုးတက်မှုရှိရတာဟာ ဗဟိုဘဏ် ရဲ့ ငွေကြေးတွန်းအားပေး အစီအစဉ် ကြောင့်လည်း တစ်စိတ်တစ်ပိုင်းဖြစ် ကြောင်း စိန်လူဝစ် ဗဟိုဘဏ်ဥက္ကဌ ဂျိမ်းဘူလတ်က ဇန်နဝါရီ ၁၀ ရက် က ပြောပါတယ်။ဖရန်ဖတ် ယူရိုဇုန် ကြွေးမီ အကျပ် အတည်း တည်ငြိမ် လာပြီဖြစ်တဲ့ အတွက် ဥရောပဗဟိုဘဏ်က သူ့ရဲ့ အတိုးနှုန်းကို ဇန်နဝါရီ ၁၀ ရက်က မပြောင်းမလဲဘဲ ဆက်လက်ထားရှိခဲ့ ကြောင်း လေ့လာ ဆန်းစစ်သူတွေက ပြောပါတယ်။ ဥရောပ ဗဟိုဘဏ် မူဝါဒချမှတ်ရေး ကောင်စီက ၂၀၁၃ ခုနှစ်အတွက် မူဝါဒ အစည်းအဝေး များ သုည ဒသမ ၇၅ ရာခိုင်နှုန်းထား ရှိ ခဲ့ပါတယ်။လာဗီးဂတ်စ် နှစ်ပေါင်းများစွာတိုးတက်မှု နှေး ကွေးနေခဲ့တဲ့ စီးပွားရေးလုပ်ငန်းနယ် ပယ်မှာ စီးပွားရေးလုပ်ငန်းပုံစံ သတ် မှတ်ဖို့ ကြိုးစားတဲ့အနေနဲ့ ၂၀၁၃ ခုနှစ်ထဲမှာ ၂၀၁၂ ခုနှစ်ကရောင်းချခဲ့ ရတဲ့ ၅၅ ဒသမ ၃ သန်းထက် ကျော် လွန်ပြီး တီဗီလုံးရေ ၅၅ သန်းရောင်း ဖို့ စီမံချက် ချထားကြောင်း ဆမ် ဆောင်းအီလက်ထရွန်းနစ်က ဇန်နဝါ ရီ ၁၀ ရက်က ပြောပါတယ်။ဟနွိုင် ဂျပန်နိုင်ငံကမကြာမီမှာ အရည် အသွေး ထိန်းချုပ်တာတွေကို တင်း တင်း ကျပ်ကျပ်ဆောင်ရွက်တော့မှာ ဖြစ်တဲ့ အတွက် ဂျပန်ကိုပို့မဲ့ ကော်ဖီ တွေကို စေ့စေ့စပ်စပ် စောင့်ကြည့်ဖို့ ဗီယက်နမ်ပို့ ကုန်လုပ်ငန်းရှင်တွေကို ဂျပန်ရှိ ဗီယက်နမ် ကော်ဖီ စားသုံးမှု မြင့်တက်ပါတယ်။ ဂျပန်မှာ ၂၀၁၂ ခုနှစ်က ဗီယက်နမ်ကော်ဖီ စားသုံးမှု မြင့်တက်ခဲ့တဲ့ အတွက် ဈေးကွက် မပျက်အောင် ဂျပန်ရဲ့ စည်းမျဉ်းစည်း ကမ်းတွေကို လိုက်နာရမယ်လို့ ဆိုပါ တယ်။