Main menu

Background

စီးပွားရေးမရေရာမှုတွေ ရှိအေယ်လ်ဂျီက ရင်းနှီးမြှုပ်နှံမှုကို တိုးမြှင့်

Wed, 01/16/2013 - 08:49 -- ydnar

ကမ္ဘာ့စီးပွားရေး မရေရာမှုတွေနဲ့ စားသုံးသူဝယ်လိုအားနှေးကွေးနေပေမဲ့ နှစ်အလိုက်ရင်းနှီးမြှုပ်နှံမှုကို စံချိန်တင် မြှုပ်နှံသွားမယ်လို့ အယ်လ်ဂျီအုပ်စုက ပြောပါတယ်။ အထောက်အပံ့ ပစ္စည်း တွေအပြင် သုတေသနနဲ့ဖွံ့ဖြိုးမှုအတွက် အသုံးစရိတ်ကို ၂၀၁၂ ခုနှစ်ကထက် ၂၀၁၃ ခုနှစ်မှာ ၁၉ ရာခိုင်နှုန်းပိုမိုမြှုပ် နှံမယ်။ တန်ဖိုးအားဖြင့် ဝမ်ထရီလီယံ ၂၀ (ဒေါ်လာ ၁၈ ဒသမ ၈ ဘီလီယံ) ထိတိုးမြှင့်သွားမယ်လို့ တောင်ကိုရီးယား မှ အယ်လ်ဂျီကုမ္ပဏီက ဇန်နဝါရီ ၇ ရက်ကပြောပါတယ်။ စုစုပေါင်းရင်းနှီး မြှုပ်နှံမှုရဲ့ ၆၇ ရာခိုင်နှုန်းကို အီလက် ထရွန်းနစ် အယ်လ်ဂျီအက်ထရွန်းနစ်နဲ့ LG  Display  တွေအတွက် အသုံးပြု မယ်လို့ကုမ္ပဏီကပြောပါတယ်။

အသေးစား LCD ဖန်သားပြင် တွေနဲ့LED လို့ခေါ်တဲ့ ခေတ်မီဖန်သား ပြင်တွေထုတ်လုပ်တဲ့ ထုတ်လုပ်ရေး လိုင်းတွေတပ်ဆင်ဖို့အတွက် အီလက် ထရွန်းနစ်ကုမ္ပဏီတွေက ဝမ် ၁၃ ဒသမ ၄ ထရီလီယံအသုံးပြု မှာ ဖြစ်ပါတယ်။ ခေါက်လိုရတဲ့ဖန်သားပြင်တွေနဲ့ထွင်း ဖေါက်မြင်နိုင်တဲ့ဖန်သားပြင်တွေအပါ အဝင်အနာဂတ်ထုတ်ကုန် သစ်တွေ အတွက်ရင်းနှီးမြှုပ်နှံငွေတစိတ်တပိုင်း ကိုအသုံးပြုမယ်လို့ ဆိုပါတယ်။ အယ်လ်ဂျီအီလက်ထရွန်းနစ် အယ်လ်ဂျီဒစ်ပလေး၊ အယ်လ်ဂျီချမ်း နဲ့ တစ်ခြားရုံခွဲတွေက ၂၀၁၂ ခုနှစ်ကလိုပဲ အလုပ်သမား ၁၅၀၀၀ ထပ်မံခန့်ထား မယ်လို့ အဖွဲ့ကပြောပါတယ်။