Main menu

Background

လုပ်ခလစာမြင့်တက်မှုကြောင့် ထိုင်းလုပ်သားရာပေါင်းများစွာ အလုပ်ပြုတ်

Wed, 01/16/2013 - 08:51 -- ydnar

ထိုင်းအစိုးရက အနိမ့်ဆုံးလုပ်ခလ စာတစ်ရက်ဘတ် ၃၀၀ ပေးဖို့တစ်နိုင်ငံ လုံးမှာ ဇန်နဝါရီ ၁ ရက်ကစတင်ကျင့် သုံးခဲ့ပြီးနောက်ပိုင်းပထမနေ့မှာပင် လုပ်သား ၂၇၅ ဦးအလုပ်မှထုတ်ပယ်ခံခဲ့ရကြောင်း အလုပ်သမားဝန်ကြီး ပါဒန် ချိုင်း ဆာဆွမ်ဆပ်ကဇန်နဝါရီ ၈ ရက်က ပြောပါတယ်။

အစိုးရ၏အလုပ်သမားမူဝါဒကြောင့် စက်ရုံးလေးခုတွင် ထိခိုက်မှုရှိပြီး ဇန်နဝါရီ ၁ ရက်မှ ၄ ရက်အတွင်း လုပ်သား ၂၇၅ ဦးအလုပ်မှ ထုတ်ပယ်ခံရ ကြောင်းအလုပ်သမားကာကွယ်ရေးနဲ့ သက်သာချောင်ချိရေးဌာနက ပြောပါ တယ်။ "နောက်ထပ်စက်ရုံ ၂ ရုံကလည်း လုပ်သား ၄၈၀ ကိုထုတ်ဖို့အစီအစဉ် ရှိပါတယ်။ နောက်ထပ်စက်ရုံ ငါးခုမှာတော့ ငွေကြေးမလည်ပတ်နိုင်တဲ့ပြဿနာ တွေရှိနေပြီးလုပ်သား ၉၉၉ ဦးရဲ့စာချုပ်တွေက လည်းသက်တမ်းကုန်ပါတော့ မယ်" လို့မစ္စတာပါဒမ်ချိုင်းကပြောပါ တယ်။ လုပ်ခလစာဘတ် ၃၀၀ တိုးမြှင့် လိုက်တဲ့အတွက် အသေးစားနဲ့အလတ် စားစီးပွားရေးလုပ်ငန်းတွေ ကိုရိုက်ခတ်လာမဲ့ဂယက်ကိုသက်သာရစေဖို့အတွက် အစီအမံငါးရပ်ကို ဘဏ္ဍာရေးဝန်ကြီးဌာနက ဝန်ကြီးအဖွဲ့အစည်း ကိုတင်ပြမှာ ဖြစ်ကြောင်းဘဏ္ဍာရေးဌာနအမြဲတမ်းအတွင်းဝန်က အတည်ပြုပြောကြားပါ တယ်။ ပထမဆုံးအဆိုပြုချက်က သုံးနှစ်အတွင်းမှာအသေးစားနဲ့အလတ်စားဟို တယ်တွေကိုကောက်ခံနေတဲ့ အစိုးရ ကောက်ခံကြေးကို ၅၀ ရာခိုင်နှုန်းလျှော့ သွားဖို့ဖြစ်ကြောင်း မစ္စတာပါဒန်ချိုနင်းက ယခင်ရက်သတ္တပတ် ကပြောကြားခဲ့ ပါတယ်။ ယခုလောလောဆယ်မှာ ဟိုတယ်အခန်းငှားခ ဝင်ငွေအဖြစ် အခန်း တစ်ခန်းကို ဘတ် ၈၀ ဖြစ်ပါတယ်။ ဒုတိယအဆိုပြုချက်က ပညာရေးနဲ့ပတ်သက်တဲ့အဖွဲ့အစည်းတွေနဲ့ ကုမ္ပ ဏီကလုပ်သားတွေကို ကျွမ်းကျင်မှုဖွံ့ဖြိုးအောင်အလုပ်ရုံဆွေးနွေပွဲတွေဖွဲ့စည်း ပေးဖို့ဖြစ်ပါတယ် တခြားအဆိုပြုချက်တွေထဲမှာ အစိုးရကကြီးကြပ်တဲ့ဆွေးနွေးပွဲတွေ အတွက်ငွေပိုမိုသုံးစွဲဖို့ ဈေးနှုန်းချိုချိုနဲ့ စားသုံးကုန်ပစ္စည်းတွေရောင်းတဲ့ပွဲတွေ လုပ်ပေးဖို့နဲ့SME တွေရဲ့အခွန်ကို ၃ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်း အထိ လျှော့ပေးဖို့ဆိုတဲ့အချက်တွေပါဝင်ပါတယ်။