Main menu

Background

စီးပွားရေး 'အန္တရာယ်နဲ့ကစားနေ' ကြောင်း အိုဘားမားက ရီပတ်ဗလီကင် တို့ကို သတိပေး

Wed, 01/16/2013 - 08:50 -- ydnar

အမျိုးသားကြွေးမြီအမြင့်ဆုံး သတ် မှတ်ချက်ကိစ္စကိုတိုက်ပွဲသစ်တစ်ခု အ မေရိကန်လွှတ်တော်ကိုယ်စားလှယ်တို့ ကဖန်တီးနေတဲ့အတွက် ရီပတ်ပလီကင် လွှတ်တော်ကိုယ်စားလှယ်တွေက"အန္တ ရာယ်နဲ့ကစားနေကြောင်း"သမ္မတ ဘားရက်ဘိုအားမားက သတိပေးပြော ကြားခဲ့ပါတယ်။ ဒါပေမဲ့ ဘဏ္ဍာရေး ချောက်ကမ်းပါး လို့တင်စားသုံးစွဲနေ တဲ့ ပြဿနာကို ၁၁ နာရီကျော်ကြာဆွေး နွေးပြီးအတည်ပြုပေးတဲ့အတွက် ဒီမိုက ရက်တစ်ပါတီမှ သမ္မတအိုဘားမားက သူတို့ကိုချီးကျူးခဲ့ပါတယ်။

တိုင်းပြည်စီးပွားရေးကို လူလတ် တန်းစားတွေကိုအခွန်တိုးကောက်ရင် စီးပွားဆုတ်ကပ်ထဲသို့ပြန် လည်တွန်းပို့ စေနိုင်တာကို ရှောင်ကြဉ်ပြီးချမ်းသာသူ တွေအပေါ်မှာအခွန်တိုးကောက်နိုင်ဖို့ အတွက်ဆွေးနွေညှိနှိုင်းနို င်ခဲ့ပြီး သဘော တူညီချက်ကို ဥပဒေအဖြစ်ဇန်နဝါရီ ၃ ရက်ကပြဌာန်းနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံရေးချေးငွေကိုဒေါ်လာ ၁၆ ဒသမ ၄ ထရီလီယံသတ်မှတ်ရေးနဲ့ စစ်ရေး နဲ့ ပြည်တွင်းသုံးစွဲမှုအတွက် ဒေါ်လာဘီ လီယံ ၁၀၀ အသုံးစရိတ်အလို အ လျောက်လျှော့ချရေးကိစ္စမှာ အငြင်းပွား မှုတွေရှိနေဆဲဖြစ်ပါတယ်။ တကယ်လို့ လွှတ်တော်က အစိုး ရချေးငွေပိုမိုရဖို့အတွက်ညှိနှိုင်းမရရင် အစိုးရကြွေးမြီတွေ နဲ့ပေးရန်တာဝန်တွေ ဖြေရှင်းဖို့ ပျက်ကွက်သွားနိုင်တဲ့အန္တ ရာယ်ရှိနေပါတယ်။ ရီပတ်ဗလီကင်တို့ က အသုံးစရိတ်လျှော့ချရေးကိစ္စကို ထူး ထူးခြားခြားသဘောတူညီမှုမရှိဘဲ ဘ ဏ္ဍာရေးချောက်ကမ်းပါးကျော်လွှာရေး ကိုသဘောတူညီခဲ့ကြပါတယ်။ ချေးငွေ ကိုအမြင့်ဆုံးသတ်မှတ်ရန်ခွင့်ပြုချက်ကို အပြန်အလှန်သဘောဖြင့် သုံးစွဲစရိတ် လျှော့ချရေးကိစ္စကိုခွင့်ပြုပေးဖို့ ရီပတ် ဘလီကင်တို့ကတောင်းဆိုနေပါတယ်။ ၂၀၁၁ ခုနှစ်ကလည်း အမေရိကန်လွှတ် တော်ကိုယ်စားလှယ်တွေကကြွေးမြီ အဆင့်ကိုအမြင့်ဆုံးသတ်မှတ်မပေးဘဲ လက်ရှိအတိုင်းထား ဖို့ခြိမ်းခြောက်ခဲ့တဲ့ အတွက် အမေရိကန်ရဲ့ကြွေးမြီအဆင့် ကျဆင်းခဲ့ရပါတယ်။ "ကြွေးမြီတွေကို အချိန်မီပြန်လည် ပေးဆပ်ဖို့ လွှတ်တော်ကငြင်းဆန်မယ် ဆိုရင် ကမ္ဘာ့စီးပွားရေးတစ်ခုလုံးအတွက် အကျိုးဆက်တွေက အတိဒုက္ခရောက် လာစေနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ မိသားစုတွေနဲ့စီးပွားရေးလုပ်ငန်းတွေက ဒီလိုအန္တရာယ်များတဲ့ ကစားပွဲမျိုးကို ထပ်ပြီးကစားနိုင်တော့မှာမဟုတ်ပါဘူး" လို့ အိုဘားမားကပြောပါတယ်။