Main menu

Background

ထိုင်းနိုင်ငံမှ တစ်ဆင့် ရွှေတင်သွင်းမှုကို အိန္ဒိယနိုင်ငံက ပိတ်ပင်ဖွယ်ရှိ

Wed, 01/16/2013 - 08:53 -- ydnar

အိန္ဒိယနိုင်ငံနဲ့ နှစ်နိုင်ငံသဘော တူချက်အရအကောက်အခွန်ကင်းလွတ် ခြင်းဖြင့် ထိုင်းနိုင်ငံတင်သွင်းခွင့်ပြု ထား သောအမယ်များမှ ရွှေလက်ဝတ်ရတ နာများကိုဖယ်ရှားပေးဖို့ အိန္ဒိယဘဏ္ဍာ ရေးဝန်ကြီးဌာနကကြိုးပမ်းေ ဆာင်ရွက် လျက်ရှိပါတယ်။ ဒီပြဌာန်းချက် က ရွှေ ဈေးတက်လာအောင်ဆောင်ရွက်နေတဲ့ အစိုးရရဲ့ကြိုးပမ်းေ ဆာင်ရွက်မှုကိုအား နည်းစေခဲ့ပါတယ်။ ရွှေသုံးစွဲတာမြင့် တက်မှုကြောင့်အိန္ဒိယရဲ့ နိုင်ငံခြားငွေ ပေးငွေယူလိုငွေပြမှုက ဇူလိုင်-စက်တင် ဘာသုံးလပတ်မှာGDP  ရဲ့ ၅ ဒသမ ၄ ရာခိုင်နှုန်းထိစံချိန်တင်မြင့်တက်ပြီး နောက် ဘဏ္ဍာရေးဝန်ကြီးပီချီဒမ်ဘရမ် ကရွှေတင်သွင်းမှုအတွက် ကုန်ကျစရိတ် မြင့်တက်အောင်ဆောင်ရွက်မဲ့ လက္ခဏာ တွေပြသလာပါတယ်။

၂၀၀၄ ခုနှစ် စက်တင်ဘာ ၁ ရက် ကစတင်အကောင်အထည်ဖေါ်ခဲ့တဲ့ အိန္ဒိယထိုင်းအက်ဖ်တီအေအရ ထိုင်း နိုင်ငံကရွှေင်တင်သွင်းတဲ့အခါအကောက် ခွန်နှုန်းကို ၁ ရာခိုင်နှုန်းခွင့်ပြုခဲ့ပါတယ်။ ဒါပေမဲ့ ရွှေတင်သွင်း တာကိုလျှော့ချဖို့ အတွက်အိန္ဒိယက ၂၀၁၂ ခုနှစ်မှာ အမြင့်ဆုံးနှုန်းဖြစ်တဲ့ ၁၀ ရာခိုင်နှုန်းထိ တိုးမြှင့်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံက ရွှေဝယ်လိုအား အများဆုံးနိုင်ငံဖြစ်ပေမဲ့ ရွှေကပြည်ပက တင်သွင်းရတာများပါတယ်။ ဒါကြောင့် ကုန်ထုတ်လုပ်မှုအတွက်မဟုတ်တဲ့ ပ စ္စည်းအတွက်နိုင်ငံခြားငွေဒေါ်လာဘီလီ ယံများစွာအသုံးပြုခဲ့ရပါတယ်။ လက်ရှိ ဘဏ္ဍာရေးနှစ်ပထမနှစ်ဝက်မှာ အိန္ဒိယ နိုင်ငံကရွှေဒေါ်လာဘီလီယံ ၂၀ နီးပါး တင်သွင်းခဲ့ပါတယ်။ လက်ရှိပြည်ပကုန် သွယ်မှုလိုငွေဒေါ်လာ ၃၈ ဒသမ ၇ ဘီလီယံရဲ့ထက်ဝက်နီးပါးရှိပါတယ်။ ရွှေတင်သွင်းနှုန်းကို လက်ရှိအမြင့် ဆုံးနှုန်းဖြစ်တဲ့ ၁၀ ရာခိုင်နှုန်းကနေထပ် မံတိုးမြှင့်ဖို့ ဘဏ္ဍာရေးဝန်ကြီးဌာန က ပြင်ဆင်နေတဲ့လက္ခဏတွေတွေ့မြင်နေ ရပါတယ်။ ဒီလိုမလုပ်ခင်မှာ ယိုပေါက် တွေပိတ်ဆို့ ဖို့ပထမဆုံးဆောင်ရွက်ခဲ့ ပါတယ်။ တတိယနိုင်ငံမှ ရွှေလက်ဝတ်ရတ နာတင်သွင်းတဲ့အခါသဘောတူညီချက် အရအကောက်ခွန်သက်သာတဲ့ ထိုင်း နိုင်ငံတစ်ဆင့်တရားမဝင်တင်သွင်းတာ တွေရှိနေခဲ့ပါတယ်။ ဒါကြောင့် အိန္ဒိယ အခွန်အကောက်ထောက်လှမ်းေ ရးဦးစီး ဌာန  (DRI)  က ဒီလိုတရားမဝင် ဆောင်ရွက်နေတဲ့လက်ဝတ်ရတနာလုပ် ငန်းတွေကို ဝင်ရောက်ရှာဖွေသိမ်း ဆည်း ခဲ့ပါတယ်။ ရွှေတင်သွင်းတာတွေရုတ် တရက်မြင့်တက်လာတာကိုတွေ့ရတဲ့ အတွက် ရွှေမှောင်ခိုတင်သွင်း တာကို စောင့်ကြည့်ရာမှတစ်ဆင့်   DRI ကယခု လိုတွေရှိခဲ့ပြီး အရေးယူဆောင်ရွက်တာ တွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။