Main menu

Background

မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ငွေကြေးရက်သတ္တပတ်

Wed, 01/16/2013 - 08:54 -- ydnar

ဂျပန်နိုင်ငံရဲ့ ယန်း ၁၀ ဒသမ ၃ ထရီလီယံ (ဒေါ်လာ ၁၁၆ ဘီလီယံ) သုံးစွဲမှုအစီအစဉ်နဲ့ တရုတ်နိုင်ငံရဲ့ ပို့ကုန် ပြန်လည်မြင့်တက်လာမှုတွေက ကမ္ဘာ့ စီးပွားရေးနာလန်ထူမှုအလားအလာကို တိုးတက်ကောင်းမွန် လာစေတဲ့အတွက် အာရှငွေကြေးတွေက တတိယမြောက် ရက်သတ္တပတ်အဖြစ် တန်ဖိုးမြင့်တက် လာမဲ့အလားအလာရှိနေပါတယ်။

 
တရုတ်၊ တရုတ် (တိုင်ပေ) နဲ့ မလေးရှားနိုင်ငံတို့မှ ပြည်ပသို့ တင်ပို့မှုက လေ့လာဆန်းစစ်သူတွေ ခန့်မှန်းထား တာထက် ပိုမိုမြင့်တက်ခဲ့ကြောင်း ယခု ရက်သတ္တပတ်ထဲမှာ ထုတ်ပြန်တဲ့ တရား ဝင်ကိန်းဂဏန်းေ တွမှာ တွေ့ရပါတယ်။ ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေးရဲ့ ဘဏ္ဍာရေးအစီအစဉ်က ဂျပန်ရဲ့ စုစုပေါင်း ပြည်တွင်း ထုတ်လုပ်မှုကို ၂ ရာခိုင်နှုန်းလောက်ထပ်မံတိုးတက်လာ စေပြီး အလုပ်အကိုင်သစ် ၆၀၀၀၀၀ ဖန်တီးပေးနိုင်လိမ့် မယ်လို့ ဇန်နဝါရီ ၁၁ ရက်က ဝန်ကြီးချုပ်ရုံးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ "ကမ္ဘာ့အလားအလာတွေက ဆက်လက်ကောင်းမွန်နေသလို ပြင်ပမှာ ဖြစ်ပေါ်နေတဲ့ စွန့်စားမှုအန္တရာယ်တွေ ကွယ်ပျောက်သွားပြီဖြစ်လို့ ယခုနှစ် အတွက် ထွန်းသစ်စဈေးကွက်တွေရဲ့ အခြေအနေက အပေါင်းလက္ခဏာပြ နေပါတယ်။ ဒေသတွင်းမှာရှိတဲ့ငွေကြေး အများစုအခြေအနေကောင်းမယ်လို့ ကျွန်တော် ခန့်မှန်းပါတယ်" လို့ ဟောင်ကောင်ရှိ Credit Agricole CIB  မှ အကြီးတန်းမဟာဗျူဟာမှူးဒါရီ ယပ်ကိုဝါဇစ်က ပြောပါတယ်။ ယခုရက်သတ္တပတ်အတွင်းမှာ ရူပီး၊ ရင်းဂစ်၊ ဘတ်နဲ့ ဝမ်တန်ဖိုးတွေ မြင့်တက်ခဲ့ပါတယ်။ ဇန်နဝါရီ ၉ ရက်မှာ ကုန်ဆုံးတဲ့ ခုနစ်ရက်အတွင်း ထွန်းသစ်စဈေးကွက် တွေထဲကို ဒေါ်လာ ၇ ဒသမ ၄ ဘီလီ ယံစီးဝင်ခဲ့ပါတယ်။
တရုတ်ယွမ် တောင်ကိုရီးယား၊ တရုတ် (တိုင် ပေ)၊ မလေးရှားနဲ့ ထိုင်းနိုင်ငံတို့ရဲ့ ပို့ကုန် နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ ဒီဇင်ဘာသွင်း ကုန်က ၆ ရာခိုင်နှုန်းတိုးတက်ခဲ့ရာ ခြောက်လအတွင်း အမြင့်ဆုံးဖြစ်ပါ တယ်။ တရုတ်ပို့ကုန်က ၁၄ ရာခိုင်နှုန်း တိုးတက်ခဲ့ပါတယ်။ တရုတ်နိုင်ငံခြားငွေရောင်းဝယ် ရေးဌာနမှာ ဇန်နဝါရီ ၁၁ ရက်က တရုတ်ငွေတန်ဖိုးက သုည ဒသမ ၈၁ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်ဒေါ်လာကို ၆ ဒသမ ၂၇၁၂ ယွမ်နှုန်းရှိခဲ့ပါတယ်။ တရုတ်နိုင်ငံခြားငွေလက်ငင်းဈေးကွက် မှာ ယွမ်ငွေကြေးတန်ဖိုးကို ဗဟိုဘဏ် ညှိနှိုင်းဈေးထက် ၁ ရာခိုင်နှုန်း အတက် အကျပြုလုပ်ခွင့်ပေးထားပါတယ်။
အိန္ဒိယရူပီး ပို့ကုန်လုပ်ငန်းရှင်တွေနဲ့ ဘဏ်တွေ က ဒေါ်လာကိုဆက်လက်ရောင်းချနေ တဲ့အတွက် ဘဏ်အချင်းချင်းနိုင်ငံခြား ငွေဖလှယ်တဲ့ ဈေးကွက်မှာ ဇန်နဝါရီ ၁၁ ရက်က ရူပီးတန်ဖိုးက သုည ဒသမ ၁၅ ရူပီးနှုန်းမြင့်တက်ပြီး တစ်ဒေါ်လာ ကို ၅၄ ဒသမ ၄၂ ရူပီးနှုန်းရှိခဲ့ပါတယ်။ လေးရက်မြောက်ဆက်တိုက်မြင့်တက် ခဲ့တာဖြစ်ပါတယ်။ ပြည်တွင်းရှယ်ယာဈေးကွက်မှာ ရှယ်ယာဈေးတွေမြင့်တက်နေတာနဲ့ ဒေါ်လာနဲ့ဖလှယ်ရာမှာ ယူရိုတန်ဖိုးမြင့် တက်တာက ရူပီးတန်ဖိုးကို အထောက် အကူဖြစ်စေပါတယ်။
ဂျပန်ယန်း ဂျပန်နိုင်ငံက ငွေကြေးသုံးစွဲမှုမြှင့် တင်တဲ့အစီအစဉ်နဲ့တရုတ်ပို့ကုန်လုပ်ငန်း ကြောင့် ကမ္ဘာ့စီးပွားရေးအလားအလာ တွေ ကောင်းမွန်တဲ့လက္ခဏာတွေပြ လာတဲ့အတွက် အာရှငွေကြေးအများစု ရဲ့ တန်ဖိုးမြင့်တက်လာပါတယ်။ ဒါပေမဲ့ တိုကျိုဈေးကွက်မှာ ဇန်နဝါရီ ၁၁ ရက် က ဒေါ်လာ/ ယန်းဖလှယ်နှုန်းက တစ် ဒေါ်လာကို ၇၉ ယန်းအထက်မှာ ရှိနေ ပါတယ်။ ဇန်နဝါရီ ၁၁ ရက် မနက် ၉ နာရီ က ဒေါ်လာတန်ဖိုးက ၈၉ ဒသမ ၂၆ ယန်းနှုန်းရှိခဲ့ပါတယ်။ နှိုင်းယှဉ်ကြည့် မယ်ဆိုရင် ဇန်နဝါရီ ၁၀ ရက်က ညနေ ၅ နာရီက နယူးယောက်မှာ ၈၈ ဒသမ ၇၃ ယန်းနဲ့ တိုကျိုမှာ ၈၈ ဒသမ ၂၈ ယန်းနှုန်းရှိခဲ့ပါတယ်။ တစ်ဒေါ်လာကို ၈၉ ယန်းအထက်နဲ့ နောက်ဆုံးလဲခဲ့တာ ၂၀၁၀ ပြည့်နှစ် ဇူလိုင်ကဖြစ်ပါတယ်။ ယူရိုတန်ဖိုးက ဇန်နဝါရီ ၁၁ ရက် ညနေက နယူးယောက်မှာ တစ်ယူရိုကို ၁ ဒသမ ၃၂၆၆ ဒေါ်လာနဲ့ ၁၁၇ ဒသမ ၇၉ ယန်းနဲ့ တိုကျိုမှာ ၁ ဒသမ ၃၂၇၂ ဒေါ်လာနဲ့ ၁၁၈ ဒသမ ၄၇ ယန်းနှုန်း ရှိခဲ့သည်။
မလေးရှားရင်းဂစ် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးမှုအပေါ် အမြင်ကို အကောင်းဘက်သို့ ပို့ပေး လိုက်တဲ့ တရုတ်နိုင်ငံက စီးပွားရေးကိန်း ဂဏန်းတွေကြောင့် ဇန်နဝါရီ ၁၁ ရက် မနက်ပိုင်း ဈေးကွက်မှာ ဒေါ်လာနဲ့ ဖလှယ်တဲ့ ရင်းဂစ်ငွေကြေးတန်ဖိုး က မြင့်တက်ခဲ့ကြောင်း ဝယ်ရောင်းသမား တွေက ပြောပါတယ်။ ရင်းဂစ်ငွေကြေးက ဇန်နဝါရီ ၁၀ ရက် ၅ နာရီက တစ်ဒေါ်လာကို ၃ ဒသမ ၀၂၈၀ ရင်းဂစ်နှုန်းရှိရာမှ ၁၁ ရက် မနက် ၉ နာရီ ၁၉ မိနစ်မှာ ၃ ဒသမ ၀၁၈၀ ရင်းဂစ်နှုန်းဖြစ်ခဲ့ပါတယ်။ ဒေသတွင်းအခြားအဓိကငွေကြေးတွေ နဲ့ဖလှယ်ရာမှာ ရင်းဂစ်တန်ဖိုးက အတက်အကျအမျိုးမျိုးရှိခဲ့ပါတယ်။
တောင်ကိုရီးယားဝမ် အစိုးရဈေးကွက်ထဲကို ဝင်ရောက် ကိုင်တွယ်မှာကို စိုးရိမ်ပူပန်မှုကြောင့် ပြည်တွင်းပို့ကုန်လုပ်ငန်းတွေနဲ့ ပင်လယ် ရပ်ခြားလုပ်ငန်းရှင်တွေက ဒေါ်လာ အရောင်းများလာသဖြင့် ဇန်နဝါရီ ၉ ရက်ဈေးမပိတ်မီက တောင်ကိုရီးယား ဝမ်ဈေးနှုန်း မြင့်တက်ခဲ့ပါတယ်။ ဝမ် တန်ဖိုး မြင့်တက်မှာကို ထိန်းချုပ်တဲ့ အနေနဲ့ ဇန်နဝါရီ ၇ ရက်မှာ အာဏာ ပိုင်တွေက ဒေါ်လာတစ်ဘီလီယံဖိုးသုံးစွဲ ခဲ့တယ်လို့ ခန့်မှန်းကြပါတယ်။ ဇန်နဝါရီ ၁၁ ရက်မှာ ဝမ်တန်ဖိုး က သုည ဒသမ ၇ ရာခိုင်နှုန်း မြင့် တက်ပြီး တစ်ဒေါ်လာကို ၁၀၅၆ ဒသမ ၇၃ ဝမ် နှုန်း ရှိခဲ့ပါတယ်။
ထိုင်းဘတ် ကမ္ဘာ့ စီးပွားရေး နာလန်ထူမှု အရှိန်ရပြီဟူသော သတင်းကောင်း များ ကြောင့်အပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှုပ်နှံ သူတို့က ထိုင်းဘတ်ငွေများကို ဝယ်ယူ သိမ်းဆည်းမှုများလာတဲ့ အတွက် ထိုင်း ဘတ်ငွေတန်ဖိုးက လေးလအတွင်းမှာ ရက်သတ္တပတ်အလိုက် တန်ဖိုးမြင့်တက် မှု အများဆုံး ဖြစ်ခဲ့ပါတယ်။ စတော့နိုင်ငံတွေနဲ့ ထိုင်းဘွန်း စာချုပ်ဈေးကွက်အသင်းမှ ထုတ်ပြန် တဲ့ စာရင်းတွေအရ ယခုလ ဇန်နဝါရီ ၁၀ ရက်နေ့အထိ ရန်ပုံငွေအဖွဲ့တွေက ရှယ်ယာဒေါ်လာ ၁၇၄ သန်းနဲ့ ဘွန်း စာချုပ်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံ ဖိုး ပိုမိုဝယ်ယူခဲ့ပါတယ်။ ဘန်ကောက်မှာ ထိုင်းဘတ်ငွေ တန်ဖိုးက ယခင်ရက်သတ္တပတ်က ထက် သုည ဒသမ ၉ ရာခိုင်နှုန်းမြင့် တက်ပြီး ၁၁ ရက်နေ့မနက် ၈ နာရီ ၃၆ မိနစ်မှာ တစ်ဒေါ်လာကို ၃၀ ဒသမ ၂၄ ဘတ်နှုန်းရှိခဲ့ပါတယ်။