Main menu

Background

ဘဏ်များရဲ့ငွေဖြစ်လွယ်မှုစည်းမျဉ်းများလျှော့ချမှုကြောင့် ယူရို ချေးငွေတိုးမြှင့်

Wed, 01/16/2013 - 08:55 -- ydnar

ငွေဖြစ်လွယ်မှုစည်းကမ်းများ လျှော့ချပေးတဲ့ပြဌာန်းချက်ကစတင် အကျိုး သက်ရောက်တော့မှာဖြစ်တဲ့အတွက် မျှော်လင့်ချက်တွေတိုးတက်လာပြီး ယူရို ဇုန်နဲ့ ချေးငွေလုပ်ငန်းပြန်လည် နာလန်ထူလာတော့မယ်လို့ လေ့လာဆန်းစစ် သူတွေက ပြောပါတယ်။

ကမ္ဘာ့ငွေဖြစ်လွယ်မှုစည်းမျဉ်း သတ်မှတ်ချက်ကို ၂၀၁၅ ခုနှစ်အထိ တစ်စစ အဆင့်လိုက်ဆောင်ရွက်သွားပြီး ဘဏ်တွေကို အချိန်ပိုပေးသွားမှာဖြစ်ကြောင်း ဘာဆယ်ဘဏ်ကြီးကြပ်ရေး ကော်မတီက ပြောပါတယ်။ အကျပ်အတည်းကာလအတွင်းမှာ ဘဏ်တွေက ငွေဖြစ်လွယ်တဲ့အက် ဆက်တွေကိုရက် ၃၀ စာဖိုထားရှိနိုင်ရေးအတွက်ကော်မတီကျယ်ကျယ်ပြန့် ပြန့် ဆောင်ရွက်ထားပါတယ်။ စည်းမျဉ်းတွေပြဌာန်းရတဲ့ရည်ရွယ်ချက်က အနာဂတ်မှာအကျပ်အတည်း ပေါ်လာတဲ့အခါ ဘဏ်တွေရပ်တည်နိုင်မဲ့စွမ်းရည်ကို တိုးတက်အောင်ဆောင်ရွက် ဖို့ဖြစ်ပါတယ်။ဒါပေမဲ့ဒီစည်းမျဉ်းတွေကို ၂၀၁၀ ပြည့်နှစ်ကပထမအကြိမ် အဆိုပြု တင်ပြခဲ့စဉ်က သတ်မှတ်ချက်တွေက မြင့်မားလွန်ကြောင်းနဲ့ ဒီစည်းမျဉ်းတွေ ကြောင့် ငွေချေးနိုင်တဲ့စွမ်းရည်နဲ့ စီးပွားရေးဖွံ့ဖြိုးမှုကိုထိခိုက်စေနိုင်တယ်လို့ ဘဏ် တွေက ပြောခဲ့ ပါတယ်။ မူလကတော့ ငွေဖြစ်လွယ်မှုအချိုးကိုဖြည့်ဆည်းနိုင်ဖို့အတွက်ဘဏ်များက ငွေသား၊ ဗဟိုဘဏ်အပ်ငွေ၊ အစိုးရရဲ့ ဘွန်းစာချုပ်တွေနဲ့ကော်ပိုရိတ်ဘွန်းစာ ချုပ်တွေထားရှိခဲ့ရပါတယ်။ ယခုပြောင်းလဲမှုတွေက အပြုသဘောဆောင်တယ်။အထူးသဖြင့် ဥရောပ သမဂ္ဂဘဏ်တွေအတွက် အပြုသဘောဆောင်တယ်လို့ အမေရိကန်ရင်း နှီးမြှုပ်နှံမှု ဘဏ် မော်ဂန်စတန်လေက ပြောပါတယ်။