ကမ္ဘာ့ကြီးကြပ်ထိန်းသိမ်းရေး အဖွဲ့များက ဘဏ်များရဲ့ ငွေဖြစ်လွယ်မှု အချိုးကို လျှော့ချ

ကမ္ဘာပေါ်မှာ ပထမဆုံးအကြိမ် အဖြစ် ၂၀၁၅ ခုနှစ်မှာစတင်ကျင့်သုံး တော့မဲ့ ငွေဖြစ်လွယ်မှုစည်းမျဉ်းဥပဒေ တွေကို ကမ္ဘာ့ထိပ်တန်းကြီးကြပ်ထိန်း သိမ်းရေးအဖွဲ့က ဇန်နဝါရီ ၆ ရက်က စတင်ဖြေလျော့ပေးခဲ့ပါတယ်။ အခုလို ဖြေလျော့ ပေးရတဲ့ ရည်ရွယ်ချက်က ဘဏ္ဍာရေးအကျပ်အတည်းကာလအတွင်း မှာရှင်သန်ရပ်တည်နိုင်အောင် စွမ်းဆောင် ရည်တွေတိုးမြှင့်ပေးဖို့ဖြစ်ပါတယ်။ အ ကျပ်အတည်းကာလအတွင်းမှာ ဘဏ် တွေရပ်တည်နိုင်အောင် ထိန်းသိမ်းထား ရမယ်။ အက်ဆက်တွေကို ရောင်းရ လွယ်ကူအောင်အခုလိုလျှော့ချသတ် မှတ်ပေးတာဖြစ်ကြောင်း ဘဏ်လုပ်ငန်း ကြီးကြပ်ရေး ဘဆယ်ကော်မတီက သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောပါ တယ်။

ဘာဆယ်-၃ စံချိန်စံညွှန်းတွေကို ၂၀၁၀ ပြည့်နှစ်မှာ ကနဦးအဆိုပြုခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်က တည်းကစပြီး စည်းမျဉ်းစည်းကမ်းတွေ ကိုပိုမိုလျှော့ချပေးဖို့နဲ့ ဘဏ်လုပ်ငန်း ကဏ္ဍ ကုန်ကျစရိတ် လျော့ကျေ အာင် ဆောင်ရွက်ပေးဖို့ ဘဏ်တွေနဲ့ ငွေ  ဘဏ္ဍာရေးအဖွဲ့အစည်းတွေကအဆိုပြုခဲ့ ပါတယ်။ ငွေဖြစ်လွယ်မှုအ ချိုး(Liquidity Coverage Ratio)သတ်မှတ်ချက် အသေးစိတ်ကို ၂၀၀၈ ခုနှစ် ဘဏ္ဍာ လုပ်ငန်းအကျပ်အတည်း ကာလအတွင်း က သတ်မှတ်ထားတာဖြစ်ပြီး ဒီအဖြစ် မျိုးတစ်ကျော့ပြန်ဖြစ်လာမှာကိုကာကွယ် ဖို့ဖြစ်ပါတယ်။ ဒီအသေးစိတ်အချက် အလက်တွေကို ဇန်နဝါရီ ၆ ရက်မှာ ဘာဆယ်အုပ်စုက တညီတညွှတ်တည်း အတည်ပြုပြီး ဘဏ်တွေကို သက်သာ ခွင့် ပေးခဲ့ပါတယ်။ ဒီပြဌာန်းချက် တွေထဲမှာဘဏ်တွေကထားရှိရမဲ့အက် ဆက်တန်ဖိုး ကိုကျယ်ကျယ်ပြန့်ပြန့်သတ် မှတ်ပေးခဲ့ပြီးလိုအပ်တဲ့  ငွေကြေးထိန်း သိမ်းရာမှာအကုန်အကျသက်သာစေခဲ့ ပါတယ်။ LCR ရဲ့အသေးစိတ်ပြဌာန်းချက် အပြည့်အစုံကိုကနဦးက ပြဌာန်းခဲ့တဲ့  အတိုင်း၂၀၁၅ ခုနှစ်မှာမဆောင်ရွက် သေးဘဲ ၂၀၁၉ ခုနှစ်မှသာ စတင် အကောင်အထည်ဖော်မှာဖြစ်ပါတယ်။ ဘာဆယ် ကော်မတီမှာ ယူရိုနယ်မြေ က နိုင်ငံ ၂၇ နိုင်ငံလုံးက ကိုယ်စားပြု ပါဝင်ထားပါတယ်။ "အထူးသဖြင့်LCR ကို ကနဦး သတ်မှတ်ထားတဲ့အတိုင်း ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၁ ရက်မှာစတင်ကျင့်သုံးပါ မယ်။ ဒါပေမဲ့ အနိမ့်ဆုံးလိုအပ်ချက် ကို ၆၀ ရာခိုင်နှုန်းကစပြီးသတ်မှတ်ပါမယ်။ ၂၀၁၉ ခုနှစ်ဇန်နဝါရီ ၁ ရက်ရောက်မှ ရာနှုန်းပြည့်သတ်မှတ်မှာ ဖြစ်ပါတယ်" လို့ ဘာဆယ်ကော်မတီက ကြေညာပါ တယ်။