Main menu

Background

လိုင်စင်မဲ့၊ လိုင်စင်အလွဲ၊ လိုင်စင်အပိုနဲ့ ကန့်သတ်ကုန်များ စစ်ဆေးတွေ့ရှိနေရဆဲ

Wed, 01/16/2013 - 09:22 -- ydnar

စားသုံးသူအကာအကွယ်ပေးရေးနဲ့ တရားမဝင်ကုန်စည်စီးဆင်းမှုကို တားဆီးနိုင်ရန်အတွက် မြဝတီ-ရန်ကုန် ကုန်သွယ်မှုလမ်းကြောင်းပေါ်မှာ လှုပ်ရှားစစ်ဆေးရေးအဖွဲ့ (၂) ဖွဲ့ကို တာဝန်ချထားဆောင်ရွက်လျက်ရှိရာမှာ အများဆုံးစစ်ဆေးတွေ့ရှိနေရတာတွေကတော့ လိုင်စင်မဲ့သယ်ဆောင်လာသောပစ္စည်းများ (ဥပမာ-သကြားလုံး၊ ချည်ထည်၊ ပေါ်လီယက်စတာ၊ မျက်နှာသုတ်ပုဝါ၊ ဟင်းချိုမှုန့်၊ မုန့်မျိုးစုံ၊ အလှကုန်) လိုင်စင်အလွဲ (ဂျူတီ သက်သာ သောပစ္စည်းအမယ်နဲ့ ဂျူတီမြင့်တန်ဖိုးကြီးပစ္စည်းများ လွှဲပြောင်းတင်ဆောင်လာမှု၊ ဆီးသီးလိုင်စင်နဲ့ ဒူးရင်းသီး တင်သွင်းလာခြင်းမျိုး၊ model, country origin အလွဲအမှားများ) လိုင်စင်ပါ အရေအတွက်ထက် ပိုမိုတင်ဆောင် လာခြင်း၊ ကန့်သတ်ကုန်များ (အရက်၊ ဘီယာ၊ ဝိုင်၊ ပီကေ၊ ကိတ်မုန့်) များပဲဖြစ်ပါတယ်။

နိုဝင်ဘာ ၂၀ ရက်မှစပြီး မြဝတီ-ရန်ကုန် ကုန်သွယ်မှုလမ်းကြောင်းမှာMobile Team ကို စတင် တာဝန်ချ ထားပြီး Spot Check  စစ်ဆေးခြင်း၊ ကန့်သတ်ကုန်များသိမ်းဆည်းခြင်း၊ လိုင်စင်အပို၊ အလွဲများကို လိုင်စင်ပြန်လုပ် စေခြင်း၊ စားသုံးသူများကိုအန္တရာယ်ဖြစ်စေနိုင်မဲ့ အသားအစို၊ ဝမ်းတွင်းသားအစို၊ ကြက်ဥစသည် များကို မီးရှို့ဖျက်ဆီးမှုများလုပ်ဆောင်လျက်ရှိပါတယ်။ ပညာပေးကာလအဖြစ် ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက်မှ ၂၀၁၃ ခုနှစ် ဇန်နဝါရီလအထိ နှစ်လသတ်မှတ်ပေးထားတယ်လို့ သိရပါတယ်။စတင်ပညာပေးသည်မှ စရေတွက်လျင် ယခု ဇန်နဝါရီ ၁ ရက်မှ ၇ ရက်ထိ ရက်သတ္တပတ်ကာလဟာ သတ္တမမြောက်အပတ်ဖြစ်ပါတယ်။ သတ္တမမြောက်အပတ်အတွင်းမှာ ယာဉ် ၇၀ စီးအား Spot Check  စစ်ဆေး မှုပြုခဲ့ရာ လိုင်စင်မဲ့သယ်ဆောင်လာသောပစ္စည်းများ အလူမီနီယံအေ့စတင်ရှင်း  (Alluminium Extension)၊ ပိတ်၊ ပေါ်လီယက်စတာ၊ ပဲစိမ်းဘူး၊ အကြော်မုန့်၊ မုန်လာဥ၊ သာကူစေ့၊ မုန့်မျိုးစုံ၊ စားဆီ၊ ဆီးသီး၊ မင်းဂွတ်သီး၊ ငန်းပြားသီး၊ မန်ကျည်းသီး (အချို)၊ ကြက်သွန်နီ၊ ကြက်စာခွက်၊ ပန်းကန်စင်ခြင်းစတဲ့လိုင်စင်မဲ့ပစ္စည်းများ၊ လိုင်စင် အလွဲနဲ့ ပိုသယ်ဆောင်လာသော နဂါးမောက်သီး၊ ဒူးရင်းသီး၊ စားဆီ၊ System Unit  များနဲ့ ကန့်သတ်ကုန် ှစပ၊ ဝိုင်၊ ဘီယာ (ချန်း/တိုက်ဂါး)၊ ဝေဖာ၊ ကိတ်၊ ချိုချဉ်၊ ချောကလက်၊ သကြားလုံး၊ အုန်းနို့တို့ကို စစ်ဆေးတွေ့ရှိ ရနေဆဲဖြစ်တယ်လို့ သတင်းရရှိပါတယ်။ဇန်နဝါရီ ၂ ရက်က ယာယီထိန်းသိမ်းထားသော သစ်ခွ၊ နဂါးမောက်သီး၊ ပန်းသီး၊ မျက်နှာသုတ်ပုဝါ၊ စပျစ်သီး၊ ဒူးရင်းသီး၊ လစ်ပို၊ ငံပြာရည်နဲ့ ခရုဆီများကို ဂျူတီပေးဆောင်ခြင်း၊ လိုင်စင်လုပ်ခြင်းများ ပြီးစီးပြီဖြစ်၍ ပစ္စည်းရှင်သို့ ပြန်လည်ပေးအပ်ပြီးဖြစ်တယ်လို့ သတင်းရရှိပါတယ်။တရားမဝင် ကုန်သွယ်မှုထိန်းချုပ်တားဆီးရေးဗဟိုကော်မတီ ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်ဟာ ဇန်နဝါရီ ၆ ရက်မှာ ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်၊ အဗျားဗိုလ်တဲ ကျေးရွာတွင် Mobile Team အဖွဲ့၊ သက်ဆိုင်ရာတိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနဲ့ လက်ရှိညှိနှိုင်းဆောင်ရွက်ပေးရန်ရှိတာတွေကို ရှင်းလင်းလုပ်ဆောင်ပေးပြီး သတင်းမီဒီယာများ ရဲ့ အကြံပြု ဆွေး နွေးမေးမြန်းချက်များကို ဖြေကြားခြင်း၊ စစ်ဆေးရေးလက်တွေ့ လုပ်ဆောင်နေ တဲ့ ညောင်ခါးရှည်လမ်းဆုံသို့ ကွင်းဆင်း ကြည့်ရှုအားပေးမှုပြုခဲ့တယ်လို့ သိရပါတယ်။မြဝတီ-ရန်ကုန် ကုန်သွယ်မှုလမ်းကြောင်းပေါ်ရှိ  Mobile Team အဖွဲ့မှ Spot Check  စစ်ဆေး တွေ့ရှိ ချက်အရ သွင်းကုန်ပစ္စည်းများရဲ့ Model , Brand, Measurement, Country Origin အလွဲများတွေ့ရှိနေရခြင်း၊ လိုင်စင်/ID တွင်ဖော်ပြထားသော အမယ်များလွဲနေခြင်း၊ ပိတ်စအမျိုးအစားလွဲနေခြင်း၊ID မှာ ကရင်နဲ့ မွန် ပြည်နယ်တွင် အသုံးပြုရန်ဟုသာ တံဆိပ်တုံးနှိပ်ခတ်ထားသော်လည်း ပဲခူးတိုင်းဒေသကြီးတွင် စစ်ဆေးတွေ့ရှိနေ ရခြင်း၊ ကုန်တင်ယာဉ်များဟာ ID မူရင်းမပါဘဲ ကျောဘက်ခြမ်းမပါသောID မိတ္တူများသာပြနိုင်ခြင်းတွေ တွေ့နေရ တယ်လို့ အဗျားဗိုလ်တဲကျေးရွာမှာပြုလုပ်တဲ့ မီဒီယာများနဲ့ ရှင်းလင်းပွဲမှာသိရှိခဲ့ရပါတယ်။                 ဂန္ဓမာ