Main menu

Background

အိန္ဒိယ ပို့ကုန် သွင်းကုန်ဘဏ် ဖြစ်ပေါ်လာပုံနှင့် ပဏာမခြေလှမ်းများ

Wed, 01/16/2013 - 09:23 -- ydnar

ဘဏ်ဖြစ်ပေါ်လာပုံအိန္ဒိယနိုင်ငံ ပို့ကုန်သွင်းကုန်ဘဏ် (Export -Import Bank of India) သည် နိုင်ငံ၏ ပို့ကုန်ကိုငွေကြေးဖြည့်ဆည်း ထောက်ကူ ပေးလျက်ရှိသော ပထမတန်းအဖွဲ့အစည်းဖြစ်ပါသည်။ အိန္ဒိယပို့ကုန် သွင်းကုန်ဘဏ်ကို "၁၉၈၁ ခုနှစ် အိန္ဒိယနိုင်ငံ ပို့ကုန်သွင်းကုန်ဘဏ် အက်ဥပဒေ"(Export-Import Bank of India Act 1981) အရ ၁၉၈၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။  အိန္ဒိယအစိုးရသည် အိန္ဒိယမှတင်ပို့သော ပို့ကုန်များကို မြှင့်တင်ရန်သာမက အထွေထွေ စီးပွားရေးတိုးတက်မှုနှင့်အတူ နိုင်ငံ၏ ပြည်ပကုန်သွယ်မှုနှင့် ရင်းနှီး မြှုပ်နှံမှုတို့ကိုလည်း တိုးမြှင့်ရန်အတွက် ပို့ကုန် သွင်းကုန်ဘဏ်ကို စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပါသည်။အိန္ဒိယပို့ကုန်သွင်းကုန်ဘဏ် (Exim Bank of India) သည် နိုင်ငံဖြတ်ကျော်ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ရာတွင် တွန်းအားတစ်ရပ်ဖြစ်သည့်အပြင် သော့ချက်ကျသော အဖွဲ့အစည်း တစ်ခုလည်းဖြစ်သည်။ ကမ္ဘာပေါ်တွင်ရှိသော အခြားပို့ကုန်ချေးငွေ အေဂျင်စီများ (Export Credit Agencies) ကဲ့သို့ပင် ပို့ကုန်ချေးငွေ ထုတ်ချေးသူအဖြစ် စတင်ဆောင်ရွက်ခဲ့သော အိန္ဒိယပို့ကုန်သွင်းကုန် ဘဏ်သည် ကာလရှည်ကြာလာသည်နှင့်အမျှ ဖွံ့ဖြိုးတိုးတက်လာခဲ့ သည်။ တစ်နည်းအားဖြင့် အိန္ဒိယနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ ရှင် သန်တိုးတက်ရေးအတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက် သော အဖွဲ့အစည်းဖြစ်လာခဲ့ပါသည်။ အထူးသဖြင့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (Small and Medium Enter- prises-SMEs)ရှင်သန်ကြီးထွားရေးကို ပံ့ပိုးကူညီနိုင်ခဲ့သည်။ ထိုကဲ့သို့ပံ့ပိုးကူညီရာတွင် စီးပွားရေးလုပ်ငန်း၏ အဆင့်တိုင်းတွင်ရှိ သော ထုတ်ကုန်နှင့် ဝန်ဆောင်မှုအမျိုးမျိုးကို ပံ့ပိုးကူညီခဲ့ပါသည်။ တစ်နည်းအားဖြင့် နည်းပညာတင်သွင်းခြင်းနှင့် ပို့ကုန်အမျိုးအမယ် များပြားရေးမှသည် ပို့ကုန်ထုတ်လုပ်ခြင်း (Export production)  ၊ ပို့ကုန်ဈေးကွက်ဖော်ဆောင်ခြင်း (Export marketing)၊ သင်္ဘော မတင်မီနှင့် သင်္ဘောတင်ပြီးနောက်ပိုင်း ရင်းနှီးမြှုပ်နှံခြင်းနှင့် ပြည်ပ ရင်းနှီးမြှုပ်နှံမှုတို့အထိ ပံ့ပိုးကူညီခဲ့ပါသည်။

 
ပဏာမခြေလှမ်းများအိန္ဒိယ ပို့ကုန်သွင်းကုန်ဘဏ်၏ ပဏာမခြေလှမ်းများ သို့မ ဟုတ် စတင်လုပ်ဆောင်သော ဝန်ဆောင်မှု များမှာ အောက်ပါ အတိုင်း ဖြစ်ပါသည် - (၁)    အိန္ဒိယပို့ကုန်သွင်းကုန်ဘဏ်သည် အိန္ဒိယနိုင်ငံမှ ပြည်ပ သို့တင်ပို့ရန် အလားအလာရှိသည့် ပို့ကုန်များကို အဓိက တွန်းအားပေးသည့် အဖွဲ့အစည်းဖြစ်ပါသည်။ အိန္ဒိယ ပို့ကုန်သွင်းကုန်ဘဏ်သည် အလားအလာကောင်းသော ပို့ကုန်လုပ်ငန်းရှင်များကို ဘက်စုံဝန်ဆောင်မှုပေး ကူညီ ပါသည်။ အဆိုပါ ပို့ကုန်လုပ်ငန်းရှင်များ၏  ပို့ကုန် အဆက်အသွယ်များ တိုးပွားခိုင်မာရေးကို ကူညီဆောင် ရွက်ပေးပါသည်။ အထူးသဖြင့် ကမ္ဘာ့ဘဏ်၊  အာရှဖွံ့ဖြိုး ရေးဘဏ်၊ အာဖရိက ဖွံ့ဖြိုးရေးဘဏ်နှင့် ဥရောပပြန် လည်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးရေးဘဏ်ကဲ့သို့သော နိုင်ငံစုံငွေကြေးထောက်ပံ့သော အေဂျင်စီများ (Multi- lateral fumded agencies) ကပံ့ပိုးကူညီသော ပို့ကုန် အဆက်အသွယ်များတိုးတက်ခိုင်မာရေးကို ကူညီဆောင် ရွက်သည်။ (၂)    အိန္ဒိယပို့ကုန်သွင်းကုန်ဘဏ်သည် ပြည်ပငွေရေးကြေး ရေး အဖွဲ့အစည်းများ၊ ပြည်ပအစိုးရများနှင့် ၎င်းင်းတို့၏ အေဂျင်စီများသို့ ချေးငွေအမျိုးအစားများကို တိုးချဲ့ ထုတ်ချေးပါသည်။ ထိုကဲ့သို့  ထုတ်ချေးခြင်းအားဖြင့် အိန္ဒိယနိုင်ငံကထုတ်လုပ်သော ကုန်စည်နှင့် ဝန်ဆောင် မှုများကို ၎င်း တို့က ဝယ်ယူတင်သွင်းကြမည်ဖြစ်ပါသည်။ တစ်နည်းအားဖြင့် အိန္ဒိယနိုင်ငံထုတ် ကုန်စည်နှင့် ဝန် ဆောင်မှုများကို အကြွေးဝယ်ယူတင်သွင်းစေရန် အိန္ဒိယ ပို့ကုန်သွင်းကုန်ဘဏ်က ငွေကြေးထုတ်ချေးခြင်း ဖြစ် ပါသည်။ အိန္ဒိယ ပို့ကုန်သွင်းကုန်ဘဏ်သည် အိန္ဒိယပို့ ကုန်လုပ်ငန်းရှင်များအတွက် ချေးငွေအန္တရာယ်များ (Credit risks) မှလည်း ကာကွယ်ပေးသည်။ အထူး သဖြင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း လုပ်ကိုင်သော ပို့ကုန်လုပ်ငန်းရှင်များကို ချေးငွေအန္တ ရာယ်များမှ ကာကွယ်ပေးသည်။ (၃)    အိန္ဒိယ ပို့ကုန်သွင်းကုန်ဘဏ်၏ ပြည်ပရင်းနှီးမြှုပ်နှံ မှုငွေကြေးပံ့ပိုးကူညီရေး အစီအစဉ်က ပြည်ပ တွင်သွား ရောက် ရင်းနှီးမြှုပ်နှံလျက်ရှိသော အိန္ဒိယနိုင်ငံသား များအတွက် လိုအပ်ချက်အမျိုးမျိုး (A variety of facilities)  ကို ဖြည့်ဆည်းပေးသည်။ အဆိုပါ ဖြည့် ဆည်းပေးမှုများအဖြစ် ပြည်ပတွင် နိုင်ငံခြား လုပ်ငန်းများ နှင့် ငွေကြေးအရင်းအနှီး ပူးပေါင်းဆောင်ရွက်လိုသော အိန္ဒိယကုမ္ပဏီများကို ချေးငွေထုတ်ေ ချးခြင်းနှင့် ပြည်ပ လုပ်ငန်းများတွင် အိန္ဒိယ ပို့ကုန်သွင်းကုန်ဘဏ်က တိုက် ရိုက်ငွေကြေး  ထည့်ဝင်ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို တွေ့မြင်နိုင်သည်။ ထို့ပြင် တိုက်ရိုက်ငွေကြေး ထည့် ဝင်ခြင်း မဟုတ်သော လိုအပ်ချက်များကိုလည်း ဖြည့် ဆည်းပေးသည်။ ဥပမာအားဖြင့် ပြည်ပလုပ်ငန်းများက ပြည်တွင်းတွင် ငွေကြေးချေးယူခြင်းအတွက် ငွေကြေး ချေးငွေအမိန့်များထုတ်ပေးခြင်း ( Letters of Credit) နှင့် အာမခံချက်ပေးခြင်းတို့  (Guarantees)  ကို ဖြည့် ဆည်းပေးသည်။ (၄)    အိန္ဒိယပို့ကုန်သွင်းကုန်ဘဏ်သည် အိန္ဒိယ ရူပီးဖြင့်ဖြစ် စေ၊ နိုင်ငံခြားငွေကြေး များဖြင့်ဖြစ်စေ  ချေးငွေ များ ထုတ်ချေးခြင်းအားဖြင့် ငွေရေးကြေးရေး အကူအညီပေး ပါသည်။ ထိုကဲ့သို့ အကူအညီပေးရာတွင် လက်ရှိထုတ် လုပ်လျက်ရှိသော လုပ်ငန်းတိုးချဲ့ရန် သို့မဟုတ် အဆင့် မြှင့်တင်ရန်အတွက် လည်းကောင်း၊ ထုတ်ကုန်သစ်ထုတ် လုပ်ရန်အတွက်လည်းကောင်း ကူညီပေးသည်။ ထို့ပြင် ကုန်ထုတ်လုပ်ရာတွင် အသုံးပြုသော စက်ပစ္စည်းကိရိ ယာ သို့မဟုတ် နည်းပညာရရှိရေးအတွက်လည်း ငွေ ကြေးပံ့ပိုးကူညီပါသည်။ လိုအပ်ချက်များကို ဖြည့်ဆည်း ပေးရာတွင် ပို့ကုန်ဦးစားပေးထုတ်လုပ်သည့် အသေး စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ (SMEs)  ကို အဓိကထားကူညီပါသည်။(SMEs)   များ၏ ပို့ကုန်စွမ်း ရည်များ (Export capabilities) တိုးတက်ရေးနှင့် နိုင်ငံ တကာပြိုင်ဆိုင်နိုင်စွမ်း  (International compe- titiveness) မြင့်မားရေးအတွက် ရည်ရွယ်၍ ငွေရေး ကြေးရေး အကူအညီပေးခြင်းဖြစ်ပါသည်။ (၅)    အိန္ဒိယ ပို့ကုန်သွင်းကုန်ဘဏ်သည် ပို့ကုန်ဈေးကွက် ရှာဖွေရေးအတွက်  ငွေကြေးကူညီသော အစီအစဉ် (Export Marketing Finance Programme) ကို ထားရှိပါသည်။ ဤအစီအစဉ်အရ အိန္ဒိယပို့ကုန်သွင်း ကုန်ဘဏ်သည် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ၏ ပို့ကုန်ဈေးကွက်ဖော်ဆောင်ရေး လုပ် ဆောင်ချက်များအတွက် SME  များကို ထောက်ပံ့ပေး သည်။ မဟာဗျူဟာကျသော ပို့ကုန်ဈေးကွက်ဖွံ့ဖြိုးရေး စီမံကိန်းနှင့် စနစ်ကျသော ပို့ကုန်ဈေးကွက်ဖွံ့ဖြိုးရေး စီမံကိန်းများ (Strategic and systematic export market development plans) အကောင်အထည် ဖော်ခြင်းအတွက် လိုအပ်သော အသုံးစရိတ်များကို ပံ့ပိုး ကူညီပါသည်။ (၆)    အိန္ဒိယ ပို့ကုန်သွင်းကုန်ဘဏ်သည် ကျေးလက်ဖွံ့ဖြိုးရေး အစီအစဉ်ကိုလည်း ဆောင်ရွက်လျက်ရှိသည်။ ဤကဲ့သို့ ဆောင်ရွက်ခြင်း၏ အဓိကရည်ရွယ်ချက်မှာ အိန္ဒိယကျေး လက်လုပ်ငန်းများကို ကမ္ဘာ့ဈေးကွက်နှင့် ချိတ်ဆက်ပေး ရန်ဖြစ်သည်။ ထို့ပြင် ကျေးလက်လုပ်ငန်းများ၏ ပို့ကုန် စွမ်းရည်ကို  မြှင့်တင်ပြီး ကျေးလက်ဆင်းရဲသားများ အတွက် အကျုးိရှိစေရန်လည်း ရည်ရွယ်သည်။ (၇)SME  များကို ကူညီရန်အလို့ငှာ အိန္ဒိယ ပို့ကုန် သွင်း ကုန်ဘဏ်သည် ပို့ကုန်ဈေးကွက်ဖော်ဆောင်ရေးလုပ် ငန်း (Export Marketing Services-EMS) အစီ အစဉ်ကိုထားရှိသည်။ ESM မှတစ်ဆင့် ပြည်ပဈေး ကွက်များတွင်SME ထုတ်ကုန်များအလိုက် ဈေးကွက် ဖော်ဆောင်ရန်ဖြစ်သည်။ အလားအလာရှိသော စီးပွား ရေးလုပ်ငန်းမိတ်ဖက်များ ရှာဖွေဖော်ထုတ်ခြင်းမှသည် ပို့ကုန်အမှာစာများရရှိသည်အထိ အဆင့်တိုင်းတွင် ဝန် ဆောင်မှုပေးရန်ဖြစ်ပါသည်။ (၈)    အိန္ဒိယပို့ကုန်သွင်းကုန်ဘဏ်သည် ငွေရေး ကြေးရေး ပံ့ပိုးကူညီသည့် အစီအစဉ်များအပြင်  တန်ဖိုးရှိသော သတင်းအချက်အလက်များ၊ အကြံÓဏ်များနှင့် ဝန် ဆောင်မှုများကိုလည်း ဖြည့်ဆည်းပေးသည်။ ဤသတင်း အချက်အလက်နှင့် အကြံဉာဏ်များက ပို့ကုန်လုပ်ငန်း ရှင်များအား ဆုံးရှုံးနိုင်ခြေများနှင့် ပို့ကုန်အခွင့် အလမ်း များကို သုံးသပ်နိုင်စေပါသည်။ ထို့ပြင် ပို့ကုန်လုပ်ငန်း ရှင်များ၏ ပြိုင်ဆိုင်နိုင်မှုကို တိုးတက်ေ စပြီး နိုင်ငံတကာ ဈေးကွက်တွင် ရင်ပေါင်တန်း လုပ်ဆောင်လာစေနိုင်ပါ သည်။              Source:eximbankindia