Main menu

Background

ဘယ်အရာနဲ့မှ မလဲနိုင်ပါ

Wed, 01/16/2013 - 09:23 -- ydnar

ငယ်ငယ်တုံးက ကျောင်းနေဖက် သူငယ်ချင်း တစ်ယောက်နဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မထင်မှတ်ဘဲ လက် ဖက်ရည်ဆိုင်မှာဆုံဖြစ်ပါတယ်။ သူရော၊ ကိုယ်ရောဒေသသားတွေ မဟုတ်ကြဘဲ နယ်မှာနေခဲ့ကြ တဲ့ ကျောင်းနေဖက် သူ ငယ်ချင်းတွေပါ။ တွေ့တုန်း စကားပြော ရင်း အလုပ်အကိုင်အကြောင်းလည်း ပါပါတယ်။ ကိုယ်ကတော့ နိုင်ငံဝန်ထမ်း တစ်ဦးဖြစ်ကြောင်းပြောရင်း သူ့ကို လည်း မေးမိပါတယ်။ သူငယ်ချင်း ဘာ တွေလုပ်နေလဲဆိုတော့ ငါ "လေလာ ရောင်းတာပါ"။ ဘာလဲဟ၊ ဘာကိုဆို လိုတာလဲဆိုတော့ ကျူရှင်လာပြတာ ပါတဲ့။ စာသင်ရင်း ရေးရ ပြောရနဲ့ ဆို တော့ လေလာရောင်းတယ်လို့ တင်စား ပြောတာပါ။ အချိန်တန်လို့ လမ်းသာခွဲ လာခဲ့ကြတယ်၊ သူပြောတဲ့ လေလာ ရောင်းတယ်ဆိုတဲ့စကား နားထဲက မ ထွက်သလို အတွေးနက်နက်ဝင်လို့ စဉ်း စား ကြည့်နေပါတယ်။

လူရယ်လို့ဖြစ်လာရင် ကိုယ့်ဘ၀ တိုးတက်ဖို့၊ ကိုယ့်မိသားစုအခြေတင့်ဖို့ ကြိုးစားလုပ်ကိုင်ကြတာ ဓမ္မတာ ပါ။ လှုပ်ဟယ်၊ ရှားဟယ်၊ လုပ်ဟယ်၊ ကိုင် ဟယ်နဲ့ မနေမနားကြိုးစားရပါတယ်။ စာ အစမှာရေးထားသလို မိမိအလုပ်နဲ့ ဆီလျှော်စွာကိုက်ညီတာကို လာရောက် လုပ်ကိုင် ဆောင်ရွက်ကြရပါတယ်။ ဒေသတစ်ခုမှတစ်ခုသို့ မြို့နယ် တစ်မြို့ နယ်က အခြားမြို့နယ်တစ်မြို့နယ်သို့ သွားလာကူးသန်းလုပ်ကြရတာပါ။ မဆန်းပါဘူး။ မဆန်းတာကို ဘာလို့ရေး နေတာလဲဆိုတော့ ခုတလော သတင်း စာဂျာနယ်တွေမှာ ဖတ်ရပါတယ်။ ၂၀၀၈ ခုနှစ်တုန်းက ကုန်သေတ္တာ ယာဉ်မှာ မြန်မာနိုင်ငံသား၊ ပြောင်းရွှေ့ အလုပ်သမား ၅၄ ဦး အသက်သေဆုံး လို့၊ လူမှောင်ခိုကူးမှုအတွက် ထိုင်း နိုင်ငံသား ၄ ဦးကို ထောင်ဒဏ် ၁၀ နှစ် ပြစ်ဒဏ် ချမှတ်လိုက်တဲ့ သတင်း၊ မြန်မာနိုင်ငံသား သေဆုံးသူ ၅၄ ဦးအား ဖူးခက် အပန်းဖြေကျွန်းမှာ နေ့စား အလုပ်သမား လုပ်ကိုင်ဖို့ (၆ x ၂)  ဒသမ ၂ မီတာ ကုန်သေတ္တာအတွင်း ထည့်သယ်ရင်း လေမဝင်လို့ အသက်ရှူ ကျပ် သေဆုံးရတာပါ။ နောက်တခါ မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသား အလောင်း ၃ လောင်း တွေ့ရှိတဲ့သတင်း၊ဖြစ်စဉ်ကမြန်မာအလုပ် သမား ၄ ဦး အလုပ်မှ ပြန်အလာ၊ လူ အများ စုပေါင်းပြီး ရိုက်နှက် လုယူလို့ တစ်ယောက်က လွတ်မြောက် ထွက် ပြေးပြီး၊ သက်ဆိုင်ရာကိုတိုင်လို့ တွေ့ရ တဲ့အလောင်း ၃ လောင်း၊ အနိဋ္ဌာရုံ သတင်းတွေဟာ ပေါင်းစည်း ဆက်နွှယ် မှုစဉ်းစားကြည့်ရင်ကိုယ့်နိုင်ငံမှာ အလုပ် အကိုင်မရှိလို့လား၊ ရှိတဲ့ အလုပ်အကိုင် လုပ်ရင် ရလာတဲ့ဝင်ငွေနည်းလို့လား၊ ဒီထက်မက ကြီးပွားချမ်းသာချင် လို့ လား။ ကိုယ့်နိုင်ငံ ဝင်ငွေထက် သူတစ် ပါးနိုင်ငံကဝင်ငွေကောင်းလို့သွားရောက် လုပ်ကိုင်ကြတာလား၊အရောင်းအဝယ် သွားတာလား၊ တရားမဝင် အောက် လမ်းက သွားတာလား၊ အညာဒေသ က ရွာတွေမှာ နိုင်ငံခြားသွားချင်တဲ့ ရောဂါပိုးတစ်မျိုးဝင်လို့ ရှိတဲ့ယာကလေး ရောင်း၊ အိမ်ကလေး၊ ဝိုင်းကလေး ပေါင် သွားစေသတည်းလို့ မိဘများ လုပ်ကိုင် ဆောင်ရွက် ပေးရတာတွေ အများ ကြီးပါ။ နိုင်ငံခြားကို သွားလုပ်ကိုင်ကြရင် အဆင်ပြေကြပြီလား။ ကြီးပွား တိုး တက်လာကြပြီလား၊ သွားရောက်လုပ် ကိုင်သူ အယောက် ၁၀၀ မှာ ၁၀ ဦး အဆင်ပြေကြသလား၊ပြေလည်ပါတယ် ဆို တဲ့ ၁၀ ဦးကရော၊ သူတစ်ပါးတိုင်း ပြည်မှာ ဘာလုပ်ကြရတာလဲ၊ အလိမ်ခံ ထားရ၊ အနှိမ်ခံကြရ၊ ပြောထားတာက တစ်မျိုး၊ ဟိုရောက်တော့ လုပ်ရကိုင်ရ တာက တခြား၊  အမျိုးမျိုးသော ဒုက္ခ တွေ ပင်လယ်ဝေခဲ့ကြတာတွေ ကြားရ သိရပါတယ်။ ဖတ်ရတဲ့ သတင်းတွေ ထဲကလို အသက်တွေဆုံးရှုံးကြရင် မစဉ်းစား ရဲစရာတွေပါ။ ကိုယ့်နိုင်ငံကလူ၊ ပြည်ပထွက် အလုပ်ရှာကြတော့ ပြည်တွင်းမှာကျန်တဲ့ မိသားစု လက်ကျန်ယာကလေး၊ ကိုင်း ကလေး လုပ်ကိုင်နေကာ မိသားစုလုပ် အားနည်းသွားတော့ အလုပ်သမား ထပ်ရှာကြရ၊ ငှားကြရ၊ ငှားတဲ့လုပ်သား က အိမ်သားလို စေတနာမပါတော့ ထွက်သင့်သလောက် မထွက်ဘဲ လေ လွင့်နေတာထက်ပိုပြီး လေလွင့်တယ် ဆိုတော့ ဆုံးရှုံးကြရတာပဲ။ တိုင်းပြည် တစ်ပြည်မှာဖြစ်စေ၊ နိုင်ငံတစ်နိုင်ငံ မှာဖြစ်စေ၊ သဘာဝတရားက ပေးတဲ့ အရင်းအမြစ်တွေ ရှိပါတယ်။ အဲဒီ သဘာဝတရားကပေးထားတဲ့ ရေ၊ မြေ သဘာ၀ အရင်းအမြစ်ကို အသုံးချရမဲ့ အသုံးပြုရမဲ့ လူသားအရင်းအမြစ်ဆို တာလည်း ရှိနေရမှာပါ။ အထက်ဖော်ပြပါ အကြောင်း အရာတွေအရဆိုရင် ကိုယ့်နိုင်ငံက လူသားအရင်းအမြစ်တွေ ဆုံးရှုံးနေ သလို ဖြစ်နေတာတော့ အမှန်ပါ။ မြင်သာပွင့်လင်းတဲ့ အစိုးရသစ် လက် ထက်မှာ ပြည်တွင်းပြည်ပရင်းနှီးမြှုပ် နှံလုပ်ကိုင်ကြရအောင်ဖိတ်ခေါ်ဆောင် ရွက်နေကြတာ အားလုံးအသိပဲဖြစ်ပါ တယ်။ သူတစ်ပါးနိုင်ငံတွေက ကိုယ့် နိုင်ငံရဲ့ အရင်းအမြစ်တွေကို နည်း ပညာ၊ အတတ်ပညာအသာနဲ့ ထုတ် လုပ်ကြဖို့ လာရောက် အပြိုင်အဆိုင် ကမ်းလှမ်းကြိုးပမ်းလုပ်ဆောင်ကြရင် ကိုယ့်နိုင်ငံအတွင်းက ပြည်သူပြည်သား များအနေနဲ့ အလုပ်အကိုင် အခွင့် အလမ်းတွေဆိုတာလည်း ကိုယ်မှာရှိတဲ့ အရည်အချင်းနဲ့ လိုက်လျော ညီစွာ ထွက်ပေါ်လာတော့မှာဖြစ်ပါတယ်။ ပြီး တော့ သူတစ်ပါးနိုင်ငံသွား အလုပ် လုပ် ရင်း ရရှိတဲ့ဝင်ငွေ၊ ကိုယ့်နိုင်ငံအတွင်း အလုပ် လုပ်ရင်း ရရှိတဲ့ဝင်ငွေ ကွာခြား မှု ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမဲ့ လုံခြုံ နွေးထွေးပြီး မိသား စုနဲ့ အလှမ်းမကွာနေထိုင်ရတဲ့ အရသာ ဟာ ဘယ်ဟာနဲ့မှ လဲလို့မရပါဘူး။ စဉ်း စားကြစေလိုပါတယ်။ သူများနိုင်ငံမှာ တရားဝင်သွားလုပ်ကြတာ တောင် အနှိမ်ခံရရင်၊ တရားမဝင် အောက်လမ်း ကသွားနေကြတဲ့လူတွေရဲ့အခြေအနေ ကို မကြားချင်အဆုံးပါ။ ကိုယ့်သူငယ် ချင်း ပြောသလို လေလာ ရောင်းတာ၊  ပြည်ပကိုလုပ်အား သွားရောင်းကြတာ တွေကြောင့် အသက်ဆုံးရှုံးမှု၊ လုပ်အား ဆုံးရှုံးမှုဆိုတာတွေ ရှိနေတာကြောင့် ပြောင်းလဲလာမဲ့၊ပြောင်းလဲနေတဲ့ အခြေ အနေတွေမှာ ကိုယ့်နိုင်ငံရဲ့ လုပ်အား၊ သူတစ်ပါး နိုင်ငံသွား မရောင်းဘဲ ပြည် တွင်းမှာပဲ အသုံးပြုပြီး ပြည့်အင်အား ဟာ ပြည်တွင်းမှာပါဆိုတာကို သတိ ထားကြစေလိုကြောင်းပါ။