ပြည်တွင်းဆန်ဈေး ပြန်လည်မြင့်မားလာစေရန် ဆန်မွှေးမဟုတ်သော သာမန်ဆန်အမျိုးအစားများကို ပြည်ပသို့ တင်ပို့ခွင့်ပြုသွားရန် စီစဉ်နေ
ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း စပါးထွက်နှုန်းမြင့်မားလာတဲ့ အတွက်စပါးဈေးနှုန်းများ ကျဆင်းနေတယ်လို့ ဘင်္ဂလား ဒေ့ရှ် ကုန်သွယ်ရေးကော်ပိုရေးရှင်း (TCB) က သတင်းထုတ်ပြန် ထားတယ်။ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ကပြည် တွင်း စပါးဈေးနှုန်းမှာ တစ်ကီလိုကို ၃၂ တာကာ (တစ်တန်ကို ၃၉၅ ဒေါ်လာ)ဖြစ်တယ်လို့သိရတယ်။ ကုလသမဂ္ဂစားနပ် ရိက္ခာ နဲ့ လယ်ယာစိုက်ပျိုးရေးအဖွဲ့အစည်း(FOB) ရဲ့ခန့်မှန်း ချက်အရ ဘင်္ဂလားဒေ့ရှ် ဟာ ၂၀၁၂ ခုနှစ်အတွင်း စပါးတန် ချိန်စုစုပေါင်း ၅၁ ဒသမ ၃ သန်း(ဆန်တန်ချိန် ၃၄ ဒသမ ၂ သန်းဝန်းကျင်)အထိ ထုတ်လုပ်နိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်း ထားရာ ၂၀၁၁ က ထုတ်လုပ်မှုထက် ၁ ဒသမ ၂ ရာခိုင်နှုန်း ဝန်းကျင်ပိုမိုခဲ့တယ်လို့ သိရတယ်။ ၂၀၁၁ ခုနှစ်က စပါးတန် ချိန် ၅၀ ဒသမ ၇ သန်းဝန်းကျင် (ဆန်တန်ချိန် ၃၃ ဒသမ ၈သန်း) ဝန်းကျင် ထွက်ရှိခဲ့တယ်လို့ သိရတယ်။
ဒီလိုနှစ်နှစ်ဆက်တိုက် စပါးထွက်နှုန်း ကောင်းမွန်လာ ခြင်း၊ ပြည်သူတွေကို ဆန်ဖြန့်ဖြူးရောင်းချမှု အခြေအနေ တိုးတက်မှုရှိလာခြင်း၊ အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှတစ်ဆင့် ဈေးချိုတဲ့ အိန္ဒိယဆန်များ ဝယ်ယူနိုင်ခြင်းတို့ကြောင့် ၂၀၁၂ ခုနှစ် ဒုတိယနှစ်ဝက်အတွင်း စပါးဈေးနှုန်းတွေကျဆင်းကာ တစ်ကီလိုကို ၂၈ တာကာ-၂၉ တာကာ (တစ်တန်ကို ၃၄၅ ဒေါ်လာမှ ၃၆၀ ဒေါ်လာအကြား) မှာသာရှိခဲ့တယ်။ စပါးဈေးတွေကျဆင်းရာ လယ်သမားများစိတ်ပျက်ကြ ပြီး အမြတ်ရနိုင်တဲ့ အခြားသီးနှံများကို ပြောင်းလဲ စိုက်ပျိုးကြဖို့ စိတ်ဝင်စားနေကြကြောင်း သိရတယ်။ ဒါ့ကြောင့် ဘင်္ဂလား ဒေ့ရှ် အစိုးရအနေနဲ့ ပြည်တွင်း ဆန်ဈေးပြန် လည် မြင့်မား လာစေဖို့ ဆန်မွှေးမဟုတ်တဲ့ သာမန်ဆန်အမျိုးအစားများကို ပြည်ပသို့ တင်ပို့ခွင့်ပြုသွားဖို့ စီစဉ်နေတယ်လို့ သိရတယ်။ ဆန်မွှေးတင်ပို့မှုကို ၂၀၀၈ ခုနှစ် နိုဝင်ဘာလမှစပြီး တင်ပို့ခွင့် ပိတ်ပင်ထားခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရက ၂၀၁၂ ခုနှစ် မေလ မှ စပြီး ပြန်လည်တင်ပို့ခွင့်ပြုခဲ့တယ်လို့ အင်တာနက် သတင်း အရ သိရပါတယ်။ ပပ
