အဝယ်သွက်နေတဲ့ ပြည်တွင်း ဆန်၊ စပါးဈေးကွက်

ရန်ကုန်တိုင်းဒေသကြီး ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း) ရဲ့ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့စပါးဆန်ဈေးကွက်မှာ ဧည့်မထ လတ်စတစ်အိတ် ၁၄၅၀၀ ကျပ်၊ ပေါ်ဆန်းဆန်လတ်စတစ်အိတ် ၁၈၅၀၀ ကျပ်ဖြစ်ပြီး ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ရင် ဈေးအနည်းငယ် တက်လာပါတယ်။ ယခုကာလဟာ အစိုဓါတ် မီနေခြင်းကြောင့် အစို ဓာတ်မီတဲ့စပါးကောင်းများကို လှောင်လက်များကဝယ်လှောင်နေ ခြင်း၊ MAPCO ကလည်း အချောစပါးများ ဝယ်နေခြင်း၊ တိုင်းဒေသ ကြီးအတွင်း အရန်ဆန်ဝယ်ယူဖို့ စီစဉ်နေခြင်း၊ အချို့တိုင်းေ ဒသကြီးနဲ့ ပြည်နယ်များကလည်း စပါးများပါဆွဲနေခြင်းများကြောင့် စပါး၊ ဆန်ဈေးများ တက်လာရခြင်းြ ဖစ်ကြောင်း၊ တရုတ်လိုင်းမှလည်း စပါး၊ ဆန်၊ လုံးတီး၊ ဆန်ကွဲ အကုန်ဆွဲနေကြောင်း၊ နှစ်ကူးအမီ ပစ္စည်းစုံ ဆွဲ နေလို့ စပါး၊ ဆန်ဈေးတက်ရကြောင်း၊ နှစ်ကူးပြီးရင် ဈေးပြန်ကျနိုင် ကြောင်း ဆန်ဈေးကွက်မှ စုံစမ်းသိရှိရပါ တယ်။

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ရဲ့ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့ စပါး၊ ဆန်ဈေးကွက်မှာ ဧည့်မထ စပါးဈေး တစ်တင်း ၄၂၀၀ ကျပ်၊ ဆန်လတ်စတစ်အိတ် ၁၆၀၀၀ ကျပ်၊ ပေါ်ဆန်း ဆန် လတ်စ တစ်အိတ် ၂၃၀၀၀ ကျပ်ဖြစ်ပါတယ်။ ယခင်တစ်ပတ်နဲ့ နှိုင်း ယှဉ်ရင် ဆန်ဈေး၊ စပါးဈေးအနည်းငယ်တက်လာပါတယ်။ ပေါ်ဆန်း ဆန်ဝင်ရောက်မှုနည်းပါးပြီး လှောင်လက်သမားများ အဝယ်လိုက်လာ တဲ့အတွက် ဖြစ်ကြောင်း သိရပါတယ်။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရဲ့ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့ စပါး၊ ဆန်ဈေးကွက်မှာ ဧည့်မထ စပါးဈေး တစ်တင်း ၃၄၉၆ ကျပ်၊ ဆန်လတ်စတစ်အိတ် ၁၃၀၀၀ ကျပ်၊ ပေါ်ဆန်းစပါး ဈေး တစ်တင်း ၄၅၅၆ ကျပ်၊ ဆန်လတ်စတစ်အိတ် ၁၈၀၀၀ ကျပ်ဖြင့် ယခင်တစ်ပတ်အတိုင်း ဈေးငြိမ်နေပေမဲ့ တရုတ်အဝယ် လိုက်ခြင်း၊ ရန်ကုန်ဈေးအနည်းငယ်မာခြင်း၊ ပုသိမ်အရန်ဆန်တန်ချိန် ၁၈၀၀ ခန့်ဝယ်ရန်ရှိခြင်းတို့ကြောင့် အရောင်းအဝယ် သွက်နေတယ်လို့ စုံစမ်း သိရှိရပါတယ်။ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ရဲ့ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့ စပါး၊ ဆန်ဈေးကွက်မှာ ပေါ်ဆန်းစပါးဈေး တစ်တင်း ၄၆၀၀ ကျပ်၊ ဆန်လတ်စတစ်အိတ် ၁၈၀၀၀ ကျပ်၊ ဧည့်မထစပါးဈေး တစ်တင်း ၃၃၀၀ ကျပ်၊ ဆန်လတ်စ တစ်အိတ် ၁၃၀၀၀ ကျပ်ဖြစ်ပါ တယ်။ ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ရင် စပါးဈေးများငြိမ်နေပြီး ဧည့် မထရဲ့ ဆန်ဈေးကတော့ အနည်းငယ်တက်လာပါတယ်။ နိုင်ငံတော် အရန်ဆန်ဝယ်ယူခြင်း၊ တပ်ရိက္ခာဝယ်ယူခြင်းအပြင် တချို့ကုန်သည်၊ စက်ပိုင်တွေက စပါးကုန်ကြမ်းရရှိရေး အပြိုင်ဆောင်ရွက်ခဲ့ကြလို့ စပါး၊ ဆန်ဈေးအနည်းငယ် တက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။ ဆန် ချောအဟောင်း ဈေးကွက်အတွင်း လက်ကျန်နည်းပါးသွားတာရယ်၊ ဆန်ချောအဟောင်းဈေးနှုန်းကလည်း အသစ်ဈေးထက် မြင့်မားနေ တာကြောင့် စားသုံးသူတွေ ဆန်ချောအသစ် ဘက် ပိုမိုဦးလှည့်လာ တာကြောင့် ဖေဖော်ဝါရီလလောက်ဆိုရင် စားသုံးသူတွေ မိုးရာသီ အတွက် လှောင်တတ်တာ ဖြစ်လို့ တက်ရိပ်ရှိနိုင်ကြောင်း စုံစမ်းသိရှိ ရပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ရဲ့ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့ စပါး၊ ဆန်ဈေးကွက်မှာ ဧည့်မထ(မနော်) စပါးဈေး တစ်တင်း ၄၈၅၀ ကျပ်၊ ဧည့်မထ(မနော်) ဆန်လတ်စ တစ်အိတ် ၁၉၅၀၀ ကျပ်၊ ပေါ်ဆန်းဘေးကြား စပါးဈေးတစ်တင်း ၇၂၀၀ ကျပ်နဲ့ လတ်စဆန်တစ်အိတ် ၂၄၅၀၀ ကျပ်ဖြစ်ပါတယ်။ ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ရင် စပါးဈေးအနည်းငယ်တက်လာပြီး ဆန်ဈေးများက ငြိမ်နေပါ တယ်။ ရွှေဘိုေ ပါ်ဆန်းစပါး တစ်မျိုးတည်းသာ လှောင် လက်များ အဝယ်လိုက်လို့ စပါးဈေးအနည်းငယ်တက်ပေမဲ့ ဆန်ဈေး ကတော့ အေးနေလို့ စက်ပိုင်တချို့ အဝယ်နားထားပြီး ဈေးသက် သာတဲ့နယ်များကို ဆင်းဝယ်ေ နကြောင်း သိရပါတယ်။ ဧည့်မထ (မနော်) စပါးမှာလည်း ခြောက်လာပြီဖြစ်လို့ အဝယ်လိုက်လာတာ ကြောင့် စပါးဈေးအနည်း ငယ်တက်လာပြီး ဆန်ဈေးငြိမ်ပြီး အရောင်း အဝယ်အေးနေကြောင်း သိရပါတယ်။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရဲ့ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့ စပါး၊ ဆန်ဈေးကွက်မှာ ဧည့်မထစပါးဈေး တစ်တင်း ၂၈၇၅ ကျပ်၊ ဆန်လတ်စတစ်အိတ် ၁၁၀၀၀ ကျပ်၊ ပေါ်ဆန်းစပါးတစ်တင်း ၃၇၇၅ ကျပ်၊ ဆန်လတ်စ တစ်အိတ် ၁၆၀၀၀ ကျပ်ဖြစ်ပါတယ်။ ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ရင် တပ်ရိက္ခာဝယ်ယူခြင်း၊ အရန်ဆန် တန် ၃၀၀၀ ဝယ်ယူရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိနေခြင်းတို့ကြောင့် ဧည့်မထစပါး၊ ဆန်ဈေး အနည်းငယ်တက် လာပြီး ပေါ်ဆန်းဆန် ဈေးက အနည်းငယ်ကျဆင်းပါတယ်။ ပေါ်ဆန်း ဆန်အဟောင်းကို သာ စားသုံးမှုများနေပြီး အသစ်ကိုမူ အဝယ်မလိုက် ဖြစ်နေကြောင်း သိရပါတယ်။                                                 MIRT - MAPT