အိန္ဒိယတွင် ဆောင်းပဲစိုက်ပျိုးမှု ယခင်နှစ်ကာလတူထက် ဟက်တာ ၅၇၀၀၀ မြင့်လာ၊ ပဲဈေးများကျဆင်းပြီး၊ ကုလားပဲမှာမူ ကြိုပွိုင့်ဈေးဆက်တက်လာ
အိန္ဒိယမွန်ဘိုင်းဈေးကွက်မှာ ပဲခွဲစက်များနဲ့ ကုန်သည် များ အဝယ်အေးတဲ့အတွက် မြန်မာပဲဈေးများကျဆင်း လာခဲ့ ပါတယ်။ ကုလားပဲကတော့ ရာဂျက်စသန်ပြည်နယ်ရှိ ဂျိုက်ပါ ဈေးကွက်နဲ့ မဒ္ဒရာပရာဒေ့ရှ်ပြည်နယ် ဘဒ်နဂါ ဈေးကွက်တွေ မှာ ဝယ်လိုအားနည်းနေတာကြောင့် ဈေးကျခဲ့ပါတယ်။ မဒ္ဒရာ ပရာဒေ့ရှ်ပြည်နယ်က ဂဒါ၀ ရ ဈေးကွက်မှာတော့ ပဲစင်းငုံကို အဝယ်လိုက်လို့ဈေးတက်နေပါတယ်။ကာနာတာကာနဲ့ မဟာ ရာရှ်တရာပြည် နယ်တွေမှာ ကုလားပဲစတင်ထွက်ရှိနေပြီ ဖြစ် ပါတယ်။ NCDEX ကုန်စည်ဒိုင်မှာ ကုလားပဲကို ဇန်နဝါရီလ ၂၀၁၃ စာချုပ်ချုပ်ဆို ရောင်းချတဲ့ဈေးဟာ လက်ရှိဈေးကနေ ၃-၇ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပါတယ်။
ဒီရက်ပိုင်းထဲမှာ သြစတြေးလျ၊ ကနေဒါ၊ မြန်မာ၊ တန် ဇန်းနီးယား၊ မာလာဝီ၊ အမေရိကန်ပြည်ထောင်စုက ပဲတွေ အိန္ဒိယကို ဝင်ရောက်နေတာ တွေ့ရပါတယ်။ ဇန်နဝါရီ ၁၅ ရက်နေ့က အိန္ဒိယ JNPT ဆိပ်ကမ်းကို မာလာဝီ ပဲစင်းငုံ ၆၅ လုံး၊ တန်ဇန်းနီးယား ပဲစင်းငုံ ၁၅ လုံး၊ ကုလားပဲ ၃ လုံး၊ မြန်မာပဲစင်းငုံ ၁၀ လုံး၊ ကင်ညာပဲတီစိမ်း ၃ လုံး၊ ကနေဒါ ပဲရာဇာ ကွန်တိန်နာ ၁၀ လုံး၊ သြစတြေးလျ ကုလားပဲ ကွန် တိန်နာ ၂၄ လုံး၊ အမေရိကန်ပြည်ထောင်စုက ကုလား ပဲဖြူလုံးကြီး ကွန်တိန်နာ ၃ လုံး၊ သြစတြေးလျ Massor ကွန်တိန်နာ အလုံး ၃၀ ရောက်ရှိခဲ့ပါတယ်။ စိုက်ပျိုးရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဇန်န ဝါရီလ ၁၁ ရက်နေ့အထိ ဆောင်းပဲစိုက်ပျိုးမှုဟာ ၁၄၀ ဒသမ ၈၇ ဟက်တာသိန်းရှိနေပြီး ယခင်နှစ်ကာလတူ ၁၄၀ ဒသမ ၃၀ ဟက်တာသိန်းထက် ဟက်တာ ၅၇၀၀၀ ပိုမိုစိုက်ပျိုး နိုင်ခဲ့ကြောင်း သိရပါတယ်။ နှင်းဧကရီ - MAPT
