Main menu

Background

တာဝန်ကိုယ်စီ ကျေကြစို့

Mon, 01/21/2013 - 04:46 -- ydnar

၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလဆန်းမှာ တစ်ပိဿာ ထိပ်စ ၇၅၀ ကျပ်၊လတ်စ ၆၀၀ ကျပ်၊အောက်စ ၂၀၀ ကျပ်ဖြစ်နေတဲ့ ကြက်သွန် နီ ဟာ ဇန်နဝါရီလဝက်မှာ ထိပ်စ ၅၂၅ ကျပ်၊ လတ်စ ၄၅၀ ကျပ်၊ အောက်စ ၁၀၀ ကျပ်ဈေးထိ ဆင်းလာတာကို တွေ့ရပါတယ်။ အဝင် အနေနဲ့ ပခုက္ကူကုန်စည်ဒိုင်မှာ ပိဿာချိန် တစ်သောင်းေ ကျာ် နေ့စဉ် အဝင်ရှိနေတာတွေ့ရပါတယ်။ ရေစကြိုနယ်ဘက်က စိုက်ပျိုး ထုတ် လုပ်ကြတဲ့တောင်သူတွေကတော့ မုံရွာ၊မြင်းခြံ၊ ပခုက္ကူမြို့နယ်က ဈေး တွေကို မေးမြန်းပြီး ဈေးသင့်ရာဘက်ကို ထွက်တယ်လို့လည်း ကြားသိ ရပါတယ်။

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်ကို ကြက်သွန်နီကားစီးရေ ၂၀ ဝန်းကျင် ပခုက္ကူ၊ ဆိပ်ဖြူ၊ မြင်းခြံ၊ မြစ်သားအစရှိတဲ့  နယ်စုံက အဝင်တွေရှိတယ်လို့ ကြက်သွန်လောကသတင်းတွေလည်း ရရှိပါ တယ်။ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့က ဆိပ်ဖြူကုန်စည် ဒိုင်ကို သွားရောက်လေ့လာခဲ့ပါတယ်။ ကြက်သွန်နီအဓိကစိုက်ပျိုးရာ ဒေသဆိုတော့ ကုန်စည်ဒိုင်မှာ ကြက်သွန်အရောင်း အဝယ်လုပ်နေ တာ တွေ့ရပါတယ်။ အဲဒီကနေ့က ဆိပ်ဖြူကုန်စည်ဒိုင် မှာ ဆိပ်ဖြူနယ်က ကြက်သွန်နီ စိုက်ပျိုးထုတ် လုပ်ကြတဲ့ ဒေသက တောင်သူတွေ ကိုယ် တိုင်၊ ကားကြီးကားငယ် အသွယ်သွယ်နဲ့လာေ ရာက် ရောင်းချေ နတာ တွေ့ရပါတယ်။ ဝယ်မယ့် ပွဲစားများက နံပါတ်စဉ် အလိုက် ဂေါ်လီ နှို က်ပြီး၊ ပြတ်ဈေးနဲ့ အရောင်းအဝယ်လုပ်နေတာတွေ့ရပါတယ်။ အဝင် ပိဿာချိန် ၅ ထောင်ကျော်ကျော် ရှိပြီး၊ ဈေးတွေ အနေနဲ့ ထိပ်စ ၃၈၀ ကျပ်၊လတ်စ ၃၇၀ ကျပ်၊ အောက်စ ၂၅၀ကျပ်ဈေးတွေ အရောင်းအဝယ်ဖြစ်တာတွေ့ ရပါတယ်။  ဇန်နဝါရီလ ၁၆ ရက်မှာ ကြက်သွန်အပြင် ပဲ၊ မန်ကျည်း၊ ဆီးသီးအခြာသီးနှံတွေ ဒိုင်မှာတင်ပြီး အရောင်းအဝယ် လုပ်ကြဖို့ နှိုးဆော်ထားတာတွေ၊ ၂၀၁၃ ခုနှစ်၊ ကြက်သွန်နီ(ပင်စိုက်) အရည်အသွေးမြင့် အထွက်တိုးပြိုင်ပွဲ စည်ကမ်း ချက်များနဲ့အတူ လျှောက်လွှာ ပုံစံကို ရပ်ရွာအုပ်ချုပ်ရေးမှူးမှတစ်ဆင့် စိုက်ပျိုးသူ မည်သူမဆို စာရင်းပေးသွင်းယှဉ်ပြိုင်နိုင်ကြောင်း၊ အဲဒီ အစီအစဉ်ကို LNGO အဖွဲ့ဖြစ်တဲ့ MBCA အဖွဲ့မှ ပံ့ပိုး ကူညီတာ ဖြစ်ပြီး၊ဆိပ်ဖြူကုန်စည်ဒိုင်မှ စည်းကမ်းချက်နဲ့အညီ ဆုရွေးချယ် ပေး သွားမှာဖြစ်ကြောင်းဆိပ်ဖြူ ကုန်စည်ဒိုင်မှာ ကြော်ငြာတွေ ကပ်ထား တာတွေ့ရပါတယ်။ ကုန်စည်ဒိုင်ဖွင့်တာ မကြာသေးပေမယ့် အရှိန်ရအောင် ကြိုးစား နေတာတွေ တွေ့ရတော့ ဆိပ်ဖြူကုန်စည်ဒိုင်မှာ တာဝန်ယူ လုပ် ကိုင်နေကြသူတွေကို လေးစားမိပါတယ်။ နယ်က ကိုယ်တိုင် စိုက်သူ တွေကို တွေ့တုန်းမေးမြန်းခဲ့တာတွေကတော့ ယခုစိုက်ပျိုးနေတဲ့ ပင်စိုက်ကြက်သွန်အခြေအနေတွေပါ။" ပျိုး "အနေနဲ့ အစေ့ တစ်ပြည် ပျိုးကို ၅ သောင်းကျပ်ဈေးရှိကြောင်း၊ ဒါဈေးကျသွားတာဖြစ်ကြောင်း၊ ဒီထက်စောေ စာကာလတုန်းက ၇ သောင်းကျော် ဝန်းကျင်ရှိခဲ့ကြောင်း " စိုက်" အနေနဲ့ကတော့ ပိုမိုစိုက်ပျိုးဖြစ်ဖို့ များကြောင်း ပြောပါတယ်။ ပိုစိုက်ပြီ ဖြစ်လိ့ု ပိုထွက်မှာလည်း သေချာပါတယ်။ ထွက်လာတဲ့ သီးနှံ ဈေးကွက်ကိုရှာဖွေဖို့ ကြိုတင်ပြင်ဆင်ကြတော့မှာ ဖြစ်ပါတယ်။ တစ် ဆက်တည်း ကြက်သွန်စိုက်ပျိုးရာမှာ တစ်ပိဿာနဲ့ ကုန်ကျမှုစရိတ် ဘယ်လောက်ကုန်ကျနိုင်သလဲဆိုတော့ သွင်းအားစုအတွက် ကုန်ကျ စရိတ်ပေါ်တည်ပြီး၊ အထွက်လည်း ကွာသွားမှာဖြစ်ပါတယ်။ ဘယ်လို ပဲဖြစ်ဖြစ် တစ်ပိဿာကုန်ကျစရိတ် ၂၀၀ ကျပ်နဲ့ ၂၅၀ကျပ်ကြားထဲမှာ ကုန်ကျနိုင်ကြောင်း ပြောကြားပါတယ်။ ယခုဖြစ်ပေါ်နေတဲ့ ဈေးအရဆိုရင် စိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူအတွက် သင့်လျော်တဲ့ ဈေးနှုန်းလို့ဆိုရမှာပါ။ လက်လီဈေး အနေနဲ့လည်း အရည်အသွေးကိုလိုက်လို့ တစ်ပိဿာ ၃၀၀ ကျပ် - ၄၀၀ ကျပ် - ၅၀၀ ကျပ်မှ ၇၀၀ ကျပ်ထိ ရှိတယ်ဆိုတော့ ဝယ်ယူစား သုံးရသူတွေအနေနဲ့ သင့်တယ်၊တော်တယ်ပြောရမှာပါ။ ဒါက ဒေသ အခြေအနေပါ။ သယ်ယူမှု ကွာဝေးတဲ့နေရာတွေမှာတော့ သယ်ယူခ၊ လုပ်သားခ၊ ပိုကျမှာဖြစ်တဲ့အတွက် တစ်ပိဿာအပေါ် ဈေးနှုန်းပိုမှာ ဖြစ်ပါတယ်။ ဆိပ်ဖြူအပြန်မကွေးတိုင်းဒေသကြီးနယ်နိမိတ်ကျော်လို့ မန္တလေး တိုင်းဒေသကြီးထဲအဝင် ပုဂံညောင်ဦးနယ်တွေအရောက် လမ်းဘေး ဝဲယာတွေမှာ ကြက်သွန်နီပျိုးပင်များ စိုက်ပျိုးထားရှိမှု တစ်မျှော် တစ် ခေါ်တွေ့နေရပါပြီ။ ဆိုင်ကယ်ပေါ်က ဆင်းလို့ စိုက်ကွင်းအရောက် သွားမေးမိပါတယ်။ အဆင်ပြေလားပေါ့။ ကြက်သွန်ပျိုး စိုက်သူ တွေကသင့်တယ်လို့ ပြောပါတယ်။ပျိုးတစ်ပြည်စိုက်ရင် ၂၅၀၀၀ ကျပ် လောက်ကျ တယ်။ ရေလောင်း ပေါင်းသင်းထည့်သင့်တဲ့ သွင်းအားစု ထည့်နဲ့ ယခု အရောင်းအဝယ်ဖြစ်နေတဲ့ ၅ သောင်းကျပ်ေ ဈးဆိုရင် သင့်ရုံပဲ ဖြစ်ပါတယ်။ အရင်တလောတုံးက ၇ သောင်းကျော်ကျော် ဆိုရင် ပိုကိုက်တယ်လို့ရှင်းပြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အနည်းဆုံး လုပ်အားခတော့ ကောင်းကောင်းရတယ်လို့ပြောပါတယ်။ အဝယ် လိုက်ရဲ့လားဆိုေ တာ့ အဝယ်လိုက်ပါတယ်။ စိုက်မဲ့တောင်သူက သူ့မြေ ကို ပြင်ပြီးတော့နွားချေးနှပ်၊ စိုက်ချိန်အရောက်မှာ ချိန်ပြီးတော့ ရက် ချိန်းနဲ့လာဝယ်တယ်ပြောပါတယ်။ ကွင်းထဲမှာလည်း စိုက်မယ့်တောင် သူတွေ ပျိုးလာဝယ်သူေ တွရှိလို့ ပျိုးပင်ကိုငှက်ပျောဖက်နဲ့ ထုပ် ရေစို ဝတ်ပတ်နဲ့ လာဝယ်ယူတာတွေ တွေ့ရတော့ တစ်ဆက်တည်း မေး မိပါတယ်။ သူတို့ကိုယ်တိုင်ပြောပြတာကတော့ ဒီနှစ်အဖို့ ပင်စိုက် ကြက်သွန်ပိုမိုစိုက်ဖြစ်မယ့်အကြောင်း၊ သီးညှပ်အဖြစ် ကြက်သွန် ခင်းထဲမှာ နေကြာစိုက် ကြသလိုမြေပဲလည်း ထည့်သွင်းစိုက်ကြမှာ ဖြစ်ကြောင်း ရှင်းပြပါတယ်။ အထွက်အနေနဲ့ကတော့ ရာသီမဖျက် ပိုးမွှားရောဂါကင်းစင်ရင် အစိုက်ပိုစိုက်တဲ့အ တွက် သေချာပေါက် အထွက်တိုးမှာဖြစ်ကြောင်း ထပ်လောင်းပြောပါတယ်။ ကဲ.....စိုက်ပျိုးထုတ်လုပ်ကြတဲ့ ကျေးဇူးရှင်လယ်သမား၊ ယာသမားကြီးများက ဒေသအလိုက်၊ ရာသီအလိုက်စိုက်ပျိုးရမယ့် သီးနှံတွေကို သူ့ဘက်က တာဝန်ကျေအောင်စိုက်ပျိုးနေ ကြပါပြီ။ အောင်မြင်အောင် လည်း ကြိုးစားမယ်။ ထွက်ရှိအောင်လည်း ကြိုး စားကြတယ်။ တာဝန်ကျေကြပြီပေါ့ဗျာ။ ထွက်ရှိလာတဲ့ အသီးအနှံ တွေ သူ့အချိန်နဲ့သူ ဈေးကွက်ကိုရောက်ဖို့ အရောင်းသွက်ဖို့ ရောင်း သူဝယ်သူကုန်သည်ပွဲစားေ တွရယ်၊ နိုင်ငံတော်အပိုင်း ရယ်၊ တာဝန် ရှိသူများကလည်း ဆက်လက်တာဝန်ေ ကျကြဖို့ နှိုးဆော်တိုက်တွန်း ရေးသားတင်ပြလိုက်ပါတယ်...။             မြင့်ဦး - ပခုက္ကူ