Main menu

Background

အရောင်းအေးပေမယ့် ဈေးမာတဲ့ မန်းငုံနီ

Mon, 01/21/2013 - 04:46 -- ydnar

နွားထိုးကြီး၊ မြင်းခြံ၊ မလှိုင်၊ ဝမ်းတွင်း၊ မြစ်သား၊ ကျောက် ဆည်၊ စဉ့်ကိုင်၊ တံတားဦး၊ မြစ်ကြီးနား၊ ဗန်းမော်၊ လွိုင်ကော်၊ ရွှေဘို၊ ဒီပဲယင်းဒေသများမှ ဝယ်ယူရရှိတဲ့ ပဲစင်းငုံနီများဟာ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလအတွင်း မန္တလေး ကုန်စည်ဒိုင်(ပွဲစား၊ ကုန်သည်၊ စက်ပိုင်များကထိန်တော်အသင်း)ကို ပုံမှန်ဝင် ရောက်လျက် အရောင်းအဝယ်ပြုလုပ်နေ ပါတယ်။ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်မှာ ပဲစင်းငုံနီ တစ်ပိဿာ ၈၆၇ ကျပ်မှ ၈၇၅ ကျပ်ကြားမှာ အရောင်း အဝယ်ပြုလုပ်လျက်ရှိ ပါတယ်။ အိန္ဒိယဝယ်လက်အပေါ်မှာ မူတည်ပြီး အရောင်း အဝယ်ဖြစ်ပါတယ်။ မန်းကုန်စည်ဒိုင် မှာ ပဲစင်းငုံနီ တစ်ရက်နဲ့ တစ်ရက် ဈေးငြိမ်သက်မှု မရှိပေမယ့် လွန်စွာကွာခြားမှုတော့ မရှိပါ။ ရန်ကုန်မှတစ်ဆင့် ပင်လယ်ရေကြောင်းက တင်ပို့နေတဲ့ ပဲစင်းငုံနီဟာ အိန္ဒိယဝယ်လက်အပေါ်မှာ မူတည်ပြီး၊ ဈေးနှုန်း ပြောင်းလဲ မှုဖြစ်ပေါ်ကြောင်း တွေ့ရပါတယ်။ ဝယ်လိုအား ကောင်းနေတဲ့အချိန်မှာ ဈေးနှုန်း အနည်းငယ်မာသော် လည်း လှောင်လက်များအနေနဲ့ ဈေးနှုန်းကွာဟမှုကျဉ်းမြောင်းစွာနဲ့ ဝယ်ယူသိုလှောင်ထားကြောင်း သိရပါတယ်။

၂၀၀၉၊ ၂၀၁၀၊ ၂၀၁၁ ခုနှစ်များမှာ ပဲစင်းငုံနီ လှောင် လက်များ အကျပ်အတည်းတွေ့ခဲ့ရတာကြောင့် ယခု လှောင် လက်များမှာ အမြတ်ပါးပါးနဲ့ များများတင်ပို့ရောင်းချနိုင်ရေးကို ဦးစားပေးလျက်ရှိပါတယ်။ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ တတိယအပတ် ပဲစင်းငုံပေါက်ဈေးမှာ ၅၆၇ ကျပ်မှ ၈၇၅ ကျပ်(တစ်တန် ၅၃၀၉၄၂ ကျပ်မှ ၅၃၅၈၄၁ ကျပ်)နဲ့ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး၊ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလမှာ ၈၃၃ ကျပ်မှ ၈၅၀ ကျပ် (တစ်တန် ၅၁၀၁၂၁ ကျပ်မှ ၅၂၀၅၃၂ ကျပ်)ဖြစ်လို့ ဈေးမာလျက်ရှိပါတယ်။ ဝယ်လိုအား ပုံမှန်ရှိနေချိန် သီးနှံပေါ်ချိန်နဲ့ဈေးနှုန်းသင့် တင့်မှုရှိတာကြောင့် တောင်သူများ စီးပွားရေးချောင်လည် နိုင်ပါတယ်။ ယခု လက်ရှိအချိန်ထိ ဈေးပြုတ်ကျခြင်းမရှိဘဲ မန္တလေးကုန်စည် ဒိုင်မှာ နေ့စဉ် ပဲစင်းငုံနဲ့ ပဲစင်းငုံနီ(ရွှေဘို)ကို ၃ တင်းဝင်အိတ် ၁၀၀၀ မှ ၂၀၀၀ ကြား အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါတယ်။                        စိုးအောင် - မန္တလေး