Main menu

Background

ရှမ်းချင်း ဈေးကောင်းလာသလို အဝင်များနေ

Mon, 01/21/2013 - 05:04 -- ydnar

ဒီတစ်ပတ်တော့ ချင်းဈေးလည်းတက်လာပါတယ်။ ပြည်ပတင်ပို့ဖို့အတွက် စစ်တွေဝယ်လက်တွေ ဝယ်ယူ နေတာရယ်၊ ရန်ကုန်ဝယ်လက်တွေကလည်း ပြန်ပြီး ဝယ်ယူနေတာကြောင့် ဈေးတက်လာတယ်လို့ သိရပါတယ်။ ဈေးကောင်းနေသလို အဝင်ကလည်းများနေပါတယ်။ ပြီးခဲ့တဲ့ရက်တွေက စစ်တွေဝယ်လက်တွေက ပိဿာချိန် တစ်သောင်းနှစ်ထောင်ခန့် ဝယ်ယူခဲ့ပါတယ်။ တစ်ပိဿာ ၃၀၀ ကျပ် ကျော်သွား လို့ ဈေးသိပ်မကိုက်တာကြောင့် အဝယ်လည်းခဏရပ်သွားတယ်လို့ သိရပါတယ်။ အဲဒီရက်တွေမှာတစ်ပိဿာ ၃၀၀ ကျပ်၊၃၅၀ ကျပ်ဈေးရှိခဲ့ပေမဲ့ ယခု ရက်ပိုင်းမှာတော့ တစ်ပိဿာ ၂၅၀ ကျပ်၊ ၃၀၀ ကျပ်ဈေးသာရှိပါတော့တယ်။

ချင်းခြောက်ကတော့ ချင်းစိုတွေ ဈေးကောင်းနေလို့ အခြောက်အဖြစ်မပြုလုပ် တော့ပဲ အစိုအတိုင်းသာ ရောင်းနေတာကြောင့် ပစ္စည်းလက်ကျန်ကလည်း နည်း နေတယ်လို့သိရပါတယ်။တောင်သူေ တွကလည်း ချင်း (စို) တစ်ပိဿာ ၂၀၀ ကျပ် အောက်ရောက်မှသာ ချင်းခြောက်အဖြစ်ပြုလုပ်ကြမှာဖြစ်ပါတယ်။ ချင်းခြောက် ကတော့ တစ်ပိဿာ ၁၃၅၀ ကျပ်ဈေးရှိပါတယ်။ တစ်ပတ်အတွင်း ချင်းပိဿာချိန် ၅ သောင်းခန့် အရောင်းအဝယ်ဖြစ်ခဲ့ တယ်လို့လည်း ချင်းပွဲရုံတွေက သိရှိရပါတယ်။ဧဧခိုင်- တောင်ကြီး