Main menu

Background

မန်ကျည်းမှည့်သစ်များ ဈေးအမြင့်မှာ အရောင်းအဝယ်အေးနေ

Mon, 01/21/2013 - 05:06 -- ydnar

ပြည်ဈေးကွက်အတွင်း မန်ကျည်းမှည့်အသစ်များ အဝင်ရှိပေမယ့် အထွက် မလှိုင်သေးတာကြောင့် အနည်းငယ်သာ အဝင်ရှိတာကို တွေ့ရပါတယ်။ ဇန်နဝါရီလ ပထမပတ်က မန်ကျည်းမှည့်အခွံမပါ၊ အစေ့မပါ တစ်ပိဿာကို ၂၃၀၀ ကျပ်ရှိခဲ့ ပေမယ့် ယခုတတိယပတ်မှာတော့ တစ်ပိဿာ ၂၀၀၀ ကျပ်ဈေးကို ကျဆင်းခဲ့တာ ကို တွေ့ရပါတယ်။ မန်ကျည်းမှည့်အဟောင်းမှာလည်း လက်ကျန်အနည်းငယ်သာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။ ဈေးကွက်အတွင်း အဝင်နည်းပြီး၊ ဈေးမြင့်နေ သေးတာကြောင့် လှောင်လက်သမားများရော၊ တစ်နှစ်စာအတွက် ဝယ်ယူစုဆောင်း တဲ့ အိမ်ရှင်မများပါ ဝယ်ယူမှုမရှိသေးတာကြောင့် ဈေးအမြင့်မှာ အရောင်းအဝယ် အေးနေတယ်လို့ သိရပါတယ်။                    အိဆွေဇင် - ပြည်