ဒီနှစ်မှာ နနွင်းဈေးတွေ နည်းနည်းပြန်ပြီးလှုပ်လာပါတယ်။ မနှစ်ကတော့ နနွင်းဈေးက အောက်ဆုံးအထိ ကျခဲ့ပါတယ်။ ဒီနှစ်တော့ ပြည်ပဝယ်လက်တွေလည်း အနည်းငယ်ပြန်ဝယ်ယူလာတာကြောင့် ဈေးတက်လာပါတယ်။ နနွင်းအသစ်တွေ ကတော့ မဝင်သေးပါဘူး။ ဈေးကောင်းရင်တော့ တောင်သူတွေက စောစောဖော်ကြမှာ ဖြစ်လို့ ၂ လပိုင်း၊ ၃ လပိုင်းလောက်မှာ ဈေးကွက်ကို ဝင်လာနိုင်တယ်လို့လည်းဆိုပါတယ်။ ယခုလောလောဆယ်တော့ ၂၀၁၂ ခုနှစ်ကကျန်နေတဲ့ နနွင်းတွေကိုသာ အရောင်းအဝယ်ပြုလုပ်နေကြတာ ဖြစ်ပါတယ်။ အရောင်းအဝယ်ကလည်း အခုတစ်ပတ်မှာ ပုံမှန်ဖြစ်နေတယ်လို့လည်း သိရပါ တယ်။ ဟိုပုံးနနွင်းကလည်း အောင်ပန်းဈေးကွက်ကို ဝင်နေပြီး အရောင်းအဝယ်လည်းဖြစ်နေပါတယ်။
ဒီတစ်ပတ် အောင်ပန်းဈေးကွက်မှာ နနွင်းဈေးနှုန်းတွေက ဟိုပုံးနနွင်းဆိုရင် ၇၅၀ ကျပ်၊ ၈၀၀ ကျပ်၊ ပင်လောင်းနနွင်းက ၄၇၀ ကျပ်၊ ပင်းတယ (တောင်ပို့လ) နနွင်းက ၇၀၀ ကျပ်၊ ၈၀၀ ကျပ်နဲ့ ဆင်တောင်နနွင်းက ၁၂၀၀ ကျပ်ဈေးရှိပါတယ်။ဧဧခိုင်- တောင်ကြီး