Main menu

Background

နနွင်း တင်ပို့မှုလျော့

Mon, 01/21/2013 - 05:07 -- ydnar

ယခု ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွင်း ဒီဇင်ဘာလကုန်အထိ နနွင်းစုစုပေါင်း တင်ပို့မှုမှာ တန်ချိန် တစ်ထောင့်ခုနှစ်ရာ လေးဆယ်ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်အတွင်းဖြစ်တဲ့ ဇန်နဝါရီလ ၆ ရက်မှ ၁၂ ရက်အတွင်းမှာ ၃၁ ဒသမ ၅ တန်သာတင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံက စင်ကာပူနိုင်ငံကို ၁၆ ဒသမ ၅ တန်နဲ့ မလေးရှားနိုင်ငံကို ၁၅ တန် ဖြစ်ပါတယ်။ ယခင်သီတင်းပတ်မှာ တင်ပို့မှုက တန်ချိန် တစ်ရာ့နှစ်ဆယ်ေ ကျာ်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ နနွင်းတင်ပို့မှုက တန်ချိန် ရှစ်ဆယ်ကျော်လျော့နည်းခဲ့ပါတယ်။ ယခုတစ်ပတ်အတွင်း နနွင်းတင်ပို့မှု မှရရှိခဲ့တဲ့ ဝင်ငွေက ကန်ဒေါ်လာ တစ်သောင်း လေးထောင်ကျော်ရှိခဲ့ပါတယ်။                  MIRT (DOT)