Main menu

Background

အိန္ဒိယသို့ ကွမ်းသီးတန် ၃၀၀ ကျော်တင်ပို့နိုင်

Mon, 01/21/2013 - 05:11 -- ydnar

မြန်မာ-အိန္ဒိယနယ်စပ်မှ ဇန်နဝါရီလ ၉ ရက်မှ ၁၅ ရက်ထိကာလအတွင်း ကန်ဒေါ်လာ သုည ဒသမ ၃၂၃ သန်းတန်ဖိုးရှိ ကွမ်းသီးခြောက် ၃၀၇ တန်ခန့်ကိုတင်ပို့နိုင်ခဲ့ပါတယ်။ ရိဒ်နယ်စပ်ကုန်သွယ်ရေးမှ တန်ဖိုးကန်ဒေါ်လာ သုည ဒသမ ၁၅၃ သန်းဖိုးရှိကွမ်းသီး ၁၄၆ တန်နဲ့ တမူးနယ်စပ်ကုန်သွယ်ရေးသွယ်ရေးမှ တန်ဖိုးကန်ဒေါ်လာ သုည ဒသမ ၁၇၀ သန်းခန့်ရှိ ကွမ်းသီး ၁၆၁ တန်ကိုအသီးသီးတင်ပို့နိုင်တာတွေ့ရပါတယ်။ ယခင်အပတ်က ကန်ဒေါ်လာ သုည ဒသမ ၃၅၄ သန်းခန့်တန်ဖိုးရှိ ကွမ်းသီးခြောက် ၃၃၇ တန်ကိုတင်ပို့ နိုင်ခဲ့တဲ့အတွက် ယခုအပတ် မှာ တန် ၃၀ ခန့်လျော့နည်းတင်ပို့ခဲ့ပါတယ်။ ယခုအပတ်မှာ ကွမ်းသီးများကို အိန္ဒိယဘက်မှအဝယ်နည်းနေပြီး အိန္ဒိယဘက်မှာ လမ်းပိတ်နေတာကြောင့် တင်ပို့မှုလျော့နည်းရခြင်းဖြစ်တယ်လို့ တမူးနယ်စပ်မှ ကုန်သည် တစ်ဦးထံမှ သိရပါတယ်။              MIRT (DOBT)