Main menu

Background

မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ ပရဆေးပိုမိုတင်ပို့

Mon, 01/21/2013 - 05:13 -- ydnar

ဇန်နဝါရီ ၉ ရက်မှ ၁၅ ရက်ထိကာလအတွင်းမှာ မြန်မာ-တရုတ်နယ်စပ်ရှိ နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန် ဒေါ်လာ သုည ဒသမ ၈၇၀ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်း တန်ချိန် ၄၆၀ ကျော်တင်ပို့ခဲ့ ပါတယ်။ယခင်အပတ်က ပရဆေး ကုန်ကြမ်းတန်ချိန်၃၉၀ ကျော်သာတင်ပို့နိုင်ခဲ့တဲ့အတွက် ယခင် အပတ်ကထက် ၆၉ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခင် အပတ်ကထက် မိချောင်းကွမ်းဖတ်စေ့၊ ကြောင်ပန်းစေ့၊ တော ဂျူးမြစ်၊ ကြောင်လျာစေ့၊ နေလဲစေ့၊ စကားပန်းပွင့် ခြောက်တို့ ပိုမိုတင်ပို့နိုင်ခဲ့ပြီး ယခင်အပတ်က တင်ပို့မှုမရှိ တဲ့ တောဂျူးမြစ်၊ ကြက်ဆူစေ့နဲ့ တောင်လုံးကျော်တို့ကို ယခုအပတ်မှာ တင်ပို့နိုင် ခဲ့ပါတယ်။ ယခုအပတ် တမူးနယ်စပ် ကုန်သွယ်ရေးစခန်းမှ ပရဆေး ကုန်ကြမ်းတင်သွင်းမှုမရှိဘူးလို့ သိရပါတယ်။    MIRT (DOBT)