Main menu

Background

အိန္ဒိယရဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုအလားအလာများကို တရုတ်နိုင်ငံ လေ့လာ

Mon, 01/21/2013 - 05:20 -- ydnar

အိန္ဒိယ-တရုတ် စီးပွားရေးနဲ့ ယဉ်ကျေးမှုကောင်စီ (ICEC) ရဲ့ ဦးဆောင်မှုနဲ့ အဆင့်မြင့်စီးပွားရေးလုပ်ငန်းရှင်များပါရှိတဲ့ ကိုယ်စား လှယ်အဖွဲ့ဟာ အိန္ဒိယမှာ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု အလား အလာများကိုေ လ့လာရန် ရောက်ရှိနေပါတယ်။

ယခုကဲ့သို့တွေ့ဆုံခြင်းဟာ တရုတ်နဲ့  တောင်အာရှနိုင်ငံများ အကြား စီးပွားရေး၊ ကုန်သွယ်ရေး၊ ယဉ်ကျေးမှုနဲ့ ပညာရေးကဏ္ဍ များ ပူးပေါင်းဆောင်ရွက်ရန်နဲ့ လဲလှယ်ရန်ရည်ရွယ်တယ်လို့ သိရပါ တယ်။ စီးပွားရေးကောင်စစ်ဝန် Mr. Pen Gang  က ယခုကဲ့သို့ တွေ့ဆုံခြင်းသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်နဲ့ အိန္ဒိယတို့အကြား စီးပွားရေး အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်အတွက် အကောင်းဆုံးသော အလားအလာများကို ရရှိနိုင်စေမယ်လို့ ထည့် သွင်းပြောကြားခဲ့ပါတယ်။နှစ်နိုင်ငံအစိုးရများဟာ အပြန်အလှန်ကုန်သွယ်မှုနဲ့ ရင်းနှီး မြှုပ်နှံမှုအပိုင်းများမှာ ပိုမိုလွယ်ကူချောမွေ့စေရေးအ တွက် စိတ်ဆန္ဒ ရှိကြပြီး တရုတ်-အိန္ဒိယ အပြန်အလှန်ဆက်ဆံမှုဟာ ကဏ္ဍအတော် များများမှာ ဖွံ့ဖြိုးတိုးတ က်နေပြီဖြစ်ပါတယ်။ ယခုပထမဆုံးအကြိမ် ကျင်းပမဲ့ တရုတ်-တောင်အာရှ ကုန်စည်ပြပွဲဟာ တရုတ်အစိုးရက တရုတ်နဲ့ တောင်အာရှနိုင်ငံများအကြား အပြည်ပြည်ဆိုင်ရာ ကုန် သွယ်မှုတိုးမြှင့်ရေးအတွက် ခိုင်မာတဲ့ ခြေလှ မ်းဖြစ်ကြောင်း စီးပွားရေး ကောင်စစ်ဝန်က ပြောပါတယ်။မြို့တော်ဝန် H.E Mr. Gao Shuxunm က လွန်ခဲ့သော ၁၀ စုနှစ်မှာ ယူနန်သည် တောင်အာ ရှနိုင်ငံများနဲ့ နှစ်နိုင်ငံအပြန်အလှန် ကုန်သွယ်မှု၊ သိသာထင်ရှားသော စီးပွားရေးနဲ့ ကုန်သွယ်မှုဆိုင်ရာ ရည်မှန်းချက်များ အထမြောက်အောင်မြင်မှုများ ရရှိခဲ့တယ်လို့ ဆိုပါ တယ်။ ၂၀၁၃ ခုနှစ် ဇွန်လမှာ ပထမအကြိမ် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ကူမင်းမှာ ကျင်းပမှာဖြစ်ကြောင်းနဲ့ အိန္ဒိယစက်မှု လုပ်ငန်းရှင်များကို တက်ရောက်ရန်ဖိတ်ကြားခဲ့ပါတယ်။ ပထမအကြိမ် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို အိန္ဒိယမှတာဝန် ရှိသူများအနေ နဲ့ အားထည့်ပါဝင်ပံ့ပိုးပေးကြမယ်လို့ မျှော်လင့်ကြောင်းနဲ့ အရေးပါ သော အလှည့်အပြောင်း တစ်ခုကို တက်လှမ်းခြင်းဖြစ်တယ်လို့ မြို့ တော်ဝန်က ပြောကြားခဲ့ပါတယ်။အိန္ဒိယ ပို့ကုန်အသင်းချုပ် ညွှန်ကြားရေးမှူးချုပ် (Federation of India Export Organization-FIEO) က လုပ်ငန်းရှင်များအနေ နဲ့ တရုတ်နိုင်ငံရဲ့ဈေးကွက်ကို အထူးလေ့လာနေကြောင်းနဲ့ အိန္ဒိယ အနေနဲ့ တန်ဖိုးမြှင့်ထုတ် ကုန်များ တင်ပို့ရောင်းချရန် ဈေးကွက်သစ် ရရှိနိုင်မှာဖြစ်ကြောင်း ပြောကြားပါတယ်။ယခုကဲ့သို့ နှစ်နိုင်ငံကိုယ်စားလှယ်များ  တွေ့ဆုံခြင်းအားဖြင့် ယူနန်ပြည်နယ်အကြောင်းနဲ့ စီးပွားရေး အခွင့်အလမ်း များကို ကျယ် ကျယ်ပြန့်ပြန့်သိရှိခွင့်ရရှိစေခဲ့တယ်လို့ ICEC အထွေထွေအတွင်း ရေးမှူး Mr. Saqib က ပြောကြားခဲ့ပါတယ်။             CMK