Main menu

Background

ဒေါ်လာမှောင်ခိုဈေးကွက်မှ လိမ်လည်နေသူများအား အရေးယူသင့်ပြီ

Mon, 01/21/2013 - 05:25 -- ydnar

ဒေါ်လာမှောင်ခိုဈေးကွက်မှ လိမ်လည်လှည့်ဖျားနေသူများအား ထိရောက်စွာ အရေးယူသင့်ပြီဖြစ်ေ ကြာင်း ပြည်သူ တစ်ဦးက ပြောကြားခဲ့သည်။အဆိုပါ ဒေါ်လာမှောင်ခိုရောင်းဝယ်သူများသည် မဟာဗန္ဓုလပန်းခြံအနီး တစ်ဝိုက်နှင့် ဧမာ နွေလဘုရားကျောင်းရှေ့တို့တွင် လှုပ်ရှားနေကြပြီး ထိုနေရာသို့ရောက်လာကြ သည့် နိုင်ငံခြားသား ခရီးသွားဧည့်သည်များအား ငွေလဲလှယ်ပေးရာတွင် လိမ်လည်ကာ လုပ်ဆောင်နေကြကြောင်း သိရသည်။

"အခုဆို ဘဏ်တွေရော ပုဂ္ဂလိက ငွေလဲစင်တာတွေရော လဲပေးနေတာ ဆိုတော့ ပြည်တွင်းကလူတွေကတော့ အဲဒီနေရာတွေမှာပဲ သွားလဲကြတော့တာ။ နိုင်ငံခြားသားဧည့်သည်တွေကျတော့ အဆင်ပြေတဲ့နေရာမှာ လဲလိုက်ကြ တာလေ။ ဟိုနေ့ကဆို ဒီနားမှာ နိုင်ငံခြားသားဧည့်သည်စုံတွဲ ငွေလဲတာ ဒေါ်လာ ၁၀၀ တန် နှစ်ရွက်လဲတာ။ သူတို့ ဘယ်လိုလုပ်လိုက်သလဲမသိဘူး။ ကျသင့်ငွေက ပေါက်ဈေး အတိုင်းဆိုရင် ၈၅၄၀၀ ကျပ်ရရမှာ။ ဒါပေမယ့် သူတို့ကပေးတော့ ၅၈၄၀၀ ကျပ်ပဲ ပေးတော့ ဟိုနိုင်ငံခြားသားနဲ့ ရန်ဖြစ်နေကြတာ။ ဒီဘက်ကလည်း မပေးဘူး။ သူတို့ ပေးတာအမှန်ဆိုပြီး ဗြောင်လိမ်နေကြတာ။ နိုင်ငံခြားသားက ရဲခေါ်ပေး၊ ရဲစခန်း သွားမယ်ဆိုတော့လည်း မလိုက်၊ အဲဒါနဲ့ နောက်ကျတော့ သူူတို့က တစ်ထောင် တန် ၁၀ ရွက်ထပ်ပေးလိုက်တော့မှ ဟိုနိုင်ငံခြားသားတွေလည်း ထွက်သွားတော့ တာ။ ကျွန်တော်ကလည်း အင်္ဂလိပ်လို မပြောတတ်နဲ့ဆိုတော့ ဘာလုပ်ရမှန်းမသိ တာနဲ့ ဒီအတိုင်းရပ်ကြည့်နေခဲ့ရတာ"ဟု မရမ်းကုန်းတွင်နေထိုင်သည့် ဦးမြင့်ဦးက သူ၏အတွေ့အကြုံကို ပြောပြသည်။အဆိုပါနေရာသည် နိုင်ငံခြားသား  ခရီးသွားများ အများအပြားလာရောက် ကြသည့်နေ ရာဖြစ်ပြီး ဒေါ်လာေ မှာင်ခိုရောင်းသူများကလည်း ထိုအချက်ကို အခြေခံ ၍ အခွင့်အရေးယူေ နကြခြင်းဖြစ်ကြောင်းသိရသည်။ ယခင်က ထိုနေရာတွင် လေး ငါး ဆယ်ဦးခန့်သာ လုပ်ကိုင်ကြသော်လည်း ယခုအခါ ပိုမိုများပြားလာကာ အုပ်စုဖွဲ့ ၍ လုပ်ဆောင်နေကြခြင်းကြောင့် နိုင်ငံ၏ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်ကြောင်း၊ ၎င်းတို့အား ထိရောက်ေ သာအရေးယူမှုများပြုလုပ်စေလိုကြောင်း ၎င်းကဆက်လက် ပြောကြားခဲ့သည်။                                             မယ်သီတာ