Main menu

Background

မြန်မာ့ရွှေဈေး တစ်ပတ်အတွင်း ကျပ် ၆၀၀၀ နီးပါး ပြန်လည်မြင့်တက်လာ

Mon, 01/21/2013 - 05:26 -- ydnar

ယခုသီတင်းပတ်အတွင်း  မြန်မာ့ ရွှေဈေးသည် တစ်ပတ်အတွင်း ကျပ် ၆၀၀၀ နီးပါး ပြန်လည်မြင့်တက်လာခဲ့ ကြောင်း သိရသည်။

" မြန်မာ့ရွှေဈေးက ဒီတစ်ပတ်ထဲမှာ ပြန်လည် မြင့်တက်လာခဲ့ပါတယ်။ ဒါ ကလည်း ကမ္ဘာ့ရွှေဈေးကလည်း တက် လာ နယ်စပ်ကလည်း ရွှေတွေပြန်ဝယ် နေတဲ့အတွက် ခုလို ပြန်တက်လာတာ ပါ။ တရုတ်နှစ်ကူးကလည်း နီးလာပြီ ဆိုတော့ ရွှေဈေးက တက်လာတာပါ။ တရုတ်နယ်စပ်မှာရွှေအဝယ်လိုက်နေ တဲ့အတွက် ရွှေဈေးထပ်တက်ဦးမယ်လို့ မျှော်လင့်ရတယ်"ဟု ရွှေဘုံသာလမ်းရှိ ရွှေဈေးကွက်အတွင်းမှ  စုံစမ်းသိရှိရ သည်။မြန်မာ့ရွှေဈေးသည် ဇန်နဝါရီလ ၁၄ ရက်တွင် အခေါက်ရွှေတစ်ကျပ်သား လျှင် ကျပ် ၇၆၃၀၀၀ ရှိခဲ့ရာမှ ဇန်နဝါ ရီ ၁၅ ရက်တွင် ကျပ် ၇၆၆၅၀၀ သို့ မြင့်တက်လာခဲ့သည်။ ထို့နောက် ဇန်န ဝါရီ ၁၆၊ ၁၇၊ ၁၈ ရက်တို့တွင် ထပ်မံ မြင့်တက်ခဲ့ရာ ဇန်နဝါရီ ၁၈ ရက်တွင် ကျပ် ၇၆၉၀၀၀ အထိ မြင့်တက်ခဲ့သည်။ကမ္ဘာ့ရွှေဈေးသည်လည်း  ဇန်နဝါ ရီ ၁၄ ရက်က တစ်အောင်စလျှင် အမေ ရိကန်ဒေါ်လာ ၁၆၆၆ ဒေါ်လာရှိရာမှ ဇန်နဝါရီ ၁၈ ရက်တွင်  အမေရိကန် ဒေါ်လာ ၁၆၉၁ ဒေါ်လာအထိ မြင့် တက်ခဲ့သည်ကို တွေ့ရသည်။" ရွှေဈေး  ပြန်တက်လာတဲ့အတွက် ကျွန်တော်တို့လို ဝယ်ရောင်းသမားတွေ ပြန်ပြီး လှုပ်ရှားလို့ရတာပေ့ါ။  အရင် ရက်တွေတုန်းကဆို ရွှေဈေးက တက်ဖို့ အရေး  လိပ်လိုပဲ တက်လာလိုက် ကျ သွားလိုက်နဲ့ဆိုတော့ အလုပ်မဖြစ်ဘူး။ အခုတော့ ဈေးက ပြန်ပြီး တက်ရိပ်ပြ လာတယ်။ ဒါပေမယ့် အခုအချိန်မှာ တော့ မလုပ်သေးဘူး။ စောင့်လိုက်ဦး မယ်။ တရုတ်နှစ်ကူးရှိတော့ တက်မှာ သေချာတယ်။တစ်ရက်နှစ်ရက်လောက် စောင့်ပြီး ဈေးတက်လာပြီဆိုရင်တော့ ရောင်းထုတ်တော့မယ်"ဟု    ရွှေဝယ် ရောင်းလုပ်နေသူတစ်ဦးက ဆိုသည်။မယ်သီတာ