ဓာတ်မြေသြဇာဈေးနှုန်းများ
နိုင်ငံစုံမှ မြေသြဇာများဝင်ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ဇန်နဝါရီ ၆ ရက်မှ ၁၂ ရက်နေ့အတွင်း မှာမြေသြဇာ ၆၁၀၆ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ ဒသမ ၆ သန်းကျော်ဖိုး ကို တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ဒီသီတင်းပတ်ဝင်ခဲ့ တဲ့ မြေသြဇာများက ထိုင်းနိုင်ငံမှ ကွန်ပေါင်းမြေသြဇာက ၂၈၈၀ တန်၊ တရုတ်နိုင်ငံမှ ဖော့စဖိတ်မြေသြဇာ ၄၀၅ တန်၊ စူပါဖော့စဖိတ်မြေသြဇာ ၁၃၅၀ တန်၊ အမိုးနီးယား တန် ၅၀၀၊ ဘယ်လ် ဂျီယံနိုင်ငံမှ မြေသြဇာ တန် ၄၅၀၊ ရုရှားနိုင်ငံမှ ကောမတ်မြေသြဇာ တန် ၅၀၀၊ စင်ကာပူနိုင်ငံမှ မြေသြဇာ တန် ၂၀ နဲ့ မလေးရှားနိုင်ငံမှ မြေသြဇာ သုည ဒသမ ၈၉၄ တန်တင်သွင်းခဲ့ပါတယ်။ MIRT (DOT)
ဈေးကွက်မှာလည်း အေးအေးလေးပဲရှိနေဆဲ ဓာတ်မြေသြဇာဒီတစ်ပတ် မြေသြဇာဈေးကွက်များမှာ မကွေးနဲ့ ရန်ကုန်တို့မှာ အရောင်းပုံမှန် ရှိပေမဲ့ မော်လမြိုင်၊ မန္တလေး၊ တောင်ကြီး၊ ပဲခူးဘက်မှာ အရောင်းအေး နေတယ်လို့ သိရပါတယ်။ ဒါကြောင့်လည်း ဒီတစ်ပတ်ေြ မသြဇာဈေးက အကျဘက်မှာရှိသလို ဈေးငြိမ်နေတာလည်းရှိတယ်လို့ သိရပါတယ်။ မော်လမြိုင်မှာ သီးနှံစိုက်ပျိုးမှုရှိနေပေမဲ့ ဒီတစ်ပတ်မှာအဝယ်အေးတယ်လို့ ဆိုပါတယ်။ မြေသြဇာအဝယ် များတဲ့ ချောင်းဆုံဘက်ကလည်း အသုံးနည်းနေ တာကြောင့် အရောင်းအဝယ်အေးတာလို့ ပြောပါတယ်။ အရောင်းအဝယ် အေး တာကြောင့် ဒီတစ်ပတ်မြေသြဇာဈေးက ယခင်ဈေးပဲရှိတယ်လို့သိရပါတယ်။ ပုလဲ အသေး ၄၆% (ရွှေတုံး၊ ရွှေပျား၊ ရွှေတောင်) (တရုတ်) ၂၀၅၀၀ကျပ်၊ ကွန်ပေါင်း (ပန်းရောင်)(ထိုင်း) ၃၀၅၀၀ကျပ်၊ ကွန်ပေါင်း ၁၅း၁၅း၁၅ (ထိုင်း) ၃၄၀၀၀ ကျပ်၊ ကွန်ပေါင်း ၁၆း၁၆း၈ (မြင်းပျံ-ထိုင်း) က ၂၉၅၀၀ ကျပ်၊ တီစူပါ ၄၆% (သံကွင်း-တရုတ်)က ၂၂၅၀၀ ကျပ်၊ တီစူပါ ၁၆% (မြားကမ္ဘာ-တရုတ်) က ၁၁၀၀၀ ကျပ်၊နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ ဈေးကွက်အတွင်းမှ စုံစမ်းရရှိခဲ့ပါတယ်။တောင်ကြီးဈေးကွက်မှာ ပိုးသတ်ဆေးတစ်မျိုးသာ အရောင်းအဝယ်ဖြစ်ပြီး ကျန်မြေသြဇာက အနည်းငယ်သာ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဒီအချိန်က ပဲစင်းငုံနဲ့ ပြောင်းရိတ်သိမ်းချိန်ကြောင့် မြေသြဇာက အသုံးနည်းနေတယ်။ ဒါကြောင့် တောင်ကြီးဘက်အသုံးများတဲ့ တီစူပါက ဈေးကျလာပြီး တခြားမြေသြဇာ က ယခင်ဈေးအတိုင်းပဲရှိတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် တောင်ကြီးမြေသြဇာ ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးများက ယူရီးယား-ပုလဲ(ကမ္ဘာလုံး-ရွှေတောင်)တရုတ်က ၁၈၅၀၀ ကျပ်၊ (ပန်းဖူး-တရုတ်) ၁၉၀၀၀ ကျပ်၊ တီစူပါ ၁၂% (တရုတ်) ၇၅၀၀ ကျပ်၊ တီစူပါ ၁၆% (တရုတ်) ၈၀၀၀ ကျပ်၊ တီစူပါ ၁၅း၁၅း၁၅ (တရုတ်) ၃၄၀၀၀ ကျပ်၊ တီစူပါ ၁၀း၁၀း၅ (တရုတ်) ၁၃၀၀၀ ကျပ်၊ ပိုးသတ်ဆေး ၁၉၀၀ ကျပ်၊ ဓာတ်ဆား(တရုတ်) ၁၃၀၀၀ ကျပ်၊ ပိုတက် (တရုတ်) ၂၃၀၀၀ ကျပ်၊ ယူရီးယား(ယူအေအီး) ၁၈၀၀၀ ကျပ်၊ မြားကမ္ဘာ ၁၃၅၀၀ ကျပ် ဖြစ်တယ်လို့ မြေသြဇာနဲ့ စိုက်ပျိုးရေးပစ္စည်းရောင်းဝယ်ရေးဆိုင်ရှင်ထံမှ စုံစမ်းသိရှိခဲ့ ရပါတယ်။မန္တလေးမြေသြဇာဈေးကွက်မှာ မြေသြဇာကဒီတစ်ပတ်မှာ အရောင်းပါးလာ တယ်လို့ သိရပါတယ်။ အရောင်းပါးပေမဲ့ ယူရီးယား(ရွှေတောင်) နှစ်ရာကျပ် ဈေး မြင့်လာသလို ယူရီးယား(ပန်းဖူး) နှစ်ရာကျပ်ဈေးကျပြီး ကျန်မြေသြဇာက ဈေး မပြောင်းဘဲ ယခင်ဈေးနဲ့ပဲ အရောင်းအဝယ်ဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။ ဒီတစ် ပတ် မန္တလေးစိုက်ပျိုးရေးပွဲရုံတန်းမှာ အရောင်း အဝယ်ဖြစ်တဲ့ မြေသြဇာဈေးက ယူရီးယား(ရွှေတောင်-တရုတ်) ၁၈၆၀၀ ကျပ်၊ ယူရီးယား (ပန်းဖူး-တရုတ်) ၁၈၈၀၀ ကျပ်၊ တီစူပါ (GTSP ၄၆%-တရုတ်) ၁၈၁၀၀ ကျပ်၊ တီစူပါ (GSSP ၁၆%-တရုတ်) ၇၄၀၀ ကျပ်၊ တီစူပါ(GSSP-၁၂%-တရုတ်) ၇၀၀၀ ကျပ်၊ အာမို ၁၅း၁၅း၁၅ (တရုတ်) ၃၅၀၀၀ ကျပ်၊ အာမို ၁၀း၁၀း၅ ၁၂၂၀၀ ကျပ်ဖြစ်တယ်လို့ ပွဲရုံတန်းအတွင်းမှ စုံစမ်း သိရှိရ ပါတယ်။မကွေးဈေးကွက်မှာ မြေသြဇာက အရောင်းအဝယ်ပုံမှန်ရှိတယ်လို့ မြေသြဇာ အရောင်းဆိုင်ရဲ့ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။ ပုံမှန်အရောင်း အဝယ်ရှိပေမဲ့ မြေသြဇာ ဈေးကအနည်းငယ်မြင့်လာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မန္တလေးမှ ကားခဈေးအနည်းငယ်မြင့်တာကြောင့် ဒီလိုဈေးမြင့်တာ၊ ဈေးမြင့်တာကလည်း ယူရီး ယားနဲ့ အောင်ကမ္ဘာပဲ မြင့်တာပါ။ တစ်အိတ်ကို ငါးရာဝန်းကျင်ပဲ တက်တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာရောင်းတဲ့ဈေးက တရုတ်နိုင်ငံဘက်မှဝင်တဲ့ မြားကမ္ဘာ ၁၃၃၀၀ ကျပ်၊ ယူရီးယား -ပုလဲ(ပန်းဖူး) ၂၀၀၀၀ ကျပ်၊ ယူရီးယား(ရွှေတောင်) ၁၉၅၀၀ကျပ်၊ တီစူပါ(မြားနီ)က ၁၉၂၀၀ ကျပ်၊ အောင်ကမ္ဘာ ၁၀း၁၀း၅ က ၁၇၃၀၀ ကျပ်၊ပိုတက်က ၂၄၅၀၀ ကျပ်၊ အာမို ၁၀း၁၀း၅က ၁၅၀၀၀ ကျပ်၊ ဆင် ၁၀း၁၀း၅က ၁၃၅၀၀ ကျပ် ဈေးရှိတယ်လို့ သိရပါတယ်။ MIRT (DOT)
