ရေလမ်းမှ ဘိလပ်မြေအဝင်နည်းပြည်တွင်းကို ပင်လယ်ရေကြောင်းလမ်းမှ ထိုင်း၊ ဗီယက်နမ်၊ တရုတ်၊ စင်ကာပူ၊ မလေးရှား၊ အိန္ဒိယ၊ အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံမှ ထုတ်လုပ်တဲ့ ဘိလပ် မြေများကို ၂၀၁၂-၁၃ ဘဏ္ဍာနှစ်အတွင်းမှာ တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ တစ်ပတ်ကို ပျမ်းမျှဘိလပ်မြေတန်ချိန် သုံးသောင်းကျော်တင်သွင်းနိုင်ခဲ့ပေမယ့် ယခု သီတင်းတစ်ပတ်ဖြစ်တဲ့ ဇန်နဝါရီ ၆ ရက်မှ ၁၂ ရက်အတွင်းမှာ ၁၆၁ တန်သာတင် သွင်းခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ ထိုင်းနဲ့ စင်ကာပူနိုင်ငံတို့မှ ဘိလပ်မြေ များသာ အဝင်ရှိခဲ့တယ်လို့ သိရပါတယ်။ MIRT (DOT)
အရောင်းအဝယ်သွက်လာတဲ့ ဘိလပ်မြေဈေး ယခုသီတင်းတစ်ပတ်တွင် ပြည်တွင်းမြို့ကြီးများဖြစ်တဲ့ ရန်ကုန်၊ မန္တလေးနဲ့ ပဲခူး ၊ မြို့များတွင် ဘိလပ်မြေအရောင်းသွက်နေပြီးတောင်ကြီး မော်လမြိုင်၊ မကွေး မြို့များမှာ အရောင်းအဝယ်ေ အးတယ်လို့ ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရပါတယ်။ ဒီတစ်ပတ်ပဲခူး နဲ့ မကွေးမြို့မှာဘိလပ်မြေဈေးကျပြီးရန်ကုန် ၊ မန္တလေး၊ မော်လမြိုင်၊ ဘက်မှာဈေးအနည်းငယ်မြင့်ပြီးတောင်ကြီးမှာတော့ ဈေးက ငြိမ်နေတယ်လို့ သိရပါ တယ်။ ရန်ကုန်ဈေးကွက်မှာ ဘိလပ်မြေက အရောင်းအဝယ်သွက်နေတယ်။ ဈေး ကွက်ထဲ စိန်တံဆိပ်ကို အသုံးများတာကြောင့် စိန်ကနှစ်ရာဝန်းကျင် ဈေးမြင့်လာပါ တယ်။ ဆင်တံဆိပ်နဲ့ ကျန်ဘိလပ်မြေက အရောင်းအ၀ ယ်ရှိနေပေမဲ့ ဈေးအတက်အ ကျက ငါးဆယ် တစ်ရာဝန်းကျင်မှာပဲရှိတယ်လို့ ပြောပါတယ်။ ပွင့်လင်းရာသီကြောင့် လည်း ရောင်းအားကကောင်းတယ်။ ရောင်းအားရှိပေမဲ့လည်း ဘိလပ်မြေဈေး တစ်ရာ နှစ်ရာ ဝန်းကျင်မှာပဲ အတက်အကျရှိနေတာလို့ ပြောပါတယ်။ ဒီတစ်ပတ် ဘုရင့်နောင်ပွဲရုံအတွင်း အရောင်းအဝယ်ဖြစ်နေတဲ့ဈေးက ဆင်ဘိလပ်မြေ တစ် အိတ် ၄၇၀၀ ကျပ်၊ စိန်ဘိလပ်မြေ ၄၆၀၀ ကျပ်နဲ့ မောင်းတိန်း ၄၄၀၀ ကျပ်၊ ကျောက်ဆူး ၄၄၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ ဘိလပ်မြေရောင်းဝယ်သူ တစ်ဦးမှ ပြော ကြားခဲ့ပါတယ်။ မန္တလေးဘိလပ်မြေဈေးကွက်မှာ ဘိလပ်မြေက အရောင်းအဝယ်ကောင်း တယ်။ ဈေးကွက်ထဲ ဘိလပ်မြေက ဆက်တိုက်ဝင်လာပေမဲ့ အသုံးများနေတာ ကြောင့် ဒီတစ်ပတ်မှာ ဘိလပ်မြေဈေးကမြင့်လာပါတယ်။ ထိုင်းပစ ္စည်းဖြစ်တဲ့ ဆင်နဲ့ စိန်က တစ်ရာကျပ်ဈေးမြင့်ပြီး မြန်မာ့ဆင်နဲ့ ကျားခေါင်းက သုံးရာဝန်းကျင် ဈေးမြင့်ပြီးအရောင်း အဝယ်ဖြစ်တယ်လို့ သိရပါတယ်။အေသုံးလုံးကစက်ရုံ ချဈေး မြင့်တာကြောင့် ဈေးမြင့်လာတယ် လို့ဆိုပါတယ်။ ဒီတစ်ပတ် အရောင်းအဝယ်ဖြစ် နေတဲ့ ဘိလပ်မြေဈေးနှုန်းတွေက အေသုံးလုံး ၅၆၀၀ ကျပ်၊ မြန်မာ ဆင် ၅၂၀၀ ကျပ်၊ ဆင်(ထိုင်း) ဘိလပ်မြေ ၅၉၀၀ ကျပ်၊ စိန်(ထိုင်း) က ၅၉၀၀ ကျပ်၊ ဆင်မင်း (ကျောက်ဆည်)က ၅၁၀၀ ကျပ်၊ ကျားခေါင်း ၅၃၀၀ ကျပ်နဲ့ မြင်းခေါင်း ၄၈၀၀ ကျပ်တို့နဲ့ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်တယ်လို့ မန္တလေး ဘုရားကြီး နားမှာရှိတဲ့ ဘိလပ်မြေအရောင်းဆိုင်မှ စုံစမ်းသိရပါတယ်။ပဲခူးဈေးကွက်မှာ ဘိလပ်မြေက အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဈေးကွက်ထဲပစ္စည်းအဝင်ရှိတာကြောင့် ဘိလပ်မြေဈေးကနည်းနည်းကျလာတယ်၊ ပစ္စည်းဝင်တာများရင်တစ်ဆိုင်နဲ့ တစ်ဆိုင် အပြိုင်အဆိုင်ရောင်းရ တာကြောင့် ဈေးက တင်ရောင်းနေလို့ မရဘူး။ဒီတစ်ပတ် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးက ဆင်(ထိုင်း)နဲ့ စိန်(ထိုင်း)က ၅၂၀၀ ကျပ်၊ ကြံ့(မြိုင်ကလေး) ၄၃၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ ဘိလပ်မြေအရောင်းဆိုင်ဝန်ထမ်းတစ်ဦးမှ ပြောပြ ခဲ့ပါတယ်။ MIRT (DOT)
