မုံရွာကုန်စည်ဒိုင် ဇန်နဝါရီ တတိယပတ် ဆီထွက်သီးနှံဈေးကွက် ဟာ နယ်ပစ္စည်းအဝင် လျော့လာ တာနဲ့အမျှ ဝယ်လက်ဖွင့် ဈေးအသီး သီးနဲ့ ဆက်လက်ပြီး တက်ဈေးဖြစ် ပေါ်နေတာ တွေ့ရပါတယ်။ နှမ်းဖြူ ဈေးကွက်အနေနဲ့ တရုတ်ဝယ်လက် တွေ ပစ္စည်းအရည်အသွေးပေါ် မူ တည်ကာ အဖြူသန့် တစ်တင်း၊ ထိပ်စ ၃၈၀၀၀ ကျပ်ထိ ဈေးဖွင့် ဝယ်ယူခဲ့ပြီး၊ အနိမ့်ဆုံးတစ်တင်း ၃၆၀၀၀ ကျပ်ထိ ဈေးရခဲ့တာတွေ့ရ ပါတယ်။ တစ်ပတ်အတွင်း အရောင်း အဝယ် အားဖြင့် အိတ် ၂၅၀၀ ခန့်ရှိ တယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။ တရုတ်ဝယ်လက်ရှိ တဲ့ နှမ်းနက်က တော့ ဈေးကွက်ထဲ အဝင်လျော့ခဲ့ ကာ တစ်တင်း ၃၈၀၀၀ ကျပ်ဈေးနဲ့ တရက်ပျမ်းမျှအိတ် ၂၀၀ ခန့် ပုံမှန် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရ ပါတယ်။
ယခုနှစ်မှာ နှမ်းအများစု ပုံမှန် ထက် အထွက်လျော့ခဲ့ပြီး၊ မုံရွာကုန် စည်ဒိုင် ဈေးကွက်ထဲ ပစ္စည်းဝင် ရောက်မှုနည်းခဲ့လို့ ဒေသခံစက် သမားတွေ နယ်လက်နဲ့ အပြိုင်ဝယ် လိုအားသာခဲ့တဲ့အတွက် ယခုတစ် ပတ်မှာ နှမ်းဝါ၊ နှမ်းနီနဲ့ နှမ်းညိုတွေ တက်ဈေးအသီးသီးဖြစ်ခဲ့တာ တွေ့ရ ပါတယ်။ နှမ်းနီအနေနဲ့ ပစ္စည်းရှားလို့ နေ့စဉ်ဒိုင်ဈေး မဖွင့်နိုင်ဘဲ ယခု တစ် ပတ်မှာ တစ်တင်း ၃၆၂၀၀ ကျပ်နဲ့ အမြင့်ဆုံးဈေးပေါက်ခဲ့ကာ နှမ်းဝါ လည်း တစ်တင်း ၃၄၅၀၀ ကျပ်ထိ ဈေးမြောက်ခဲ့ပြီး၊တစ်ရက်အများဆုံး အိတ် ၃၀၀ ခန့်အရောင်းအဝယ်ဖြစ် ခဲ့တယ်လို့ ဆိုပါတယ်။ နှမ်းညိုက တော့စက်သမားအဝယ်အားကောင်း နေဆဲ ဖြစ်ပြီး၊ တစ်တင်း အမြင့်ဆုံး ၃၃၀၀၀ ကျပ်ဈေးသာရခဲ့ကာ တစ် ရက်အိတ် ၂၀၀ ဝန်းကျင် အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ ပွဲရုံရပ်ကွက်က သိရပါတယ်။ ယခုတစ်ပတ် မြေပဲဈေးကွက် မှာတော့ မြေပဲလုံးဆန်ကို တရုတ် လက်ဝယ်လိုအား ကောင်းနေသလို ဒေသရှိ ဆားလှော်သမားတွေ ဆွဲနေ လို့ ယခုပတ်မှာ တစ်တင်း ၃၄၅၀၀ ကျပ်ထိ အမြင့်ဈေးပေါက်ခဲ့ပါတယ်။ အရောင်း အဝယ်အနေနဲ့ ကုန်စည် ဒိုင်ကို တင်ရောင်းမှုက အားနည်းခဲ့ ပြီး၊ ပွဲရုံတွေနဲ့ တိုက်ရိုက်ချိတ်ဆက် ကာ ဆားလှော်သမားတွေ ဝယ် အားကောင်းခဲ့တယ်လို့ ဈေးကွက်က ဆိုပါတယ်။ ယခုလို ဆီထွက်သီးနှံတွေ ဝယ် လိုအားကောင်းပြီး၊ ဈေးမာလာတာ နဲ့အမျှ ယခုတစ်ပတ် မုံရွာကုန်စည် ဒိုင် စားသုံးဆီဈေးကွက်ဟာလည်း ကျွဲကူးရေပါ ဈေးမြောက်လာခဲ့တာ တွေ့ရပါတယ်။ စားအုန်းဆီဈေး အနေနဲ့ တစ်ပိဿာ ၁၅၁၀ ကျပ်မှာ တန့်နေခဲ့သော်လည်း၊ ပဲဆီမှာ ယခင် အပတ်ကထက် တစ်ပိဿာ ၂၀၀ ကျပ်တက်ခဲ့ကာ ယခုတစ်ပိဿာ ၃၇၀၀ ကျပ်နဲ့လည်းကောင်း၊ နှမ်း ဆီမှာ ယခင် တစ်ပတ်ကထက် တစ်ပိဿာ ၃၅၀ ကျပ်ထိ တက်ခဲ့ ကာ ယခုတစ်ပိဿာ ၃၈၅၀ ကျပ်နဲ့ လည်းကောင်း အသီးသီးတက်ဈေး ဖြစ်ပေါ်ခဲ့တာတွေ့ရပါတယ်။ထွန်းလှိုင် - မုံရွာ