Main menu

Background

ပြည်ကုန်စည်ဒိုင်မှာ ယခင်နှစ်နဲ့ ယခုနှစ်အရောင်းအဝယ်ဖြစ်ခဲ့တဲ့ ဆီထွက်သီးနှံဈေး

Mon, 01/21/2013 - 05:35 -- ydnar

ပြည်ကုန်စည်ဒိုင်ရဲ့ ယခင်နှစ်နဲ့ ယခုနှစ် ဆီထွက်သီးနှံဈေးနှုန်း နှိုင်းယှဉ်ကြည့် မယ်ဆိုရင် ယခင်နှစ် ဇန်နဝါရီ ဒုတိယပတ်မှာ နှမ်းနက်တစ်တင်းကို ၂၃၃၀၀ ကျပ်၊ နှမ်းနီတစ်တင်းကို ၁၉၇၀၀ ကျပ်ရှိခဲ့ပြီး၊ ယခုနှစ် ဇန်နဝါရီလ ဒုတိယပတ်မှာ နှမ်းနက် တစ်တင်းကို ၃၆၆၀၀ ကျပ်၊ နှမ်းနီ တစ်တင်းကို ၃၁၀၀၀ ကျပ်ဈေးဖြစ်တာကြောင့် ယခင်နှစ် ထက်စာရင် ယခုနှစ်ဈေးပိုလာတာတွေ့ရပါတယ်။ ဆောင်းနှမ်း စိုက် ဧကမှာလည်း ယခင်နှစ်မှာ ၂၁၆၁၅ ဧက စိုက်ပျိုးခဲ့ပြီး၊ ယခုနှစ်မှာ ၃၉၅၀၁ ဧက စိုက်ပျိုးသဖြင့် မနှစ်ကထက် ပိုမိုစိုက်ပျိုးလာတာ တွေ့ရပါတယ်။

မြေပဲဆန်ဈေးမှာ ယခင်နှစ်ဇန်နဝါရီ ဒုတိယပတ်မှာ ဆီဆန်တစ်ပိဿာ ၁၈၀၀ ကျပ်နဲ့ လုံးဆန်တစ်ပိဿာ ၂၀၀၀ ကျပ်ဈေးရှိခဲ့ပြီး၊ ယခုနှစ် ဇန်နဝါရီလ ဒုတိယ ပတ်မှာ ဆီဆန်တစ်ပိဿာကို ၂၀၀၀ ကျပ်နဲ့ လုံးဆန်တစ်ပိဿာ  ၂၂၀၀ ကျပ်ဈေးနဲ့ ယခုနှစ်မှာ ဈေးပိုလာတာတွေ့ရပါတယ်။ ယခုအချိန်မှာ ပြည်ဈေးကွက်ကို မြန်အောင်၊ ကြံခင်း၊ သာယာဝတီနဲ့ ကြို့ပင်ကောက်ဘက်မှ တစ်နေ့ကို နှမ်းအိတ် ၁၅၀၀ ခန့် ဝင်ရောက်လာပါတယ်။ နှမ်းနက်ကို တရုတ်ပြည်မှ အဝယ်ရှိသဖြင့် တစ်နေ့ကို နှမ်းအိတ် ၁၀၀၀ ခန့် အရောင်းအဝယ်ဖြစ်သလို နှမ်းနီကို ပြည်ဆီစက်နဲ့ ရန်ကုန်ဆီစက်က အဝယ်ရှိသဖြင့် တစ်နေ့ကို နှမ်းအိတ် ၇၀၀ ခန့် အရောင်းအဝယ်ဖြစ်ပါတယ်။ နှမ်းဈေးမှာ ယခုအချိန် နှမ်းနီတစ်တင်းကို ၃၁၀၆၀ ကျပ်နဲ့ နှမ်းနက် တစ်တင်း ၃၅၆၆၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်နေပါတယ်။ မြေပဲဆန်ကို အောင်လံ၊ ကံမနဲ့ ပေါက်ခေါင်းဘက်မှ တစ်နေ့ကို မြေပဲဆန် အိတ် ၂၀၀၀ ခန့် အဝင်ရှိနေသလို ဒေသတွင်းဆီစက်နဲ့ ရန်ကုန်ဆီစက်များက အဝယ်ရှိနေပါတယ်။ မြေပဲဆီဆန်တစ်ပိဿာကို ၁၇၅၀ ကျပ်နဲ့ လုံးဆန် တစ် ပိဿာကို ၂၁၅၀ ကျပ်ဈေးဖြင့် တစ်နေ့ကို မြေပဲဆန်အိတ် ၂၀၀၀ ခန့် အရောင်း အဝယ် ဖြစ်နေပါတယ်။ အဲဒါကြောင့် ပြည်ကုန်စည်ဒိုင်မှာ ဆီထွက်သီးနှံဈေးမှာ ယခင်နှစ်ထက်စာရင် ဈေးပိုလာသလို အရောင်းအဝယ်မှာလည်း ပစ္စည်းပေါ်မူတည်ပြီး အရောင်းအဝယ် ဖြစ်တာတွေ့ရပါတယ်။        ဝေေ၀မင်း - ပြည်