Main menu

Background

ပို့ကုန်ခွန်ပြောင်းလဲမှုကို အင်ဒိုနီးရှားနိုင်ငံက ထုတ်ပြန်

Mon, 01/21/2013 - 05:36 -- ydnar

ပြိုင်ဖက်ဖြစ်တဲ့ မလေးရှားနိုင်ငံက စားအုန်းဆီကြမ်းပို့ကုန်ခွန်ကို သုည ရာခိုင် နှုန်းခန့် ပြောင်းလဲခဲ့သကဲ့သို့ စားသုံးဆီအတွက် ပို့ကုန်ခွန်ကို ကမ္ဘာတွင် စားအုန်းဆီ အများဆုံးထုတ်လုပ်သော အင်ဒိုနီးရှားနိုင်ငံ က ပြောင်းလဲမည်မဟုတ်ကြောင်း ကုန် သွယ်ရေးဝန်ကြီးက ဇန်နဝါရီ ၁၆ ရက်က ပြောကြားပါတယ်။

" မလေးရှားနိုင်ငံက စားအုန်းဆီကြမ်းပို့ကုန်ခွန်ကို သုည ရာခိုင်နှုန်းကို ပြောင်း လဲခဲ့ပါတယ်။ ဒါပေမဲ့ အင်ဒိုနီးရှားအစိုးရကတော့ စားအုန်းဆီပို့ကုန်ခွန်ကို ပြောင်းလဲ မှာမဟုတ်ပါဘူး"လို့ ကုန်သွယ်ရေးဝန်ကြီး ဂီတာဝီဂျာဝန်က ပြောပါတယ်။ " စားအုန်းဆီထုတ်လုပ်ရောင်းချရေးကို မြှင့်တင်နိုင်အောင် ချမှတ်ထားတဲ့ ကျွန်တော်တို့ရဲ့ မူဝါဒနဲ့အညီ တစ်ပြေးညီဖြစ်အောင် စားအုန်းဆီပို့ကုန်ခွန် အစီအစဉ် ကို ကျွန်တော်တို့ ချမှတ်ထားပါတယ်။ မလေးရှားအစိုးရက စားအုန်းဆီပို့ကုန်ခွန်ကို သုည ရာခိုင်နှုန်းအထိ လျှော့ချထားပေမဲ့ ကျွန်တော်တို့က ပြင်ဆင်မှာမဟုတ်ပါဘူး" လို့ သူကပြောပါတယ်။ ကမ္ဘာမှာ စားအုန်းဆီ ဒုတိယအများဆုံးထုတ်လုပ်တဲ့ မလေးရှားနိုင်ငံက ဇန်နဝါ ရီနဲ့ ဖေဖော်ဝါရီလအတွက် သုည ရာခိုင်နှုန်း သတ်မှတ်ထားပါတယ်။ စားအုန်းဆီ ပို့ကုန်ခွန်ကို ယခင်က ၂၃ ရာခိုင်နှုန်းသတ်မှတ်ထားရာကနေ လအလိုက် အခြေခံ တွက်ချက်ပြီး ပြောင်းလဲသွားမယ်လို့ ယခင်နှစ်ကမလေးရှားနိုင်ငံက ကြေညာထား ပါတယ်။ မလေးရှားနိုင်ငံက အခွန်ပြောင်းလဲမှုတွေ ပြုလုပ်တာဟာ အင်ဒိုနီးရှားထံမှ စားအုန်းဆီဈေးကွက်ဝေစုကို ဖဲ့ယူဖို့ ဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံက စားအုန်းဆီ ပြုပြင်ထုတ်လုပ်ရောင်းချမှုကို မြှင့်တင်ဖို့ ဆောင်ရွက်တဲ့အနေနဲ့ သန့်စင်ပြီး စား အုန်းဆီတင်ပို့ခွန်ကို ၂၀၁၁ ခုနှစ်က လျှော့ချပေးခဲ့ပါတယ်။ မလေးရှားက ပြိုင်ဖက် တွေနဲ့ ယှဉ်နိုင်ဖို့အတွက် စားအုန်းဆီတင်ပို့ခွန်ကို လျှော့ချပေးဖို့ အင်ဒိုနီးရှားစား အုန်းဆီအသင်း (GAPKI ) ကအကြိမ်ကြိမ်တိုက်တွန်းခဲ့ပါတယ်။ ဒါပေမဲ့ စားအုန်းဆီ ပြုပြင် ထုတ်လုပ်မှုနဲ့ ရောင်းချမှုဘက်ကကြည့်ရင် သူတို့ကို ရှေ့နောက်ညီညွတ်မှုရှိ အောင် ထိန်းသိမ်းနိုင်ဖို့အတွက် မူလအတိုင်း ဆက်လက်ထိန်းသိမ်းရန်ဆန္ဒရှိကြောင်း၊ အင်ဒိုနီးရှား ဟင်းရွက်ဆီအသင်းက ပြောပါတယ်။ အင်ဒိုနီးရှားနိုင်ငံက စားအုန်းဆီ တင်ပို့ခွန်ကို ဒီဇင်ဘာလက ၉ ရာခိုင်နှုန်းကောက်ခံရာမှ ဇန်နဝါရီမှာ ၇ ဒသမ ၅ ရာခိုင်နှုန်းသတ်မှတ်ခဲ့ပါတယ်။UNT