ပခုက္ကူဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီ၊ ပဲတီစိမ်းနဲ့ နှမ်းနက် ပုံမှန်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပဲစင်းငုံနီ(ဟောင်း) က ရောင်းလက်တွေဆီမှာ ပစ္စည်းလက်ကျန်အထိုက်အလျှောက် ရှိ နေပေမယ့် ဝယ်လက်တွေက ဈေးကွက်ထဲဝင်ရောက်လာတဲ့ ပဲစင်းငုံ နီ(သစ်)ကိုသာ အဆွဲများခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ် မှုက ပဲစင်းငုံနီ(သစ်)တစ်ပိဿာ ၈၄၅ ကျပ်(တစ်တန်ကို ၅၁၇၄၆၉ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၁၀၀ မှ ၁၅၀ ကြားသာဖြစ်ခဲ့တယ်လို့ သိရတယ်။ ပဲတီစိမ်းကိုတော့ ရန်ကုန်-မန္တလေးဝယ်လက် ဝယ်အား မှန်မှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၁၁၇၅ ကျပ်(တစ်တန်ကို ၇၁၉၅၅၈ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၁၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် နှမ်းနက်ကိုလည်း ဝယ်လက်တွေက ဝယ်အားခပ်ပါးပါးရှိခဲ့တယ်လို့ ဆိုပါတယ်။ အ ရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၂၅၃၀ ကျပ်ဈေးနဲ့ နေ့စဉ်အိတ် ၅၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
Background