မြင်းခြံဈေးကွက်မှာ ပဲစင်းငုံနီ(သစ်)က ဈေးကွက်သို့ ဝင် ရောက်မှုပုံမှန်ရှိပေမယ့် ရန်ကုန်ဝယ်လက်နဲ့ သိုလှောင်မည့် ကုန်သည် တစ်ချို့ က ဈေးချအဝယ်ရှိနေတဲ့အပေါ် ရောင်းလက်တွေက ဈေး ကွက်မျှော်လင့်ချက်နဲ့ အရောင်းထိန်း ထားတာကြောင့် ဈေးသာရှိပြီး အရောင်းအဝယ်မဖြစ်ခဲ့ကြောင်း သိရပါတယ်။ စီပီပြောင်းကိုတော့ ရန်ကုန်ဝယ်လက်က ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်း အဝယ်ဖြစ်မှုက တစ်ပိဿာ ၃၄၅ ကျပ်ဈေးနဲ့ နေ့စဉ်အိတ် ၂၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
Background