Main menu

Background

ကုန်စည်ဒိုင်အသီးသီး၏ လက်ရှိအရောင်းအဝယ်ဖြစ်နေသော ဈေးနှုန်းများနှင့် ဈေးကွက်အခြေအနေ (၁၈-၁-၂၀၁၃)

Mon, 01/21/2013 - 05:57 -- ydnar

*    မတ်ပဲကို အိန္ဒိယအဆွဲနည်းပေမယ့် ပဲခွဲစက်နဲ့ လှောင်လက်ကုန်သည်များ ဝယ်အားက ပုံမှန်ရှိနေ *    ပဲစင်းငုံနီ(သစ်)တွေ နယ်ဈေးကွက်အသီးသီးမှာ ဝင်ရောက်မှုတိုးလာပေမယ့် ပြည်ပအဆွဲ အေးနေဆဲ *    ပဲတီစိမ်းကို တရုတ်နဲ့ ရန်ကုန်ဝယ်လက်က အရည်အသွေးပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိသလို ဝယ်အားပါ များလာ *    ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲ(ထိုင်ဝမ်) က ရောင်းလက်တွေထံမှာ ပစ္စည်းလက်ကျန်နည်းနေပေမယ့်ရန်ကုန်နဲ့ခွဲစက်တွေက ဝယ်အားပုံမှန်ရှိနေ *    ပြောင်းကို တရုတ်ဝယ်လက်က တရုတ်နှစ်ကူးမတိုင်မီ ကြိုတင်ဝယ်ယူမှုတွေရှိလို့ အရောင်းအဝယ်ဖြစ်မှုများလာ *    နှမ်းမျိုးစုံကို တရုတ်ဝယ်လက်၊ ရန်ကုန်ဝယ်လက်နဲ့ ပြည်တွင်းဆီစက်များက ဝယ်လိုအားမြင့်လာသလို ဈေးမြောက်