အောင်လံဈေးကွက်မှာ ဒီတစ်ပတ် သိပ္ပံနှမ်းကို ရန်ကုန်အဆွဲ သွက်လာတာကြောင့် ယခင်အပတ်နဲ့စာ ရင် ဈေးမြင့်လာပြီး တစ်ပိ ဿာ ၂၈၉၀ ကျပ်ဈေးနဲ့ တစ်ရက်ကိုအိတ် ၁၀၀၀ ခန့်အရောင်းအ ဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲတီစိမ်းပစ္စည်းလက်ကျန်နည်းနေ ပေမယ့် ရန်ကုန်ဝယ်လက်က ဈေးပေးအဝယ်ရှိသလို ဝယ်အားပါများ လာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာ ကို ၁၁၇၅ ကျပ်(တစ်တန်ကို ၇၁၉၅၅၈ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၅၀၀ မှ ၈၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ဈေးကွက်ထဲအ ဝင်လှိုင်နေတဲ့ ပဲစင်းငုံနီ(သစ်)ကို ဝယ်လက် တွေက ဈေးလျော့အဝယ်ရှိပေမယ့် အရောင်းအဝယ်ကတော့ ပုံမှန် ဖြစ်ခဲ့ကြောင်း ပွဲရုံရပ်ကွက်ကဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၈၄၀ ကျပ်(တစ်တန်ကို ၅၁၄၄၀၇ ကျပ်)ဈေးနဲ့ တစ်ရက် ကိုအိတ် ၁၀၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
Background