Main menu

Background

တောင်ကြီးဈေးကွက်မှာ ပြောင်းဈေးတန့်ပြီး ပန်းနှမ်းဈေးမြင့်

Mon, 01/21/2013 - 05:59 -- ydnar

တောင်ကြီးဈေးကွက်မှာ ပြောင်းက ဈေးကွက်သို့ အဝင်ပုံမှန် ရှိသလို ရန်ကုန်-မန္တလေးဝယ်လက် နဲ့ ဒေသတွင်းအစာစပ်လုပ်ငန်းရှင် များကလည်း ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ် ဖြစ်မှုက တစ်ပိဿာ ၃၂၂ ကျပ်ဈေးနဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၃၀၀၀၀၀ ခန့်ဖြစ်ခဲ့တယ် လို့ ဒေသခံပြောင်း ကုန်သည်တစ်ဦးကဆိုပါ တယ်။ ဒေသထွက် ပန်းနှမ်းတွေကဈေးကွက်ထဲ အဝင်လှိုင်လာသလို ဒေသတွင်း ဆီစက်တွေကလည်း ဝယ်လိုအားမြင့်လာတာကြောင့် တစ်ပတ်အတွင်း ပိဿာချိန် ၃၉၀၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ် လို့ သိရပါတယ်။